နိုင်ငံအလိုက် ဗုဒ္ဓဘာသာ
ကမ္ဘာတစ်ဝှမ်းရှိ ဗုဒ္ဓဘာသာကိုးကွယ်မှု From Wikipedia, the free encyclopedia
Remove ads
ဗုဒ္ဓဘာသာ သည် ၂၀၁၀ ခုနှစ်များ စာရင်းအရ ကမ္ဘာပေါ်ရှိ လူဦးရေ ၄၈၈ သန်းခန့်၊ [၁] ၄၉၅ သန်း၊[၂] သို့မဟုတ် ၅၃၅ သန်းခန့်[၃] အထိ ကိုးကွယ်ယုံကြည်သော ဘာသာတရားနှင့် အယူဝါဒဖြစ်ပြီး ကမ္ဘာ့စုစုပေါင်းလူဦးရေ၏ ၇% မှ ၈% အထိ ရှိသည်။

တရုတ်နိုင်ငံသည် ဗုဒ္ဓဘာသာဝင်ဦးရေ အများဆုံးသော နိုင်ငံတစ်ခုဖြစ်ပြီး ခန့်မှန်းခြေ ၂၄၄ သန်းခန့်ရှိကာ နိုင်ငံလူဦးရေ၏ ၁၈.၂% ခန့် ဖြစ်သည်။[၁] တရုတ်နိုင်ငံရှိ ဗုဒ္ဓဘာသာမှာ မဟာယာန ဗုဒ္ဓဘာသာ ဖြစ်သည်။ မဟာယနဗုဒ္ဓဘာသာသည် အရှေ့အာရှတွင် ယုံကြည်ကိုးကွယ်သည့် ဘာသာတရားဖြစ်ပြီး ကမ္ဘာ့ဗုဒ္ဓဘာသာဝင်ဦးရေ၏ ထက်ဝက်ခန့် ရှိသည်။[၁]
ဒုတိယအကြီးဆုံး ဗုဒ္ဓဘာသာဂိုဏ်းမှာ ထေရဝါဒ ဖြစ်ပြီး အရှေ့တောင်အာရှတွင် အများဆုံး ကိုးကွယ်ကြသည်။[၁] တတိယနှင့် အသေးငယ်ဆုံးသော ဂိုဏ်းမှာ တန္တရယန ဖြစ်ပြီး တိဗက်၊ ဟိမဝန္တာဒေသ၊ မွန်ဂိုးလီးယားနှင့် ရုရှားနိုင်ငံ၏ နေရာအချို့တွင် ကိုးကွယ်ကြသည်။[၁]
ပီတာဟာဗေး၏ ၂၀၁၃ ခုနှစ် လေ့လာတွေ့ရှိချက်များအရ[၃]
- အရှေ့ပိုင်းဗုဒ္ဓဘာသာ (မဟာယန) တွင် ကိုးကွယ်သူ သန်း ၃၆၀၊
- တောင်ပိုင်းဗုဒ္ဓဘာသာ (ထေရဝါဒ) တွင် ကိုးကွယ်သူ သန်း ၁၅၀၊
- မြောက်ပိုင်းဗုဒ္ဓဘာသာ (တန္တရယန) တွင် ကိုးကွယ်သူ ၁၈.၂ သန်း ရှိပြီး
- အာရှမဟုတ်သော ကျန်နေရာများရှိ ဗုဒ္ဓဘာသာဝင်မှာ ၇ သန်း ဖြစ်သည်။
Remove ads
ဗုဒ္ဓဘာသာဝင် အများဆုံးရှိရာ နိုင်ငံများစာရင်း
ဗုဒ္ဓဘာသာဝင် ရာခိုင်နှုန်းအများဆုံးရှိရာ နိုင်ငံ ၁၀ နိုင်ငံ ရှိသည်။
Remove ads
နိုင်ငံအလိုက်
Remove ads
ဒေသအလိုက်
ဗုဒ္ဓဘာသာဝင်ဦးရေ အများဆုံးသော နိုင်ငံ ဆယ်ခု
Remove ads
ရည်ညွှန်းချက်များ
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads