မြန်မာနိုင်ငံ ရွေးကောက်ပွဲများ
From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံသည် ၁၉၂၂ ခုနှစ် မှစ၍ အထွေထွေရွေးကောက်ပွဲပေါင်း ၁၇ ခု ကျင်းပခဲ့ပြီး ဖြစ်သည်။ ခေတ်သစ်မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲများသည် ပြည်ထောင်စု၊ တိုင်း/ပြည်နယ် သို့မဟုတ် ဒေသဟု အဆင့်များ သတ်မှတ်ကာ ကျင်းပကြသည်။ ခေါင်းဆောင်တင်မြှောက်သည့် ကိုယ်စားလှယ်အဖွဲ့က နိုင်ငံအဆင့်တွင် နိုင်ငံတော်၏ အကြီးအကဲ၊ သမ္မတတို့ကို ရွေးချယ်ကြသည်။
လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုလွှတ်တော်၊ သမ္မတ၊ အစိုးရအဖွဲ့တို့၏ သက်တမ်းသည် ၅ နှစ် ဖြစ်သည်။[၁]
Remove ads
ဖြစ်ရပ်များ
ရွေးကောက်ပွဲအားလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူကျင်းပသည်။ နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်တွင် ကျင်းပခဲ့သည်။ ထို့ရွေးကောက်ပွဲတွင် မြန်မာ့တပ်မတော်သည် သောင်းပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲလိမ်သည်ဟု စွပ်စွဲပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပိုက်ခဲ့သည်။
ကိုလိုနီခေတ်
ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံ၌ ဒိုင်အာခီစနစ် (Diarchy) နှင့် အခြားပြုပြင်ပြောင်းလဲရေးများအရ ဥပဒေပြုကောင်စီအတွက် ရွေးကောက်ပွဲများကို စတင်ကျင်းပခဲ့သည်။ ဤရွေးကောက်ပွဲတွင် မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံရေးပါတီအချို့ စတင်ပေါ်ပေါက်လာခဲ့သည်။
၁၉၃၂ ခုနှစ် ရွေးကောက်ပွဲတွင် ဗြိတိသျှအိန္ဒိယမှ ခွဲထွက်သင့်၊ မခွဲထွက်သင့် ဆန္ဒမဲပေးသည့် ရွေးကောက်ပွဲဖြစ်ပြီး ခွဲထွက်ရေးဘက်က အနိုင်ရခဲ့သည်။
၁၉၃၆ ခုနှစ် အထွေထွေရွေးကောက်ပွဲ
၁၉၃၅ မြန်မာနိုင်ငံတော်အစိုးရအက်ဥပဒေအရ ကျင်းပသည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ပြီး အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံအစိုးရကို ဖွဲ့စည်းရန် ရည်ရွယ်သည်။ ဤရွေးကောက်ပွဲတွင် ဒေါက်တာဘမော်၏ "ဆင်းရဲသားပါတီ" နှင့် ဦးဘဖေ၏ "ငါးပွင့်ဆိုင်အဖွဲ့ချုပ်" တို့ အဓိက ယှဉ်ပြိုင်ခဲ့ကြသည်။
Remove ads
လွတ်လပ်ပြီး ပါလီမန်ဒီမိုကရေစီခေတ် (၁၉၄၈-၁၉၆၂)
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် အစောပိုင်းကာလတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး အောက်ပါအထွေထွေရွေးကောက်ပွဲများကို ကျင်းပခဲ့သည်-
၁၉၅၁-၁၉၅၂ ခုနှစ် အထွေထွေရွေးကောက်ပွဲ
လွတ်လပ်ရေးရပြီး ပထမဆုံးကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲဖြစ်သည်။ ပြည်တွင်းမတည်ငြိမ်မှုများကြောင့် အပိုင်းလိုက်ကျင်းပခဲ့ရသည်။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖ.ဆ.ပ.လ) က အများစုအနိုင်ရခဲ့ပြီး ဦးနုသည် ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။
၁၉၅၆ ခုနှစ် အထွေထွေရွေးကောက်ပွဲ
ဖ.ဆ.ပ.လ ပါတီသည် အနိုင်ရခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်သည် ၁၉၅၁-၅၂ ခုနှစ် ရွေးကောက်ပွဲထက် မဲအပြတ်အသတ် နည်းပါးခဲ့သည်။ အတိုက်အခံ "ပြည်သူ့ညီညွတ်ရေးတပ်ဦး" သည် ထောက်ခံမှု အများအပြား ရရှိခဲ့သည်။
၁၉၆၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ
ဦးနု၏ သန့်ရှင်း ဖ.ဆ.ပ.လ နှင့် ဦးဗဟန်း၏ တည်မြဲ ဖ.ဆ.ပ.လ တို့ ပြိုင်ဆိုင်ခဲ့ကြရာ သန့်ရှင်း ဖ.ဆ.ပ.လ က အပြတ်အသတ် အနိုင်ရခဲ့သည်။ ဤရွေးကောက်ပွဲသည် ပါလီမန်ဒီမိုကရေစီခေတ်၏ နောက်ဆုံးရွေးကောက်ပွဲဖြစ်သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (၁၉၇၄-၁၉၈၈)
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် တစ်ပါတီစနစ် (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ - မ.ဆ.လ) အောက်သို့ ရောက်ရှိခဲ့သည်။ ဤကာလအတွင်း ရွေးကောက်ပွဲများသည် အမည်ခံသာဖြစ်ပြီး တကယ်တမ်းတွင် စစ်အစိုးရ၏ ဆုပ်ကိုင်မှုကို ခိုင်မာစေခဲ့သည်-
၁၉၇၄ ခုနှစ် အထွေထွေရွေးကောက်ပွဲ
မ.ဆ.လ ပါတီကသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့သည်။
၁၉၇၈ ခုနှစ် အထွေထွေရွေးကောက်ပွဲ
မ.ဆ.လ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
၁၉၈၁ ခုနှစ် အထွေထွေရွေးကောက်ပွဲ
မ.ဆ.လ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး သမ္မတဦးစန်းယုကို ရွေးချယ်တင်မြှောက်ခဲ့သည်။
၁၉၈၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ
မ.ဆ.လ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
Remove ads
၁၉၈၈ ခုနှစ် အရေးတော်ပုံနှင့် စစ်အစိုးရကာလ (၁၉၈၈-၂၀၁၀)
နေဝင်း၏ တစ်ပါတီလမ်းစဉ်စနစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP) သည် ၁၉၈၈ ခုနှစ်တွင် ကျဆုံးခဲ့သည်။ ရှစ်လေးလုံးအရေးအခင်း ဖြစ်ပွားပြီး နောက်ပိုင်း ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အမည်ဖြင့် အုပ်ချုပ်ခဲ့သည်။
၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) က ကျင်းပပေးခဲ့သည်။ အဓိကအတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အနိုင်ရခဲ့သည်။ အဓိကနေရာ ၄၉၂ နေရာတွင် ၃၉၂ နေရာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ တစ်ပါတီစနစ်အောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အစိုးရသစ်တစ်ခုကို ဖွဲ့စည်းရမည် ဖြစ်သည်။ သို့သော် SLORC သည် ရွေးကောက်ပွဲ၏ ရလဒ်ကို ငြင်းဆိုခဲ့သည်။
Remove ads
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလက်ထက် (၂၀၁၀-၂၀၂၁)
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက် မြန်မာနိုင်ငံသည် ပါတီစုံစနစ်ဖြင့် ရွေးကောက်ပွဲများကို ပြန်လည်ကျင်းပခဲ့သည်-
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းသည် နိုင်ငံရေးမတည်ငြိမ်မှုများ၊ အာဏာသိမ်းမှုများနှင့် ဒီမိုကရေစီအရေးအတွက် ရုန်းကန်လှုပ်ရှားမှုများကို ထင်ဟပ်နေပါသည်။
၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အများစု အနိုင်ရခဲ့ပြီး ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအသွင်ပြောင်း အစိုးရကို ဖွဲ့စည်းခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ
NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ဤရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးတွင် သမိုင်းဝင်အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သည်။
အမျိုးသားလွှတ်တော်


အမျိုးသားလွှတ်တော် နေရာ ၂၂၄ နေရာတွင် ၁၆၈ နေရာအတွက် အရွေးခံခဲ့ကြသည်။ ကျန် ၅၈ နေရာ (၂၅%) သည် အရွေးခံသည့် အထဲတွင် မပါပေ။ ထို ၂၅ % သည် တပ်မတော် ကိုယ်စားလှယ်များအတွက် ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများ တစ်ခုစီတွင် အဖွဲ့ဝင် ၁၂ ယောက် ရွေးချယ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုစီမှ အဖွဲ့ဝင် တစ်ဦးစီလည်း ပါဝင်သည်။
ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်တွင် နေရာ ၄၄၀ တွင် ၃၃၀ သည် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ရှမ်းပြည်နယ်ရှိ (၇) နေရာသည် မငြိမ်မသက်ဆူပူမှုများ ဖြစ်နေသည့်အတွက် နောက်မှ ရွေးချယ်မည် ဖြစ်ပြီး ၃၂၃ နေရာအတွက်သာ ရွေးချယ်ခဲ့သည်။[၄] ကျန်သော နေရာ ၁၁၀ (၂၅%) သည် တပ်မတော်ကိုယ်စားလှယ်များအတွက် ဖြစ်သည်။ မြို့နယ်နှင့် လူဦးရေပေါ်မူတည်ကာ မဲဆန္ဒနယ်များမှ အဖွဲ့ဝင်များကို ရွေးချယ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေအထွေရွေးကောက်ပွဲ
NLD ပါတီသည် အပြတ်အသတ် ထပ်မံအနိုင်ရရှိခဲ့သည်။ သို့သော် မြန်မာ့တပ်မတော်က မဲမသမာမှုများရှိသည်ဟု စွပ်စွဲကာ ရွေးကောက်ပွဲရလဒ်များကို လက်မခံခဲ့ပေ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းယူခဲ့ပြီး ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချခဲ့သည်။ ၎င်းသည် လက်ရှိနိုင်ငံရေးအကျပ်အတည်း၏ အစဖြစ်သည်။
Remove ads
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်
မှတ်စုများ
- Net Gain/Loss numbers shown are compared with the results of the previous general election, not with the results of the by-elections in 2012.
ဆက်စပ်အကြောင်းအရာများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads