မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များ

From Wikipedia, the free encyclopedia

Remove ads
Remove ads

မြန်မာနိုင်ငံတွင် စစ်ဖက်ဆိုင်ရာ ရာထူးအဆင့်၊ အဆောင်အယောင်များကို တပ်မတော်၊ ၎င်း၏အရန်တပ်ဖွဲ့များ၊ အစိုးရဌာနအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းအချို့က အသုံးပြုကြသည်။

အစိုးရဝန်ထမ်းအားလုံးကို " နိုင်ငံ့ဝန်ထမ်း "ဟုခေါ်သည်။ ၎င်းတို့၏ အဆင့်များနှင့် ခန့်အပ်မှုများကို အမျိုးအစား နှစ်မျိုးဖြင့် အုပ်စုဖွဲ့ထားသည်-

  1. အရာထမ်း သို့မဟုတ် ပြန်တမ်းဝင်အရာရှိ - ရာထူးတိုးခြင်းနှင့် ခန့်အပ်ခြင်းတို့ကို မြန်မာနိုင်ငံပြန်တမ်းတွင် မှတ်တမ်းတင်ထားသည်။
  2. အမှုထမ်း/အခြားအဆင့် - ပြန်တမ်းဝင်အရာရှိများအောက် ရာထူး။[]

တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် အရပ်ဘက်ဝန်ထမ်းများတွင် ပါဝင်သော်လည်း ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု သဘောသဘာဝကြောင့် ဝန်ထမ်းများ၏ စည်းမျဉ်းစည်းကမ်းများသည် ၎င်းတို့နှင့်သက်ဆိုင်ခြင်းမရှိပေ။

မြန်မာ့တပ်မတော်၏ ရာထူးအဆင့်အဆောင်အယောင်သည် မြန်မာနိုင်ငံရှိ အခြားအဆင့်အဆောင်အယောင်အားလုံးအတွက် အခြေခံပုံစံဖြစ်သည်။

  • အချို့သောဌာန/အဖွဲ့အစည်းများသည် တူညီသောအဆောင်အယောင်များကို အရောင်အမျိုးမျိုးဖြင့် အသုံးပြုကြသည် (ဥပမာ- မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရာထူးအဆောင်အယောင် )။ []
  • အချို့က ပုံစံတူသော်လည်း တပ်မတော်ကြယ်ပွင့်များအစား အဖွဲ့အစည်း၏ သင်္ကေတကို အသုံးပြုကြသည် (ဥပမာ- မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အဆင့်အဆောင်အယောင်)။
  • တပ်မတော်နှင့်တူသော ယူနီဖောင်းစနစ်ကို အသုံးမပြုသော ဌာနများသည် ရာထူးအဆောင်အယောင်များကို ရင်ထိုးတံဆိပ်အနေဖြင့် အသုံးပြုသည် (ဥပမာ- အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရာထူးအဆင့် အဆောင်အယောင် )။ []
Remove ads

မြန်မာ့တပ်မတော်

အခြားနိုင်ငံများ၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် မတူဘဲ တပ်မတော်၏ နယ်ပယ် သုံးရပ်ဖြစ်သည့် တပ်မတော် (ကြည်း)တပ်မတော် (ရေ) နှင့် တပ်မတော် (လေ) တို့သည် တူညီသော ရာထူးအဆင့်နှင့် အဆောင်အယောင်နှင့် ရာထူးဘွဲ့အမည်ကို မြန်မာဘာသာဖြင့် တပြေးညီ အသုံးပြုသည်။ သို့သော် တပ်အလိုက် အင်္ဂလိပ်ဘာသာပြန် ခေါင်းစဉ်များ ကွဲပြားသည်။ ဥပမာအားဖြင့် မြန်မာဘာသာတွင် ကြယ်သုံးပွင့် ဗိုလ်ချုပ် အဆင့်သည် ဗိုလ်ချုပ် ဖြစ်သည်။ သို့သော် အင်္ဂလိပ်ဘာသာပြန်ဆိုပါက ၎င်းသည် တပ်မတော် (ကြည်း)နှင့် လေတပ် အတွက် "Major General" ဖြစ်ပြီး ရေတပ်အတွက်မူ "Rear Admiral" ဖြစ်သည်။

အရာထမ်းများ

မြန်မာ့တပ်မတော်တွင် တပ်မတော်တက္ကသိုလ်များ ( [[စစ်တက္ကသိုလ် (ပြင်ဦးလွင် )|DSA]], DSMA, DSTA, စသည်) မှ ဘွဲ့ရဗိုလ်လောင်းများနှင့် အရာရှိလေ့ကျင့်ရေးကျောင်း (OTS) များမှ ကျောင်းဆင်းသူများကို ဒုတိယဗိုလ်အဆင့်ဖြင့် ပြန်တမ်းဝင်အရာရှိများအဖြစ် တိုက်ရိုက်ခန့်အပ်သည်။ []

တပ်မတော်ရှိ ထူးခြားသော ရာထူးအဆင့်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး (Vice senior general) ဖြစ်ပြီး ယင်းသည် ကြယ်ငါးပွင့်အဆင့် ဗိုလ်ချုပ်မှူးကြီး နှင့် ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး အကြား အဆင့်ဖြစ်သည်။ ယင်းသည်လည်း ကြယ်လေးပွင့်အဆင့်ပင်ဖြစ်သော်လည်း ဗိုလ်ချုပ်ကြီး ထက် မြင့်မားသည်။

နောက်ထပ် အချက်အလက်များ အဆင့် အုပ်စု, ခေါင်းဆောင်ပိုင်း/ထိပ်တန်း အရာရှိကြီးများ ...


ဗိုလ်ချုပ် / ထိပ်တန်း ရာထူးအဆင့် အရာရှိကြီးများ၏ အထူးအဆောင်အယောင်များ

ရာထူး အဆင့်အလိုက် ပုံမှန် အဆောင်အယောင်များအပြင်၊ ဗိုလ်မှူးချုပ် အဆင့်နှင့်အထက် အရာရှိကြီးများသာ တပ်ဆင်/ အသုံးပြုရသော အထူး အဆောင်အယောင်များလည်းရှိသည်။

နောက်ထပ် အချက်အလက်များ မြန်မာအခေါ်အဝေါ်, ဗိုလ်ချုပ်မှူးကြီး ...

အမှုထမ်းများ

မြန်မာ့တပ်မတော်တွင် အဆောင်အယောင်ရှိထားသော အရာထမ်းများကို အများအားဖြင့် ဆရာ ဟု စာရင်းဝင် အမှုထမ်းများနှင့် အရာရှိများက ခေါ်ဆိုကြသည်။ ဥပမာအားဖြင့် အရာခံဗိုလ်များနှင့် ဦးစီးအရာရှိများကို "ဗိုလ်လေး" ဟု ခေါ်ကြပြီး တပ်ကြပ်ကြီး အား "ဆရာကြီး" ဟု ခေါ်ကြသည်။ မြန်မာ့တပ်မတော်အတွင်း အဆောင်အယောင်များ ဝတ်ဆင်ထားသော အရာထမ်းများသည် များသောအားဖြင့် စစ်မြေပြင်တွင် အတွေ့အကြုံ ရင့်ကျက်သော စစ်မှုထမ်းဟောင်းများ ဖြစ်ကြသောကြောင့် အရာရှိများနှင့် စစ်သည်များသည် ၎င်းတို့အား "ဆရာ" ဟု ခေါ်ဆိုကြပြီး ချစ်ခင်ရိုသေကြသည်။[ကိုးကားချက်လိုသည်]


နောက်ထပ် အချက်အလက်များ အဆင့်အုပ်စု, ရာထူးတံဆိပ်ရှိ အမှုထမ်းများ ...
Remove ads

မြန်မာနိုင်ငံရဲတပ်ဖွဲ့

မြန်မာနိုင်ငံရဲတပ်ဖွဲ့ သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အုပ်ချုပ်မှုအောက်ရှိ ဝန်ကြီးဌာနများထဲမှ တစ်ခုဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ လက်နက်ကိုင်ဌာနတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရာထူးအဆောင်အယောင်များသည် တပ်မတော်၏ ရာထူး၊ အဆင့်များကို မတူညီသော အရောင်၊ မတူညီသော ရာထူးအခေါ်အဝေါ်များဖြင့် အသုံးပြုသည်။

အရာထမ်းများ

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဒုတိယရဲအုပ်အဆင့်နှင့် အထက်ရှိသူကို အရာရှိဟုခေါ်သည်။ ရဲမှူးအဆင့်နှင့် အထက်အရာရှိကို ပြန်တမ်းဝင်အရာရှိဟု ခေါ်သည်။[၁၇]

နောက်ထပ် အချက်အလက်များ အဆင့် အုပ်စု, ခေါင်းဆောင်ပိုင်း/ထိပ်တန်း အရာရှိကြီးများ ...

အမှုထမ်းများ

နောက်ထပ် အချက်အလက်များ အဆင့်အုပ်စု, ရာထူးတံဆိပ်ရှိ အမှုထမ်းများ ...
Remove ads

အကျဉ်းဦးစီးဌာန

အကျဉ်းဦးစီးဌာနသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန၏ ဌာန တစ်ခုဖြစ်သည်။ အရာရှိများ၏ ရာထူးအဆောင်အယောင်များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် တူညီသော်လည်း ရာထူးအခေါ်အဝေါ်ကွဲပြားသည်။

အရာထမ်းများ

နောက်ထပ် အချက်အလက်များ အဆင့် အုပ်စု, ခေါင်းဆောင်ပိုင်း/ထိပ်တန်း အရာရှိကြီးများ ...

အမှုထမ်းများ

နောက်ထပ် အချက်အလက်များ အဆင့်အုပ်စု, ရာထူးတံဆိပ်ရှိ အမှုထမ်းများ ...
Remove ads

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အုပ်ချုပ်မှုအောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးစီးဌာနတစ်ခုဖြစ်သည်။ ၎င်း၏ ယူနီဖောင်းသည် စစ်ဖက်ဆိုင်ရာပုံစံမဟုတ်သောကြောင့် ရာထူးအဆင့်များကို ပြသရန် ရင်ထိုးတံဆိပ်ကို တပ်ဆင်အသုံးပြုသည်။ [၁၈]

အရာထမ်းများ

နောက်ထပ် အချက်အလက်များ မြန်မာ အခေါ်အဝေါ် ...

အမှုထမ်းများ

နောက်ထပ် အချက်အလက်များ မြန်မာ အခေါ်အဝေါ် ...
Remove ads

စစ်ဘက်ဆိုင်ရာ ရာထူး တာဝန်ခန့်အပ်မှုများ

မြန်မာ့တပ်မတော်စစ်ဘက်ဆိုင်ရာ တာဝန်ခန့်အပ်မှုများအား ရာထူး ကြီးစဉ်ငယ်လိုက်အတိုင်း အောက်တွင် ဖော်ပြထားသည်။

  1. တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်။ (Commander in Chief of Defence Services)
  2. ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် / ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)။ (Deputy Commander in Chief of Defence Services, Commander in Chief (Army))
  3. တပ်မတော်(ကြည်း/ရေ/လေ) ညှိနှိုင်းကွပ်ကဲရေး အရာရှိချုပ်။ (Joint Chief of Staff (Army, Navy, Air Force))
  4. ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့် ကာကွယ်ရေး ဦးစီးချုပ်(လေ)။ (Commander in Chief (Navy), Commander in Chief (Air Force)
  5. စစ်ရေးချုပ်။ (Adjutant General)
  6. စစ်ထောက်ချုပ်။ (Quartermaster General)
  7. စစ်ဥပဒေချုပ်။ (Judge Advocate General)
  8. စစ်ရာထူးခန့်ချုပ်။ (Military Appointment General)
  9. အမှတ်( / / / / / ) စစ်ဆင်ရေး(အထူး)အဖွဲ့မှူး။ (Chief of Bureau of Special Operations)
  10. တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်။ (Military Training General)
  11. စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်။ (Chief of Military Affair Security)
  12. တပ်မတော် စစ်ဆေးရေး အရာရှိချုပ်။ (Military Inspector General)
  13. တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်။ (Defence Services Inspector and Auditor General)
  14. လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်။ (Chief of Air Defence)
  15. ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်။ (Chief of Defence Industries)
  16. စစ်ဦးစီးအရာရှိချုပ်(ကြည်း) ၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ၊ စစ်ဦးစီးအရာရှိချုပ်(လေ)။ (Chief of Staff(Army), Chief of Staff(Navy), Chief of Staff(Air Force))
  17. တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စခန်းမှူး (Adjutant of the Office of Commander in Chief of Defence Services)
  18. ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူး။ (Director of Procurement)
  19. ဆက်သွယ်ရေး ညွှန်ကြားရေးမှူး။ (Director of Signal)
  20. စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး။ (Director of Military Engineers)
  21. လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူး။ (Director of Electrical and Mechanical Engineers)
  22. အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး။ (Director of Artillery)
  23. ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူး။ (Director of Missiles)
  24. သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူး။ (Director of Armour Warfare)
  25. စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူး။ (Director of Ordnance)
  26. ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး (Director of People's Militias and Border Guard Forces)
  27. ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး။ (Director of Medical Services)
  28. ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး။ (Director of Public Relations and Psychological Warfare)
  29. ပြည်သူ့စစ် နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး။ (Director of People's Militias and Border Guard Forces)
  30. တပ်မတော်မှတ်တမ်းရုံး ညွှန်ကြားရေးမှူး။ (Director of Military Records)
  31. ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး။ (Director of Resettlement)
  32. လုံခြုံရေးနှင့်ဆိုင်သောပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူး (Director of Security Printing)
  33. တပ်ထိန်းချုပ်။ (Provost Marshal)
  34. တွဲဖက် စစ်ရေးချုပ်။ (Vice Adjutant General)
  35. တွဲဖက် စစ်ထောက်ချုပ်။ (Vice Quartermaster General)
  36. ဒုတိယ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်။ (Vice Chief of Military Affair Security)
  37. ဒုတိယ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်။ (Vice Chief of Defence Industries)
  38. ဒုတိယ စစ်ဥပဒေချုပ်။ (Vice Judge Advocate General)
  39. တပ်မတော်ကွန်ပြူတာဌာနမှူး (Head of Defence Services Computer Department)
  40. တိုင်းမှူး။ (Regional Military Commander)
  41. ကိုယ်ရေးအရာရှိ (ဗိုလ်မှူးချုပ်အဆင့်)။ (Personal Staff Officer)
  42. ဒုတိယ တိုင်းမှူး။ (Deputy Regional Military Commander)
  43. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး။ (Regional Operation Commander)
  44. တပ်နယ်မှူး (Garrison Commander)
  45. ကျောင်းအုပ်ကြီး (စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များ) ။ (Commandant (Military Academies))
  46. ပါမောက္ခချုပ် (စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များ)။ (Rector (Military Academies))
  47. တပ်မမှူး/ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး။ (Division Commander/ Military Operation Commander)
  48. တိုင်းဦးစီးချုပ်။ (Regional Chief of Staff)
  49. ကျောင်းအုပ်ကြီး (တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းများ)။ (Commandant of Advanced Training Depot)
  50. တပ်မတော်ဆေးရုံအုပ် (Commandant of Military Hospital)
  51. ကိုယ်ရေးအရာရှိ (ဗိုလ်မှူးကြီးအဆင့်)။ (Personal Officer)
  52. ကာကွယ်ရေးပစ္စည်းစက်ရုံမှူး (Commandant of Defence Industry)
  53. တပ်မှူး (စစ်အခြေခံလေ့ကျင့်ရေးတပ်များ)။ (Commandant of Basic Training Depot)
  54. စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) ၊ ဦးစီးအရာရှိ(ဗိုလ်မှူးကြီး)။ (Colonel General Staff/Colonel GS) (Colonel Adjutant and Quartermaster/Colonel AQ)
  55. (အခြေချ)စစ်ဗျူဟာမှူး ၊ စစ်ဗျူဟာမှူး ၊ နည်းဗျူဟာမှူး။ (Tactical Operation Commander)
  56. ကိုယ်ရေးအရာရှိ (ဒုတိယဗိုလ်မှူးကြီးအဆင့်)။ (Personal Staff Officer)
  57. စစ်ဦးစီးမှူး(ပထမတန်း) ၊ ဦးစီးအရာရှိ(ပထမတန်း) ၊ လက်ထောက် စစ်ဥပဒေချုပ်။ (General Staff Officer (Grade 1), Assistant Judge Advocate General) (G-1, A-1, Q-1, Jug-1)
  58. တပ်ရင်းမှူး။ (အကူ/ လက်ရုံး/ ဝန်ထမ်း) (Commander/ Regimental Commander)
  59. တပ်ရင်းမှူး။ (ခြေလျင်/ ခြေမြန်) (Regiment Commander (သို့) Battalion Commander)
  60. ကိုယ်ရေးအရာရှိ (ဗိုလ်မှူးအဆင့်)။ (Personal Staff Officer)
  61. ဒုတိယ တပ်ရင်းမှူး။ (အကူ/ လက်ရုံး/ ဝန်ထမ်း) (Deputy Commander/ Second in Command)
  62. ဒုတိယ တပ်ရင်းမှူး။ (ခြေလျင်/ ခြေမြန်) (Deputy Commander/ Second in Command)
  63. စစ်ဦးစီးမှူး(ဒုတိယတန်း) ၊ ဦးစီးအရာရှိ(ဒုတိယတန်း) ၊ ဒုတိယလက်ထောက် စစ်ဥပဒေချုပ်။ (General Staff Officer (Class 2), Deputy Assistant Judge Advocate General) (G-2, A-2, Q-2, Jug-2)
  64. တပ်မတော် ပညာရေးကျောင်းအုပ်။ (Command (Military Schools))
  65. တိုင်းစစ်ဌာနချုပ်/ ညွှန်ကြားရေးမှူးရုံးများမှ တိုက်ရိုက်ကွပ်ကဲသော တပ်ခွဲ အဆင့် တပ်/ စခန်း/ တပ်ဆွယ်မှူး။ (Company Commander)
  66. တပ်မ/ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တွင် တွဲဖက်ထားသော အကူ/ လက်ရုံး/ ဝန်ထမ်း တပ်ခွဲမှူး။ (Company Commander)
  67. ကိုယ်ရေးအရာရှိ (ဗိုလ်ကြီးအဆင့်)။ (Personal Staff Officer)
  68. တပ်ရင်းလက်အောက်ခံ တပ်ခွဲမှူး။ (Company Commander)
  69. စစ်ဦးစီးမှူး(တတိယတန်း) ၊ ဦးစီးအရာရှိ(တတိယတန်း) ၊ စစ်ဥပဒေအရာရှိ။ (General Staff Officer (Grade 3), Military Law Officer)(G-3, A-3, Q-3, Jug-3)
  70. တပ်ရေးဗိုလ်ကြီး။ (Adjutant)
  71. တပ်ထောက်ဗိုလ်ကြီး။ (Quartermaster)
  72. စစ်ဌာနချုပ်/ ညွှန်ကြားရေးမှူးရုံးများမှ တိုက်ရိုက်ကွပ်ကဲသော တပ်စု အဆင့် တပ်မှူး။ (Platoon Commander)
  73. (အခြေချ)စစ်ဗျူဟာ/ စစ်ဗျူဟာ/ နည်းဗျူဟာအဖွဲ့တွင် တွဲဖက်ထားသော အကူ/ လက်ရုံး/ ဝန်ထမ်း တပ်စုမှူး။ (Platoon Commander)
  74. စစ်ဘက်ရေးရာလုံခြုံရေး အရာရှိ။ (Intelligence Officer) (I.O)
  75. ဆက်သွယ်ရေး တပ်စုမှူး။ (Signal Platoon Commander)
  76. မော်တော်ယာဉ် တပ်စုမှူး။ (Vehicles Platoon Commander)
  77. တပ်ရင်း ဆေးမှူး။ (Regimental Medical Officer)
  78. တပ်ရင်းဌာနချုပ်ကွပ်ကဲမှုအောက် တပ်စုမှူး။ (Platoon Commander)
  79. တပ်ခွဲရုံး လက်အောက်ခံ တပ်စုမှူး။ (Platoon Commander)
  80. တပ်ရင်းအရာခံဗိုလ်။ (Regimental Sergeant Major) (R.S.M.)
  81. တပ်ရင်းတပ်ထောက်အရာခံဗိုလ်။ (Regimental Quartermaster Sergeant Major) (R.Q.S.M)
  82. ရုံးအုပ်ချုပ်။ (Chief Office Superintendent)
  83. ဆေးလက်ထောက်အရာခံဗိုလ်။ (Medical Assistance Warrant Officer ) (M.A.)
  84. ရုံးအုပ်ကြီး။ (Officer Superintendent)
  85. တပ်ခွဲအရာခံဗိုလ်များ။ (Company Sergeant Major) (C.S.M.)
  86. တပ်ရဲ တပ်ကြပ်ကြီး။ (Regimental Police Sergeant) (R.P Sergeant)
  87. တပ်ခွဲတပ်ကြပ်ကြီးများ။ (Company Quartermaster Sergeant) (CQMS) (CQ)
  88. တပ်ကြပ်ကြီး(ပညာသည် အုပ်စု)။
  89. တပ်ကြပ်ကြီး(စာရေး)။ (Sergeant Clerk)
  90. တပ်စု တပ်ကြပ်ကြီး။ (Platoon 2IC/Platoon Sergeant)
  91. လစာကြပ်။ (Paymaster)
  92. တပ်စိတ်မှူး (Section Commander)
  93. ဒုတပ်စိတ်မှူး (သို့) အဖွဲ့ခေါင်းဆောင်။ (Section 2IC or Team Commander)


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads