၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ

From Wikipedia, the free encyclopedia

၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ
Remove ads

၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ (သို့မဟုတ်) ၂၀၂၂ ပေကျင်း (အင်္ဂလိပ်: 2022 Winter Olympicတရုတ်: 2022年冬季奥林匹克运动会; ပင်ယင်: Èr Líng Èr'èr Nián Dōngjì Àolínpǐkè Yùndònghuì) သည် တရုတ်နိုင်ငံပေကျင်းမြို့တွင် ကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖြစ်သည်။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်မှ (၂၀)ရက်နေ့အထိ ကျင်းပခဲ့ပြီး အားကစားနည်းပေါင်း (၇)မျိုး ထည့်သွင်းကျင်းပခဲ့သည်။

အချက်တိုများ အိမ်ရှင်နိုင်ငံ, ဆောင်ပုဒ် ...

၂၀၂၂ဆောင်းရာသီပွဲတော်သည် တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖြစ်သည်။ ၂၀၁၈ ပြုံချမ်းဆောင်းရာသီပွဲတော်၊ ၂၀၂၀ တိုကျိုနွေရာသီပွဲတော်၊ ၂၀၂၂ပေကျင်းဆောင်းရာသီပွဲတော် တို့အား တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံတို့၌ ကျင်းပသဖြင့် အရှေ့အာရှဒေသ၌ အိုလံပစ်ပြိုင်ပွဲများကို တစ်ဆက်တည်း ပြိုင်ပွဲ (၃)ခု ကျင်းပခြင်းဖြစ်သည်။ ပေကျင်းမြို့သည် ၂၀၀၈နွေရာသီပြိုင်ပွဲကို လက်ခံကျင်းပခဲ့သေးသည်။ ထို့ကြောင့် နွေရာသီပြိုင်ပွဲကို လက်ခံကျင်းပသည့်မြို့သည် ဆောင်းရာသီပြိုင်ပွဲကို လက်ခံကျင်းပခြင်းမှာ သမိုင်းတွင် ပထမဆုံးဖြစ်သည်။ ပေကျင်း အမျိုးသားအားကစားကွင်း အပါအဝင် ပေကျင်း၂၀၀၈ပွဲတော်တွင် အသုံးပြုခဲ့သည့် အားကစားကွင်းများကို ဤ၂၀၂၂ပေကျင်းပွဲတော်တွင် ထည့်သွင်း အသုံးပြုခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ရှင်ကျန်းဒေသရှိ လူနည်းစုများကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲချက်နှင့်အတူ ပြိုင်ပွဲကို သံတမန်နည်းအရ သပိတ်မှောက်မည်ဟု အမေရိကန်အပါအဝင် နိုင်ငံအချို့က ကြေညာထားခဲ့သည်။[]​နော်​ဝေနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ တရုတ်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သည်။

Remove ads

လက်ခံကျင်းပခြင်း

အိမ်ရှင်ရွေးချယ်ခြင်း

၂၀၂၂ ဆောင်းရာသီပွဲတော်ကို လက်ခံကျင်းပရန်အတွက် အိမ်ရှင်နေရာယှဉ်ပြိုင်ခြင်းကို ၂၀၁၃ခုနှစ် နိုဝင်ဘာ ၁၄ရက်နေ့ နောက်ဆုံးထား လျှောက်ထားခဲ့ကြရသည်။ လျှောက်ထားလာသည့် မြို့များမှ သင့်လျော်သည့် မြို့များကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ရွေးချယ်ခဲ့သည်။ ထိုအတောအတွင်း အိမ်ရှင်အဖြစ် ဝင်ရောက်လျှောက်ထားသည့် အမျိုးသားအိုလံပစ်ကော်မတီ အချို့သည် ကုန်ကျစရိတ်မြင့်မားခြင်း၊ ဒေသတွင်း ထောက်ပံ့မှုနည်းခြငိ့ စသည့်အချက်များကြောင့် နုတ်ထွက်ခဲ့ကြသည်။ ၂၀၁၄ခုနှစ် ဇူလိုင်လ ၇ရက်နေ့တွင် နော်ဝေနိုင်ငံမှ အော်စလိုမြို့၊ ကာဇက်စတန်နိုင်ငံမှ အာမာတီမြို့ နှင့် တရုတ်နိုင်ငံမှ ပေကျင်းမြို့တို့အား နောက်ဆုံးဆန်ခါတင်မြို့များအဖြစ် ရွေးချယ်ခဲ့သည်။

နော်ဝေနိုင်ငံ အမျိုးသားအိုလံပစ်နှင့် မသန်စွမ်းအိုလံပစ်ကော်မတီသည်လည်း အော်စလိုတွင် ကျင်းပရန်အဆိုပြုထားသည့် ပြိုင်ပွဲအတွက် ကုန်ကျစရိတ်များကို လွှတ်တော်သို့ တင်သွင်းရာ ပယ်ချခံခဲ့ရသည်။ ထို့ကြောင့် အိမ်ရှင်အဖြစ်လျှောက်ထားခြင်းမှ နုတ်ထွက်ခဲ့သည်။ ၂၀၁၄ ဆိုချီဆောင်းရာသီပွဲတွင် ကုန်ကျစရိတ်အမြောက်အများ ကျသင့်ခဲ့သဖြင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီမှ ချမှတ်ထားသော ကြိုဆိုဧည့်ခံနေရာချထားရေးနှင့် ပက်သက်သော သတ်မှတ်ချက်များကို လူအများက ဝေဖန်လာခဲ့ကြသည်။ ထိုအထဲတွင် ကော်မတီအဖွဲ့ဝင်များအား အကောင်းဆုံးသော အရာများနှင့် ဧည့်ခံခြင်းများလည်း ပါဝင်သည်။ စလိတ်မဂ္ဂဇင်းက ကော်မတီအား မင်းမျိုးမင်းနွယ်များ ဦးစီးသည့် နာမည်ဆိုးဖြင့် ရယ်စရာကောင်းသော အဖွဲ့အစည်းဟု ဝေဖန်ခဲ့သည်။

၂၀၁၅ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပသော အစည်းအဝေးတွင် တရုတ်နိုင်ငံ ပေကျင်းမြို့က (၄)မဲ အသာဖြင့် အနိုင်ရခဲ့သည်။

နောက်ထပ် အချက်အလက်များ ၂၀၂၂ ​​ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အိမ်ရှင်​ရွေးချယ်ခြင်း ရလဒ်, မြို့ ...

ကွင်းများ

Thumb
တည်​နေရာများ
Thumb
​ပေကျင်း အမျိုးသားအားကစားကွင်း
Thumb
အမျိုးသား​ရေကူးကန်
Thumb
National Speed Skating Oval
Thumb
Big Air အားကစားကွင်း

ပေကျင်းဇုန်

  • ပေကျင်း အမျိုးသားအားကစားကွင်း – ဖွင့်ပွဲ၊ ပိတ်ပွဲ
  • ပေကျင်း အမျိုးသားရေကူးကန် – curling
  • ပေကျင်း အမျိုးသား မိုးလုံလေလုံအားကစားရုံ – ရေခဲပြင်ဟော်ကီ
  • National Speed Skating Oval – speed skating
  • ကယ်ပီတယ် မိုးလုံလေလုံအားကစားရုံ – figure skating၊ short track speed skating
  • Wukesong Sports Centre –ရေခဲပြင်ဟော်ကီ
  • Big Air Shougang– snowboarding (Big Air), freestyle skiing (Big Air)
  • ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ် အားကစားရွာ

ရန်ချင်းဇုန်

  • Xiaohaituo Alpine Skiing Field – alpine skiing
  • National Sliding Centre – bobsleigh၊ luge၊ skeleton
  • ရန်ချင်း အိုလံပစ်ရွာ

Zhangjiakou zone

  • National Ski Jumping Centre – ski jumping၊ Nordic combined (ski jumping)
  • အမျိုးသား နှစ်မျိုးဆင့်အားကစားနည်း စင်တာ – နှစ်မျိုးဆင့်အားကစားနည်း
  • Genting Snow Park – snowboarding၊ freestyle skiing
  • National Cross-Country Centre – Nordic combined (cross-country)၊ Cross-country skiing

ပြဿနာများနှင့် သပိတ်​မှောက်ခြင်း

ပေကျင်းအိုလံပစ်ရှိ အချို့သော နေရာများသည် ဆောင်းရာသီတွင် နှင်းကျရန်အတွက် အခက်အခဲများရှိသည်။ နှင်းဖြင့် ကစားရမည့် အားကစားနည်းများအတွက် အခြားသော နေရာများမှ နှင်းများ ပို့ဆောင်ရာတွင် ကုန်ကျစရိတ်ကြီးမားခြင်းနှင့် အခက်အခဲများစွာရှိသည်။ ထိုကိစ္စများအတွက် ဝေဖန်သူများရှိခဲ့သည်။

ပြိုင်ပွဲကျင်းပရန် တစ်နှစ်အလိုကပင် ပြိုင်ပွဲကို သပိတ်မှောက်ရန် ဆန္ဒပြမှုများ ရှိခဲ့သည်။ လူ့အခွင့်အရေးကို ချိုးဖောက်နေသော တရုတ်နိုင်ငံအား ပြိုင်ပွဲကျင်းပခွင့်ပေးသည်ဟုဆိုကာ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီကို ဝေဖန်ခဲ့ကြသည်။[] တရုတ်နိုင်ငံ ရှင်ကျန်းဒေသရှိ လူနည်းစုများကို တရုတ်အစိုးရက ကိုင်တွယ်ရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်များနှင့်အတူ ပြိုင်ပွဲကို သံတမန်နည်းအရ သပိတ်မှောက်မည်ဟု အမေရိကန်က ကြေညာခဲ့သည်။ သို့ရာတွင် ပြိုင်ပွဲသို့ အားကစားသမားများ စေလွှတ်မည်ဖြစ်ကာ အစိုးရကိုယ်စားလှယ်များ စေလွှတ်မည်မဟုတ်ပေ။ ဤသပိတ်မှောက်မှုကို အမေရိကန်နှင့်အတူ ၎င်း၏ မဟာမိတ်နိုင်ငံများ ပါဝင်ကြသည်။[]အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီကမူ ထိုဆုံးဖြတ်ချက်မှာ အစိုးရတစ်ရပ်၏ နိုင်ငံရေးသဘောသက်သက်သာဖြစ်ကြောင်းနှင့် ထိုဆုံးဖြတ်ချက်ကို အပြည့်အဝ လေးစားမှုရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။[] ဂျပန်နိုင်ငံကမူ သပိတ်မှောက်သည်ဟု မသုံးစွဲသော်လည်း အစိုးရကိုယ်စားလှယ်များ စေလွှတ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။[]

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်အနေဖြင့် ထိုသို့လုပ်ဆောင်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေပြီး ၎င်းတို့အနေဖြင့် ပြန်လည်ပေးဆပ်ရမည်ဟု ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံဌာနေကိုယ်စားလှယ်၏ ပြောရေးဆိုခွင့်ရှိသူကမူ အမေရိကန်အနေဖြင့် ထိုသို့သပိတ်မှောက်သည်ဟု ပြောခြင်းမှာ မိမိကိုယ်ကို တိုက်ရိုက်ပင် နိုင်ငံရေးပြက်လုံး ထုတ်နေခြင်းဟု ပြောဆိုခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် အားကစားသမားများနှင့် ဧည့်ပရိသတ်များကို ကြိုဆိုရန် အသင့်ဖြစ်နေပြီဖြစ်ပြီး ပြိုင်ပွဲကို မလာချင်သူများအတွက်အဖြေမှာ ၎င်းတို့လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ပေကျင်းပွဲတော်များမှာ ဆက်ရှိနေမည်ဖြစ်ပြီး အောင်မြင်မှုများ ရရှိဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။[]

သံတမန်နည်းအရ သပိတ်​မှောက်သည့်နိုင်ငံများ

Remove ads

ပြိုင်ပွဲအထိမ်းအမှတ်များ

Thumb
၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲများ၏ အထိမ်းအမှတ်တံဆိပ်များ၊ လာဘ်ကောင်များကို ခြယ်သထားသော အဲချိုင်းနားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီး

အထိမ်းအမှတ်တံဆိပ်

၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ (ဆောင်းရာသီ)ကို ဖဲကြိုးများနှင့် ပုံဖော်ထားခြင်းဖြစ်သည်။ အပေါ်ပိုင်းသည် နှင်းလျှောစီးသူအနေဖြင့် ပုံဖော်ထားပြီး အောက်ပိုင်းသည် စကိတ်စီးသူအနေဖြင့် ပုံဖော်ထားသည်။ အနက်ရောင်မှလွဲ၍ အိုလံပစ်အရောင်များနှင့် တရုတ်နိုင်ငံအလံအရောင်ကို အသုံးပြုထားသည်။

လာဘ်ကောင်

၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ အထမ်းအမှတ်လာဘ်ကောင်မှာ Bing Dwen Dwen ဟုအမည်ရသော ပန်ဒါဝက်ဝံကြီး ဖြစ်သည်။ ထိုဝက်ဝံကြီးသည် အဖြူရောင် ရေခဲဝတ်စုံကို ဝတ်ဆင်ထားသည်။ ခေါင်းဆောင်းကိုလည်း ဆောင်းရာသီအိုလံပစ်အားကစားနည်းများကို ကိုယ်စားပြုသည့် နှင်းများနှင့် ရေခဲများဖြင့် ပုံဖော်ထားသည်။ ပန်ဒါဝက်ဝံကြီးမှာ တရုတ်နိုင်ငံကို ကိုယ်စားပြုသည့် အရာများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ အမည်နာမမှာ တရုတ်ဘာသာစကားတွင် အဓိပ္ပါယ်အမျိုးမျိုးကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ Bing မှာ ရေခဲ၊ Dwen Dwen မှာ ကြံခိုင်ပြီး အသက်ဝင်ခြင်းဖြစ်သည်။ သူ၏ရွှေရောင်နှလုံးသားမှ ဆောင်းရာသီအိုလံပစ် အားကစားနည်းအားလုံးကို ချစ်မြတ်နိုးကာ အိုလံပစ်အားကစားပြိုင်ပွဲ၏ စစ်မှန်သောစိတ်ဓာတ်ကို ပြသရန် အသင့်စောင့်ကြိုနေခြင်းကို ပုံဖော်ထားသည်။

Remove ads

ပွဲများနှင့်အားကစား

ဖွင့်ပွဲအခမ်းအနား

၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့ ည (၈:၀၀)တွင် ပေကျင်းမြို့ရှိ ပေကျင်း အမျိုးသားအားကစားကွင်း၌ ကျင်းပခဲ့သည်။ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအချို့က အစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းမရှိ​ပေ။ ရုရှားနိုင်ငံသမ္မတ ဗလာဒီမီယာ ပူတင် အပါအဝင် နိုင်ငံအသီးသီးမှ အကြီးအကဲများ တက်​ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ပြိုင်ပွဲကို ဖွင့်လှစ်​ပေးခဲ့သည်။

Thumb
ဖွင့်ပွဲအခမ်းအနား

ပိတ်ပွဲအခမ်းအနား

၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်၏ ပိတ်ပွဲအခမ်းအနားကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်နေ့ ည (၈:၀၀)တွင် ပေကျင်းမြို့ရှိ ပေကျင်း အမျိုးသားအားကစားကွင်း၌ ကျင်းပခဲ့သည်။ ​အိုလံပစ်အလံကို ပေကျင်းမြို့​တော်ဝန်မှ ၂၀၂၆ပွဲ​တော်ကို လက်ခံကျင်းပမည့် အီတလီနိုင်ငံမှ မြို့​တော်ဝန်များကို လွှဲ​ပြောင်း​ပေးခဲ့သည်။

အားကစားနည်းများ

၂၀၂၂ ဆောင်းရာသီအိုလံပစ်တွင် ဆောင်းရာသီအိုလံပစ်အားကစားနည်း (၇)မျိုးမှ ပွဲစဉ်ပေါင်း (၁၀၉)ပွဲ ကျင်းပမည်ဖြစ်သည်။

နောက်ထပ် အချက်အလက်များ အားကစားနည်းများ ...

ပါဝင်သည့်နိုင်ငံများ

Thumb
  • Blue = ပထမဆုံးအကြိမ်ပါဝင်ခြင်း
  • Green = ယခင်ကတည်းကပါဝင်ဖူး​သောနိုင်ငံများ

တားမြစ်ဆေးဆိုင်ရာ ဓာတ်ခွဲခန်းအချက်အလက်များကို အစိုးရမှ ဝင်ရောက်နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သဖြင့် ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၉ရက်နေ့တွင် ရုရှားနိုင်ငံအား အားကစားပွဲအားလုံး.ဝင်ရောက်ယှဉ်ပြိုင်ခွင့် (၄)နှစ်တိုင် ပိတ်ပင်ခဲ့သည်။ ထို့ကြောင့် ရုရှားအားကစားသမားများ အနေဖြင့် ရုရှားနိုင်ငံအလံအောက်မှ ယှဉ်ပြိုင်ခွင့် မရပေ။ ထို့ကြောင့် ရုရှားအိုလံပစ်ကော်မတီ အလံအောက်တွင် Neutral Athlete အမည်ဖြင့်သာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

နောက်ထပ် အချက်အလက်များ IOC, နိုင်ငံ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads