၂၀၁၇ အာဆီယံထိပ်သီးအစည်းအဝေး

From Wikipedia, the free encyclopedia

၂၀၁၇ အာဆီယံထိပ်သီးအစည်းအဝေး
Remove ads

၂၀၁၇ အာဆီယံထိပ်သီးအစည်းအဝေး (အင်္ဂလိပ်: 2017 ASEAN Summit) သည် ၂၀၁၇ခုနှစ်က ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သော အကြိမ် (၃၀)နှင့် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲများဖြစ်သည်။ အာဆီယံကိုတည်ထောင်သည့် နှစ် (၅၀)ပြည့်မြောက်သည့်နှစ်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ကျင်းပသော ထိပ်သီးအစည်းအဝေးပွဲများဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသမ္မတ ရော်ဒရီဂို ဒူတာတေးက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အာဆီယံနိုင်ငံများ၊ ဆွေးနွေးဘက်နိုင်ငံများမှ အစိုးရအဖွဲ့အကြီးအကဲများ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Thumb
၃၁ကြိမ်​မြောက် အစည်းအ​ဝေး တက်​ရောက်လာသည့် ​ခေါင်း​ဆောင်များ
Remove ads

အထိမ်းအမှတ်များ

၂၀၁၇ အစည်းအဝေးများအတွက် အထိမ်းအမှတ်တံဆိပ်မှာ ၂၀၁၇အစည်းအဝေးများ၏ ရည်မှန်းချက်များကို ထင်ဟပ်ရန် ရေးဆွဲထားသည်။ တောက်ပနေသော အဝါရောင် နေလုံးမှာ အာဆီယံနိုင်ငံများ၏ သာယာဝပြောရေးနှင့် အာဆီယံ နှစ်(၅၀)ပြည့်အတွက် မျှော်လင့်ချက်များစတင်ခြင်းဖြစ်သည်။ အပြာရောင်လက်မှာ အာဆီယံနိုင်ငံများအကြား စည်းလုံးညီညွတ်သောအမြင်ကို ပြသည်။ အနီရောင်နှင့်အဖြူရောင် ပေါင်းစပ်ထားသော ချိုးငှက်မှာ ရဲစွမ်းသတ္တိနှင့် ဖျက်လက်မှုကိုပြသည်။ အဝါရောင်ကြယ် ၁၀လုံးကို တစ်တန်းတည်းထားခြင်းမှာ အာဆီယံ (၁၀)နိုင်ငံ၏ တန်းတူရှိမှုနှင့် တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုကိုပြသသည်။[]

Remove ads

အစည်းအဝေးပွဲများ

၂၀၁၇ခုနှစ် ဧပြီ (၂၈)ရက်နေ့တွင် မြောက်ကိုရီးယားနိုင်ငံ၏ နယူးကလီးယားလက်နက် စမ်းသပ်မှုကြောင့် ကိုရီးယားကျွန်းဆွယ်အရေး တင်းမာနေမှုများကို ပါဝင်သည့်နိုင်ငံများအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ၂၀၂၅ အာဆီယံအသိုက်အဝန်းဆိုင်ရာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးကြသည်။[]

အာဆီယံ၏ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနှင့် ပက်သက်၍ ကိုင်တွယ်မှုကို ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်မှလွဲ၍ ဖိလစ်ပိုင်၏ အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှုမှာ အောင်မြင်သည်ဟု သတ်မှတ်ကြသည်။

Remove ads

တက်ရောက်သူများ

မြန်မာနိုင်ငံမှလွဲ၍ ကျန်အာဆီယံနိုင်ငံအားလုံးမှ အစိုးရအဖွဲ့အကြီးအကဲ အားလုံး တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ အစိုးရအဖွဲ့အကြီးအကဲ သမ္မတ ဦးထင်ကျော် တက်ရောက်ခြင်းမရှိပဲ အစိုးရအဖွဲ့၏ လက်တွေ့အကြီးအကဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။[][]

Thumb
၃၁ကြိမ်​မြောက် အစည်းအ​​ဝေးတက်လာ​သော ​ဒေါ်​​အောင်ဆန်းစုကြည်
နောက်ထပ် အချက်အလက်များ အဖွဲ့ဝင်နိုင်ငံ, တက်​ရောက်သူ ...

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads