ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်

ရန်ကုန်မြို့ရှိ နိုင်ငံတကာလေဆိပ် From Wikipedia, the free encyclopedia

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
Remove ads

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ရန်ကုန်မြို့လယ်မှ ‌မြောက်ဘက် ၁၅ကီလိုမီတာအကွာ မင်္ဂလာဒုံမြို့နယ် ရန်ကုန်မြို့တွင် တည်ရှိသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး လေဆိပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လုပ်ငန်းအများဆုံး အပြည်ပြည်ဆိုင်ရာ ‌လေဆိပ်ဖြစ်သည်။

အချက်တိုများ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Yangon International Airport, အချက်အလက်များ ...
Remove ads

လေဆိပ်အဆောက်အဦး (၃) ခု တည်ရှိပြီး လေဆိပ်အဆောက်အဦး (၁) နှင့် (၂) မှာ ပြည်ပ ခရီးစဉ်များအတွက် အသုံးပြုကာ လေဆိပ်အဆောက်အဦး (၃) မှာ ပြည်တွင်း ခရီးစဉ်များအတွက် အသုံးပြုသည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၄.၆၈ သန်း ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ပြည်တွင်းလေကြောင်းလိုင်း (၁၀) လိုင်း နှင့် ပြည်ပ လေကြောင်းလိုင်း (၃၀) လိုင်းတို့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အသုံးပြုနေသည်။ ထိုပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများသည် ပြည်တွင်း (၂၆) မြို့ နှင့် ပြည်ပ (၂၂) မြို့သို့ ရန်ကုန်မြို့နှင့် ချိတ်ဆက်ပျံသန်းလျက်ရှိသည်။

Remove ads

သမိုင်း

Thumb
ပြည်ပ လေဆိပ်အဆောက်အဦးရှိ Check-in ကောင်တာများ

Calcutta Metropolitan Airports Authority မှ ၁၉၄၇ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် တည်ဆောက်ခဲ့ကြသည်။ တစ်ချိန်က အရှေ့တောင်အာရှ၏ အကောင်းဆုံးလေဆိပ်တစ်ခုအဖြစ် လေးစားခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ထိန်းသိမ်းမှု နည်းပါးခြင်း၊ ခေတ်နောက်ကျခြင်းတို့ကြောင့် ၎င်း၏အရှိန်အဝါကျဆင်းခဲ့ရသည်။

ရန်ကုန် လေဆိပ် အဆင့်မြှင့်တင်ရေး အစီအစဉ်ကို ၂၀၀၃ ခုနှစ် တွင် စတင်ခဲ့ပြီး အဆုံးတွင် တာမီနယ် အသစ်တစ်ခုနှင့် တိုးချဲ့ထားသော ၁၁၂၀၀ ပေ (၃၄၁၄ မီတာ) ရှည်သော လေယာဉ်ပြေးလမ်းတစ်ခု တို့ ပေါ်ပေါက်လာခဲ့သည်။

Remove ads

လေဆိပ်အဆောက်အဦး

၂၀၂၁ခုနှစ်တွင် ရန်ကုန်လေဆိပ်၌ အများပြည်သူအသုံးပြုသော လေဆိပ်အဆောက်အဦး (Terminal) (၃)ခုရှိသည်။ ယခင်လေဆိပ်အဟောင်းရှိ အဆောက်အဦးများမှ လက်ရှိ အဆောက်အဦး (၂)ကို ပထမဆုံးအဆင့်မြှင့်တင်ခဲ့သည်။ ထိုအဆောက်အဦးအသစ်တွင် နိုင်ငံတကာ ခရီးစဉ်များ အသုံးပြုခဲ့သည်။ ထို့နောက် အရေးကြီးပုဂ္ဂိုလ်အဆောက်အဦးအပါအဝင် လေဆိပ်အဆောက်အဦးဟောင်းကို ဖျက်သိမ်းကာ ၆ထပ် အဆောက်အဦးအသစ်ကို တည်ဆောက်ခဲ့သည်။ ထို့နောက် အဆောက်အဦး (၁)ဟု သတ်မှတ်ကာ နိုင်ငံတကာခရီးစဉ်များ အသုံးပြုခဲ့သည်။ အဆောက်အဦး (၁)ဖွင့်လှစ်ပြီး မကြာမီတွင် အဆောက်အဦး (၃)ကို တည်ဆောက်ဖွင့်လှစ်ကာ အဆောက်အဦး (၃)အဖြစ် သတ်မှတ်ပြီး ပြည်တွင်းခရီးစဉ်များ သုံးစွဲလျက်ရှိသည်။ ထို့နောက် ယခင်လေဆိပ်အဆောက်အဦးများမှ နောက်ဆုံးကျန်ရှိသော အဆောက်အဦး (၁)နှင့် (၂)ကြားရှိ အဆောက်အဦးကို ဖျက်သိမ်းကာ အဆောက်အဦး (၁)နှင့် (၂) အကြား ဆက်သွယ်တည်ဆောက်ခဲ့သည်။ နောက်ပိုင်းတွင် အဆောက်အဦး (၂)အား ထပ်မံအဆင့်မြှင့်တင်လျက်ရှိသည်။

Thumb
၂၀၀၂ခုနှစ်က​တွေ့ရ​သော ​လေဆိပ်​ဆောက်အဦးများ

လေဆိပ်အဆောက်အဦး (၁)

၂၀၁၄ခုနှစ်တွင် လေဆိပ်အဆောက်အဦးဟောင်းကို ဖြိုချကာ ၆ထပ်ရှိ လေဆိပ်အဆောက်အဦးအသစ်ကို တည်ဆောက်ခဲ့သည်။၂၀၁၄ ဩဂုတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၆၀ ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့သည်။၂၀၁၆ခုနှစ်တွင် တည်ဆောက်ပြီးစီးကာ နိုင်ငံတကာခရီးစဉ်များကို အသုံးပြုလျက်ရှိသည်။ လေဆိပ်အဆောက်အဦးနှင့် ကားပါကင်ကို ခေတ်မီပေါင်းကူးတံတားဖြင့် ဆက်သွယ်ထားရှိသည်။[] ဤအဆောက်အဦးသည် အလျား ၂၄၀ မီတာ၊ အကျယ် ၉၄.၇ မီတာ ရှိ မြေအောက်ထပ် အပါအဝင် ၆ ထပ် ပါဝင်သည်။

မြေအောက်ထပ်တွင် ထွက်ခွာ၊ ဆိုက်ရောက် ခရီးသည်အိတ်များ ကိုင်တွယ်မှု ဧရိယာ၊ Check-In ခန်းမ၊ ဆိုက်ရောက်ခရီးသည်များအတွက် လူဝင်မှုကြီးကြပ်ရေး ကောင်တာများ၊ အကောက်ခွန် နှင့် ဈေးဆိုင်ခန်းများ ပါဝင်သည်။

Thumb
လက်ရှိ လေဆိပ်အဆောက်အဦး (၁)

ပထမထပ်တွင် နိုင်ငံကူးလက်မှတ် စစ်ဆေးရေးကောင်တာ၊ လုံခြုံရေး စစ်ဆေးရေးဂိတ်၊ ထွက်ခွာဂိတ်များနှင့် ဈေးဆိုင်များ ပါဝင်သည်။ ဒုတိယထပ်တွင် ဈေးဆိုင်များနှင့် တတိယထပ်တွင် အပန်းဖြေရန် နေရာများ ပါဝင်တည်ဆောက်ထားသည်။[]

Thumb
အသစ်မတည်​ဆောက်မီက ​လေဆိပ်အ​ဆောက်အဦး​ဟောင်း

လေဆိပ်အဆောက်အဦး (၁) ဟု ခေါ်ဆိုပြီး ပြည်ပ ဝင်/ထွက် အဖြစ် အသုံးပြုမည်ဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၁၂) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ပိုင်အိုးနီးယား အေရိုဒရုန်း ကုမ္ပဏီက တည်ဆောက်ပေးထားပြီး ယခင်က တစ်နှစ်လျှင် ခရီးသည် ၂.၇ သန်း ဝန်ဆောင်မှု ပေးနိုင်ရာမှ ယခုအခါ ခရီးသည် သန်း ၂၀ ခန့် ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။

လေဆိပ်အဆောက်အဦး (၁) ကို ပထမဦးဆုံး စတင်အသုံးပြုသော လေကြောင်းလိုင်းမှာ မြန်မာအမျိုးသား လေကြောင်းလိုင်းဖြစ်လာခဲ့သည်။ ထို့နောက် ထိုင်းအဲအေးရှား လေကြောင်းလိုင်းသည် ဒုတိယ လေကြောင်းလိုင်းအဖြစ် လေဆိပ် အဆောက်အဦး (၁) ကို အသုံးပြုခဲ့သည်။

လေဆိပ်အဆောက်အဦး (၂)

Thumb
​လေဆိပ်အ​ဆောက်အဦး (၂)

စင်ကာပူအခြေစိုက် CPG Corporation ၏ လေဆိပ်အဆင့်မြှင့်တင်ရေးဌာနမှ ဒီဇိုင်း ရေးဆွဲကာ မြန်မာနိုင်ငံ၏ ရှေ့ပြေး ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Asia World မှ အမေရိကန်ဒေါ်လာ ၁၃.၃သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့သည်။[] အ​ဆောက်အဦး အသစ်သည် ဆိုက်ရောက်ခရီးသည် ၉၀၀၊ထွက်ခွာခရီးသည် ၉၀၀ ကို တစ်ပြိုင်တည်း ဝန်ဆောင်မှုပေးနိုင်သည်။ လေဆိပ်ကြီးတစ်ခု လုံး၏ဒီဇိုင်းနှင့် အသေးစိပ်ကို အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (IATA) ၏ သတ်မှတ်ချက်များ၊ အပြည်ပြည်ဆိုင်ရာ ပြည်သူပြည်သားနှင့် ဆိုင်သောလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (ICAO) ၏ လုံခြုံရေးသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် စင်ကာပူဒေါ်လာ သန်း ၃၀ အသုံးပြုထားသည်။ အခြားမှတ်သားစရာအချက်အလက်များမှာ

  • ပြွတ်ကြပ်ခြင်းလျော့နည်းစေရန်ဆိုက်ရောက်နှင့်ထွက်ခွာ ကို တစ်ထပ်စီ ထား ထားသည်။
  • အလိုအလျှောက်လက်ဆွဲအိတ်ကိုင်တွယ်မှု၊ပေါင်းစပ်ထားသော check-in system
  • ဘိုးရင်း၇၄၇လေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့်ခရီးသည်ပို့ဆောင်သောရွေ့လျားတံတား ၄ ခု
  • အစိုးရ အရာရှိများ နှင့် စီးပွားရေးသမားများ အတွက် နားနေခန်းများ
  • မော်တော်ယာဉ် အစီးရေ ၃၄၀ ဆံ့သော နှစ်ထပ်ကားပါကင်တစ်ခုပါဝင်သည်။

လေဆိပ်အဆောက်အဦး (၃)

Thumb
၂၀၁၇ခုနှစ်က​တွေ့ရ​သော ပြည်တွင်း​ခရီးစဉ် အ​ဆောက်အဦး

လေဆိပ်အဆောက်အဦး (၂) တည်ဆောက်ပြီးစီးပြီးနောက် ပြည်ပခရီးစဉ်များ အားလုံးကို လေဆိပ်အဆောက်အဦး (၂) သို့ ပြောင်းရွေ့လိုက်သည်။ လေဆိပ်အဆောက်အဦး အဟောင်းမှာ ပြည်တွင်းခရီးစဉ်များသာ ကျန်ရှိခဲ့သည်။ ထို့နောက် လေဆိပ်အဆောက်အဦးအဟောင်း နေရာတွင် အဆောက်အဦးထပ်မံတည်ဆောက်ရန်အတွက် ပြည်တွင်းခရီးစဉ်များအားလုံးကို အရေးကြီးပုဂ္ဂိုလ်များ အဆောင်သို့ ရွေ့ပြောင်းလိုက်သည်။ လေဆိပ်အဆောက်အဦးကို ဖျက်၍ အသစ်တည်ဆောက်သော အဆောက်အဦး (၁) မှာလည်း ပြည်ပ ခရီးစဉ်များအတွက်သာ အသုံးပြုခဲ့သည်။

လေဆိပ်အဆောက်အဦး (၂) အနီးတွင် လေဆိပ်အဆောက်အဦး (၃) ကို တည်ဆောက်ကာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ပြည်တွင်းခရီးစဉ်များအားလုံးအတွက် အသုံးပြုခဲ့သည်။[] ယခင် ယာယီအသုံးပြုခဲ့သော အရေးကြီးပုဂ္ဂိုလ်များအဆောင်ကို ဖျက်သိမ်းခဲ့ပြီး လေဆိပ်အဆောက်အဦး (၁) နှင့် (၂) တို့ကို ချိတ်ဆက်ထားသည်။

Thumb
ယခင် ပြည်တွင်းထွက်ခွာ ​လေဆိပ်အ​ဆောက်အဦး​ဟောင်း
Remove ads

ပြေးဆွဲသည့် လေကြောင်းလိုင်းများ နှင့် မြို့များ

နောက်ထပ် အချက်အလက်များ လေကြောင်းလိုင်းများ, ပျံသန်းရာနေရာ ...
Remove ads

မတော်တဆဖြစ်စဉ်များနှင့် အခြားအဖြစ်အပျက်များ

  • ၁၉၇၈ခုနှစ် မတ် ၂၅တွင် မင်္ဂလာဒုံလေဆိပ်မှ ထွက်ခွါလာသော Fokker F-27 Friendship 200အမျိုးအစား လေယာဉ် XY-ADKသည် ထွက်ခွာပြီးမကြာမီ လယ်ကွင်းထဲပျက်ကျခဲ့ကာ လေယာဉ်ပေါ်ပါ ခရီးသည် ၄၈ဦးလုံး သေဆုံးခဲ့သည်။[]
  • ၁၉၉၈ခုနှစ် ဇန်နဝါရီ ၂၇တွင် မြန်မာ့လေကြောင်းလိုင်းပိုင် Fokker F27လေယာဉ်သည် ရန်ကုန်မှ ထွက်ခွာနေစဉ် တိမ်းမှောက်ကာ လေယာဉ်ပေါ်ပါ ခရီးသည် ၄၈ဦးအနက် ၁၆ဦး သေဆုံးခဲ့သည်။
  • ၂၀၁၇ခုနှစ် ဇန်နဝါရီ ၂၉တွင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှေ့နေ ဦးကိုနီသည် လေဆိပ်ဂိတ်နံပါတ် ၆ အပြင်၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
  • ၂၀၁၉ခုနှစ် မေ ၈တွင် Biman ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၆၀သည် ဒါကာမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာရာ အဆင်းတွင် ပြေးလမ်းချော်ခဲ့သည်။ လေယာဉ်မှူး၊လက်ထောက်လေယာဉ်မှူး နှင့် ခရီးသည်များအပါအဝင် ၃၃ဦး အသေးစားထိခိုက်ဒဏ်ရာများရရှိခဲ့သည်။[]
  • ၂၀၁၉ခုနှစ် ဩဂုတ် ၂တွင် မန္တလေးမှ ရန်ကုန်သို့ထွက်ခွာလာသော ရွှေမြန်မာလေကြောင်းလိုင်းပိုင် လေယာဉ် Y5-506 ATR-72-600လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြေးလမ်းသို့ ဆင်းသက်စဉ် ရှေ့ဘီးအဆင်းဂီယာကျိုးမှုဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်တွင် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါ။[]
Remove ads

ကုန်စည်ပို့ဆောင်

နောက်ထပ် အချက်အလက်များ လေကြောင်းလိုင်း, မြို့အမည် ...

လူသွားအများဆုံး နေရာများ

နောက်ထပ် အချက်အလက်များ အဆင့်, နေရာ/လေဆိပ် ...

[၁၀]

သယ်ယူပို့ဆောင်ရေး

ရန်ကုန်လေဆိပ်နှင့် မြို့တွင်းသို့ အငှားယာဉ်များဖြင့် သွားလာနိုင်သည်။၂၀၁၈ခုနှစ် ဇွန်လမှစတင်ကာ နံနက်၄နာရီမှ ၁၀နာရီအတွင်း YBS Shuttle Busအမည်ဖြင့် ရန်ကုန်လေဆိပ်မှ လေဆိပ်အဝင်အလမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်လမ်း၊ အလံပြဘုရားလမ်းနှင့် ဆူးလေဘုရားလမ်းအတိုင်း ဆူးလေအထိ ပြေးဆွဲလျက်ရှိသည်။[၁၁]မှတ်တိုင်များသည် လေဆိပ်အဆောက်အဦး (၁)နှင့် (၃) အနီးတွင် တည်ရှိသည်။

Thumb
YBS Shuttle Bus

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads