မောင်မောင်အေး
မြန်မာ့တပ်မတော်ဗိုလ်ချုပ်ကြီးနှင့် ဒုတိယ၀န်ကြီးချုပ် From Wikipedia, the free encyclopedia
Remove ads
ဗိုလ်ချုပ်ကြီး မောင်မောင်အေး (၁၉၆၂ ဖွား) သည် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။သူသည် မြန်မာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် လည်းဖြစ်ခဲ့သည်။ယင်းမတိုင်မီက တပ်မတော် တွင် နံပါတ်(၃) အဆင့်ရှိ ဗိုလ်ချုပ်ကြီး [၁]ရာထူးဖြင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) တာဝန် ထမ်းဆောင်ခဲ့သည်။[၂] သူသည် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်လည်း ဖြစ်ခဲ့သည်။[၃]
Remove ads
စစ်မှုထမ်းခြင်း
သူသည် စစ်တက္ကသိုလ် အမှတ်စဉ်(၂၅) ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦး ဖြစ်သည်။ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် အမှတ်စဉ် တူသည်။ ပြန်တမ်းဝင် အမှတ် ကြည်း ၁၇၅၈၀ ဖြင့် စစ်မှုထမ်းသည်။သူသည် ဗိုလ်မှူးကြီးတာဝန်ယူစဉ်က စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(၆) စကခ – ၆၊ နေပြည်တော်၊ ပျဉ်းမနား၏ ဌာနချုပ်မှူး ဖြစ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဩဂုတ် လတွင် ဗိုလ်ချုပ်အဆင့်တိုးပြီး နေပြည်တော်စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသည်။ ၂၀၁၅ ခုနှစ် ဩဂုတ် လတွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပြီး တပ်မတော်၏ လေ့ကျင့်ရေးအရာရှိချုပ် တာဝန်ယူသည်။ ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းစဉ် သူသည် ဗိုလ်ချုပ်ကြီး မြထွန်းဦး တာဝန်ယူသော ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ရာထူး အား ဆက်ခံသည်။[၄] ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက် တွင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တို့အား ရာထူးမှ ဖယ်ရှားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အား ပြန်လည် ပြင်ဆင်ဖွဲ့စည်းစဉ် သူသည် ကောင်စီ အဖွဲ့ဝင် အသစ် ဖြစ်လာသည်။[၅] တပ်မတော်က အာဏာသိမ်းပြီး ၂နှစ်ခွဲကျော် အကြာမှ တပ်မတော်ထိပ်တန်းပုဂ္ဂိုလ် တစ်ဦး အနေဖြင့် ကောင်စီဝင် ရာထူး ရခဲ့ခြင်း ဖြစ်သည်။[၆] [၇] သူသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖွဲ့စည်းလိုက်သည့် အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အား ဦးဆောင်သူအဖြစ် ခန့်အပ်ခြင်းလည်း ခံရသည်။[၈]၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် သူ့ကို မြန်မာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး အဖြစ် ပြောင်းလဲခန့်အပ်သည်။[၉]
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ၏ အဖွဲ့ဝင် တစ်ဦး အဖြစ် ခန့်အပ်ခံရသည်။[၁၀]
Remove ads
အရေးယူပိတ်ဆို့ခံရခြင်း
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခြင်း ထဲ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး အနေဖြင့် ပါဝင်ခဲ့သူ ၎င်းကို အမေရိကန် အပါအဝင် အနောက်နိုင်ငံ များနှင့် ဥရောပသမဂ္ဂ တို့က ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်သည်။[၁၁] [၁၂] [၁၃]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads