ဖုန်းမြတ်
From Wikipedia, the free encyclopedia
Remove ads
ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် (၁၉၆၄ ဖွား) သည် လက်ရှိ စစ်ရေးချုပ် ဖြစ်သည်။[၄] [၅] သူသည် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး [၆] ၊ အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး [၇] အပါအဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။[၈]
Remove ads
စစ်မှုထမ်းခြင်း
သူသည် ဗိုလ်သင်တန်းကျောင်း OTS-အပတ်စဉ် ၇၃ ဆင်း ဖြစ်သည်။သူ၏ ပြန်တမ်းဝင် အမှတ်မှာ ကြည်း ၂၀၃၂၄ ဖြစ်သည်။
တပ်မတော် တွင် တာဝန်များအဆင့်ဆင့်ထမ်းဆောင်ပြီးနောက် ၂၀၁၆ ခုနှစ် ရှေ့ပိုင်းကာလ အစ သူ့အသက် ၅၀ အရွယ် တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန်ပေးခံရသည်။[၉] ယင်းနောက် ၂၀၁၇ ခုနှစ် တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ၂၀၁၉ ခုနှစ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် ထမ်းဆောင်သည်။[၁၀]
သူ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၇ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ အဆိုပြုချက်ဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ခန့်အပ်သည်။[၁၁]
ထိုတာဝန် ကို မြန်မာနိုင်ငံစစ်အာဏာစသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နောက်ပိုင်း [၁၂] ထမ်းဆောင်ပြီးနောက် နစက အမိန့်အမှတ် ၉၂/၂၀၂၁ ဖြင့် မူလစစ်ဘက် ဝတ္တရားများ ထမ်းဆောင်ရန် တပ်မတော်သို့ ပြောင်းရွှေ့သည်။
ယင်းနောက် သူသည် တပ်မတော် တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်တိုးမြှင့်ခြင်းခံရသည်။ကထစ ၃ ဟု အတိုကောက် ခေါ်ဝေါ်သည့် ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့ တွင် အခြေစိုက်သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အစရှိသော စစ်တိုင်းကြီး များကို တာဝန်ယူကြီးကြပ်ရသည့် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာသည်။[၁၃]
ယင်းနောက် အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ခ) ကစထ(၅)မှူး အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းသည်။[၁၄]
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး[၁၅] သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ်သို့ ပြောင်းရွှေ့ခန့်အပ်ခံရသည့်အတွက် လစ်လပ် စစ်ရေးချုပ် နေရာကို ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ဆက်ခံခဲ့သည်။[၁၆] ယင်းနောက် ၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၁၃ ရက် တွင် စစ်ဘက်မှအနားပေးခံလိုက်ရသည်ဆိုသော သတင်းမှားထုတ်လွှင့်ခံခဲ့ရသည်။ [၁၇][မှတ်စု ၁]
Remove ads
ရရှိသောဆု
၂၀၂၅ မြန်မာငလျင်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့မှုကြောင့် ရုရှားနိုင်ငံသဘာဝဘေး အန္တရာယ်ကာကွယ်ရေးဆိုင်ရာဝန်ကြီးဌာန (EMERCOM) မှ ပေးအပ်သည့် ဂုဏ်ပြုအမှတ်တံဆိပ်ကို ၂၀၂၅ ခုနှစ်၊နိုဝင်ဘာ ၂၄ ရက်တွင် ရရှိခဲ့သည်။[၁၈] [၁၉]
အရေးယူပိတ်ဆို့ခံရမှု
အမေရိကန် နှင့် ဥရောပသမဂ္ဂအဖွဲ့သည် ၎င်းအား ၂၀၂၁ခုနှစ် ဩဂုတ်လ နောက်ပိုင်းကစ၍ အရပ်သားများအား မြေပြင်နှင့် လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရာဇဝတ်မှု နှင့် ရက်စက်ကြမ်းကြုတ်မှုများအား ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ရာတွင် တာဝန်ရှိသူဟု စွပ်စွဲသတ်မှတ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ [၂၀] [၂၁]
ရှင်းလင်းချက်မှတ်စု
- အနားပေးခံခဲ့ရသည်ဆိုသည့် ဘီဘီစီ၏ သတင်းမှားယွင်းဖော်ပြချက် Link
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads