အာဆီယံထိပ်သီးအစည်းအဝေး
From Wikipedia, the free encyclopedia
Remove ads
အာဆီယံ ထိပ်သီးအစည်းအဝေးသည် အာဆီယံနိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ရသည့် စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် လူမှုဘဝတိုးတက်ရေးတို့အတွက် ဆွေးနွေးရန် နှစ်စဉ်ကျင်းပသော အစည်းအဝေးဖြစ်သည်။ ထို့အပြင် အခြားသော နိုင်ငံတကာခေါင်းဆောင်များနှင့်လည်း အစည်းအဝေးပွဲများ တစ်ဆက်တည်း ကျင်းပကြသည်။ ကမ္ဘာ့အဆင့် ရလဒ်များ ထုတ်ပြန်မှုကြောင့် နိုင်ငံတကာ၏ လက်ခံမှုရရှိထားသော အစည်းအဝေးဖြစ်သည်။
Remove ads
လုပ်ပိုင်ခွင့်များ
- အာဆီယံ၏ မူဝါဒချမှတ်ပေးသည့် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်ရမည်။
- အာဆီယံ၏ ရည်မှန်းချက်များ လက်တွေ့အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းသော အဓိကကျသည့် ကိစ္စရပ်များအပေါ်တွင်လည်းကောင်း၊ အသင်းဝင်နိုင်ငံများ၏ အကျိုးစီးပွားအတွက် အရေးကြီးသော ကိစးရပ်များအပေါ်တွင်လည်းကောင်း၊ အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၊ အာဆီယံအသိုက်အဝန်းကောင်စီ၊ အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများက တင်ပြလာသည့် ကိစ္စရပ်များအပေါ်တွင်လည်းကောင်း၊ ဆွေးနွေးခြင်း၊ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ခြင်းနှင့် ဆုံးဖြတ်ခြင်းပြုလုပ်ရမည်။
- သက်ဆိုင်ရာကောင်စီအသီးသီးမှ သက်ဆိုင်ရာဝန်ကြီးများအား ယာယီဝန်ကြီးအဆင့်အစည်းအဝေးများ ကျင်းပရန် လမ်းညွှန်ခြင်းနှင့် အသိုက်အဝန်းကောင်စီတစ်ခုထက်မက ကျော်လွန်သက်ရောက်မှုရှိသည့် အာဆီယံနှင့် ပက်သက်သော အရေးကြီးသော ကိစ္စရပ်များကို အရေးယူဆောင်ရွက်ရန် ညွှန်ကြားရမည်။အဆိုပါအစည်းအဝေးများကျင်းပရန် လုပ်ထုံးလုပ်နည်းများကို အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ချမှတ်ပေးရမည်။
- အာဆီယံနိုင်ငံများအပေါ် ထိခိုက်မှုရှိမည့် အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဆောင်ရွက်ရန် သင့်လျော်သည့် အရေးယုဆောင်ရွက်မှုများ ပြုလုပ်ရမည်။
- အာဆီယံပဋိညာဉ်စာတမ်းပါ အခန်း(၇) - ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အခန်း(၈) - အငြင်းပွားမှုများကို ဖြေရှင်းခြင်း တို့အပေါ် ဆုံးဖြတ်ပေးရမည်။
- အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အခြားသောအာဆီယံအဖွဲ့အစည်းများ ခူထောင်ခြင်းနှင့် ဖျက်သိမ်းခြင်းအပေါ် ခွင့်ပြုချက်ပေးရမည်။
- ဝန်ကြီးအဆင့်ရှိသော အထွေထွေအတွင်းရေးမှူးချုပ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ထောက်ခံချက်အရ အကြီးအကဲများ၏ ယုံကြည်အားရနှစ်ခြိုက်မှုဖြင့် ခန့်အပ်ရမည်။
Remove ads
သမိုင်းကြောင်း
ပထမဆုံးအစည်းအဝေးကို ၁၉၇၆ ဖေဖော်ဝါရီတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ကျင်းပခဲ့သည်။ ဤပွဲတွင် အာဆီယံ၏ ပြင်ပနိုင်ငံများနှင့် ဆက်ဆံရေးအသွင်ကို ပြသခဲ့သည်။ ချစ်ကြည်ရေးနှင့် ပူးပေါင်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ
အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံ၏ မူဝါဒရေးရာ အဆင့်မြင့်အစည်းအဝေးတစ်ခုဖြစ်သည်။ထိုအစည်းအဝေးသို့ နိုင်ငံတော်ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။အာဆီယံအလှည့်ကျဥက္ကဋ္ဌမှာ နိုင်ငံ၏ အင်္ဂလိပ်စကားလုံးပေါ်တွင် အစဉ်လိုက် အလှည့်ကျ တာဝန်ယူရသည်။အလှည့်ကျဥက္ကဋ္ဌသည် ပြက္ခဒိန်တစ်နှစ်စာတာဝန်ယူရပြီး ထိပ်သီးအစည်းအဝေးအပါအဝင် ဆက်စပ်အစည်းအဝေးများကို လက်ခံကျင်းပရသည်။[၁] ၂၀၂၃ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌမှာ အင်ဒိုနီးရှားနိုင်ငံ သမ္မတဖြစ်သည်။ အောက်ပါတို့မှာ အာဆီယံနိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအကြီးအကဲများဖြစ်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ
ASEAN Summit | ||||||||
အဖွဲ့ဝင်နိုင်ငံ | ကိုယ်စားလှယ် | အဖွဲ့ဝင်နိုင်ငံ | ကိုယ်စားလှယ် | အဖွဲ့ဝင်နိုင်ငံ | ကိုယ်စားလှယ် | |||
အရှေ့တောင်အာရှနိုင်ငံများအသင်း | အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn ( ![]() |
![]() – ဘရူနိုင်းဒါရုစလမ်နိုင်ငံ |
![]() ဆူတန် ဟန်ဆာနယ် ဘိုကီးယက် |
![]() – ကမ္ဘောဒီးယားဘုရင့်နိုင်ငံ |
![]() ဝန်ကြီးချုပ် ဟွန်မာနက် | |||
![]() – အင်ဒိုနီးရှားသမ္မတနိုင်ငံ |
![]() သမ္မတ ဂျိုကို ဝီဒိုဒို |
![]() – လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ |
![]() ဝန်ကြီးချုပ် Sonexay Siphandone |
![]() – မလေးရှားဖက်ဒရယ်နိုင်ငံ |
![]() ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် | |||
![]() – ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် |
![]() ဝန်ကြီးချုပ် မင်းအောင်လှိုင် |
![]() – ဖိလစ်ပိုင်သမ္မတနိုင်ငံ |
![]() သမ္မတ ဘွန်ဘွန်မားကို့စ် |
![]() – စင်ကာပူသမ္မတနိုင်ငံ |
![]() ဝန်ကြီးချုပ် လီရှန်လုံး | |||
![]() – ထိုင်းဘုရင့်နိုင်ငံ |
![]() ဝန်ကြီးချုပ် ဆေထာ ထဝီဆင် |
![]() – ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ |
![]() ဝန်ကြီးချုပ် ဖန်မင့်ချင် |
ကျင်းပခဲ့သည့်အစည်းအဝေးပွဲများ
ဘန်ကောက်မြို့တွင်ကျင်းပသော ၅ကြိမ်မြောက်အစည်းအဝေးမှစတင်၍ ပုံမှန်အစည်းအဝေးများအတွင်း ပုံမှန်မဟုတ်သည့်အစည်းအဝေးများပါကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။
Remove ads
အာဆီယံအပေါင်း အစည်းအဝေးများ
အာဆီယံ အပေါင်း ၃ အစည်းအဝေးအဖြစ် အာဆီယံနှင့် ရည်မှန်းချက်တူနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့နှင့်လည်း (တွေ့ဆုံဆွေးနွေးရေးမိတ်ဖက်နိုင်ငံ) နှစ်စဉ်ကျင်းပသည်။
- အာဆီယံခေါင်းဆောင်များသည် ဒေသတွင်းအဖွဲ့အစည်း အစည်းအဝေး ကျင်းပခြင်း
- အာဆီယံဒေသတွင်းဖိုရမ်များကို နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ကျင်းပခြင်း
- တွေ့ဆုံဆွေးနွေးရေး မိတ်ဖက်နိုင်ငံ ၃နိုင်ငံမှ ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်း
- နောက်ထပ် တွေ့ဆုံဆွေးနွေးရေး မိတ်ဖက်နိုင်ငံ ၂ နိုင်ငံ (ဩစတေးလျ၊ နယူးဇီလန်) တို့နှင့် ကျင်းပခြင်း
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads