အလယ်တစ်ဝက်ပိတ်အပြန့်သရ
From Wikipedia, the free encyclopedia
Remove ads
အလယ်တစ်ဝက်ပိတ်အပြန့်သရ (အင်္ဂလိပ်: close-mid central unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨ɘ⟩ ဟုတင်ဆက်ထားသည်။ ဤအက္ခရာသည် e ကို မှန်တွင်မြင်ရသည့်ပုံစံဖြစ်၍ ရွှား ⟨ə⟩ နှင့် မရောထွေးရန်လိုအပ်သည်။[၁] ဤသင်္ကေတကို ၁၉၉၃ တွင် ထည့်သွင်းသတ်မှတ်ခဲ့ပြီး ယခင်က ဤသရသံကို လက်တင်စာလုံး e ကို အပေါ်ကအစက်နှစ်စက်ဖြင့် ရေးသားခဲ့ကြဖူးသည်။ အချို့သော ရှေးကျသည့်ရင်းမြစ်များ၌[၂] ⟨ɤ̈⟩ ဟူ၍ ဖလှယ်ရေးသားခဲ့ကြသည်။
အလယ်တစ်ဝက်အပြန့်သရကို ရည်ညွှန်းရန် ဤအက္ခရာကို အနိမ့် ဖြည့်စွက်အက္ခရာသုံး၍ ⟨ɘ̞⟩ ဟု ရေးသားနိုင်သည်။
ဆန့်ကျင်ဘက်သဘောအားဖြင့် အမြင့် ဖြည့်စွက်အက္ခရာသုံး၍ ⟨ə̝⟩ အဖြစ် ဖော်ပြနိုင်ကာ အလယ်တစ်ဝက်ပိတ်အပြန့်သရကို ရည်ညွှန်း၏ ။ တိတိကျကျရေးသားရမည်ဆိုလျှင် အပြန့်သဘောကိုညွှန်းဆိုသည့် ထပ်တိုးသင်္ကေတတင်၍ ⟨ə̝͑⟩ ဟုရေးသားနိုင်သည်။
Remove ads
အင်္ဂါရပ်များ
- တစ်ဝက်ပိတ်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထာအရး တစ်ဝက်သရထက် အပေါ်သို့ရောက်ရှိကာ အပိတ်နီးပါးသရ၏ အောက်ဘက်၌တည်ရှိသည်။
- သရ၏ ရှေ့နောက်သဘောအရ အလယ်သရအမျိုးအစားဖြစ်ရာ လျှာ၏တည်နေရာသည် အရှေ့သရနှင့် အနောက်သရကြားအလယ်တွင် ရှိသည်။
- အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads