ညိုစော
နိုင်ငံတော်ဝန်ကြီးချုပ် (၂၀၂၅-လက်ရှိ) From Wikipedia, the free encyclopedia
Remove ads
ဗိုလ်ချုပ်ကြီး (ငြိမ်း) ညိုစော သည် ၂၀၀၈ ခုနှစ်၊ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်တွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ဝန်ကြီးချုပ် နှင့် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဖြစ်သည်။ ယင်းမတိုင်မီက သူသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်ခဲ့သည်။[၂] [၃]
၎င်းသည် စစ်ထောက်ချုပ်ရာထူးအပြင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံရေးရာထူးများတွင်ပါ တာဝန်ယူခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်စိတ်ချရသူတစ်ဦးအဖြစ် ထင်ရှားသည်။
Remove ads
စစ်မှုထမ်းဘဝနှင့် အဓိကရာထူးများ
ဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ မှ ဆင်းသက်ခဲ့ပြီး အောက်ပါရာထူးများကို ထမ်းဆောင်ခဲ့သည်-
- တပ်ရင်းမှူး: နဝတအစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့၏ လုံခြုံရေးကို တာဝန်ယူရသော အမှတ် ၃၀၃ ခြေမြန်တပ်ရင်း၏ တပ်ရင်းမှူးအဖြစ် တာဝန်ယူခဲ့သည်။
- ကျောင်းအုပ်ကြီး: တပ်မတော်နည်းပညာတက္ကသိုလ်နှင့် စစ်တက္ကသိုလ်တို့တွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- တိုင်းမှူး: တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- စစ်ထောက်ချုပ်: ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ စစ်ထောက်ချုပ်အဖြစ် တာဝန်ယူခဲ့သည်။ စစ်ထောက်ချုပ်သည် မြန်မာ့တပ်မတော်အတွက် တိုက်လေယာဉ်နှင့် စစ်လက်နက်များ ဝယ်ယူရေးကအစ ကုန်ပစ္စည်းများ ဝယ်ယူရေးအထိ အဆုံးအဖြတ်ပေးရသည့် အဆင့်မြင့်ရာထူးတစ်ခု ဖြစ်သည်။
Remove ads
စစ်တပ်ပိုင်စီးပွားရေးနှင့် အကျိုးစီးပွားကာကွယ်ပေးသူ
ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးများ၌ တရားဝင်ရာထူးများ ရယူထားပြီး စစ်ခေါင်းဆောင်မိသားစု၏ အကျိုးစီးပွားကို ကာကွယ်ပေးသူအဖြစ်လည်း လူသိများသည်။[၄]
- မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC): စစ်ထောက်ချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့သော်လည်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။ လက်ရှိတွင်မူ MD ဦးကျော်လင်းထံသို့ တာဝန်များ လွှဲပြောင်းပေးအပ်ထားသည်။[၅]
- ကန်သာယာဆေးရုံ: စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစု၏ အရင်းအနှီးများစွာ ပါဝင်ပြီး ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ကန်သာယာဆေးရုံကို တည်ဆောက်ပေးခဲ့သူမှာ ၎င်းဖြစ်ပြီး ယင်းဆေးရုံကို MEC က ပိုင်ဆိုင်သည်ဟု ထုတ်ပြန်ထားသည်။[၆]
- အင်းဝဘဏ်: စစ်တပ်ပိုင် အင်းဝဘဏ်၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။[၇]
- ရုရှားမှ ဆီဝယ်ယူရေး: ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူရေးကို ဦးဆောင်ခဲ့သည်။[၈] [၉]
Remove ads
နိုင်ငံရေးရာထူးများနှင့် တာဝန်များ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြီး ညိုစောသည် အောက်ပါနိုင်ငံရေးရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်: ၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်ထားသည့် ဤရာထူးဖြင့် ခန့်အပ်ခံရသည်။[၁၀]
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်: ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသည်။
- ဘတ်ဂျက်စိစစ်ဖြတ်တောက်ရေးကော်မတီဥက္ကဋ္ဌ: စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အယုံကြည်ရဆုံးသူဖြစ်လာပြီးနောက် နိုင်ငံတော်၏ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးတွင် အရေးပါသော ဘတ်ဂျက်စိစစ်ဖြတ်တောက်ရေးကော်မတီ၏ ဥက္ကဋ္ဌရာထူးကို တာဝန်ယူခဲ့သည်။ ယင်းရာထူးသည် ယခင်အစိုးရများလက်ထက်တွင် ဒုတိယသမ္မတများကသာ လုပ်ဆောင်ရသည့် တာဝန်ဖြစ်သည်။[၁၁]
- ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရခြင်း: ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့နှင့်အတူ ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ခံခဲ့ရသည်။ တပ်လက်ကိုင်မရှိဘဲ တပ်မတော်အရန်အင်အားထဲမှနေ၍ ဗိုလ်ချုပ်ကြီးအဆင့်တိုးခဲ့သူအဖြစ် စာရင်းဝင်သည်။[၁၂]
နိုင်ငံတော်ဝန်ကြီးချုပ်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ပြီး အမိန့်အမှတ် ၂/၂၀၂၅ အားဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ ဦးညိုစောက နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာသည်။ ဦးညိုစောသည် နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးအပြင် ဝန်ကြီးဌာနအသစ် ဖြစ်သော အမျိုးသားစီမံကိန်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး တာဝန်ကိုလည်း ပူးတွဲတာဝန်ယူသည်။ [၁၃] ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစား အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်၏ အဖွဲ့ဝင်လည်း ဖြစ်သည်။
Remove ads
ပုဂ္ဂိုလ်ရေးဘဝ
ဗိုလ်ချုပ်ကြီး ညိုစောသည် ဒေါ်စန်းစန်းမြင့်နှင့် လက်ထပ်ခဲ့သည်။ ဒေါ်စန်းစန်းမြင့်သည် ရုပ်ရှင်သရုပ်ဆောင် မေသဉ္ဇာဦး (ဒေါ်စန်းစန်းအေး) ၏ အစ်မဖြစ်ပြီး ပြေးခုန်ပစ် အားကစားမယ်တစ်ဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သမီးများနှင့် ခင်မင်ရင်းနှီးမှုကြောင့် ရာထူးတိုးလာခဲ့သည်ဟု စစ်တပ်အသိုင်းအဝိုင်းက ဆိုသည်။ ၎င်း၏ ဖခင်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရလက်ထက် ကရင်ပြည်နယ်တွင် သစ်တောအရာရှိဖြစ်ခဲ့ပြီး NLD အစိုးရလက်ထက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၏ ဖခင်နှင့် ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးခဲ့ကြသည်။[၁၄]
Remove ads
နိုင်ငံတကာပိတ်ဆို့မှုများ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ညိုစော၏အမည်သည် ဥရောပသမဂ္ဂ (EU) ၏ ထပ်တိုးအရေးယူပိတ်ဆို့သည့် စာရင်းတွင် ပါဝင်လာခဲ့သည်။ ယင်းပိတ်ဆို့မှုတွင် ၎င်း၏ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ စီးပွားရေးအရင်းအမြစ်များအား ပိတ်ပင်ခြင်းနှင့် ဥရောပဒေသအတွင်း ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများ ပါဝင်သည်။
ရရှိခဲ့သောဆုတံဆိပ်များ
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့တွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် တည်ထားကိုးကွယ်သည့်ကိစ္စတွင် ပါဝင်ကူညီခဲ့မှုနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၎င်းအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ /၂၀၂၃ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သရေစည်သူဘွဲ့ ပေးအပ်သည်။[၁၅]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads