ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၂

From Wikipedia, the free encyclopedia

ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၂
Remove ads

မြန်မာနိုင်ငံ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည်။[] ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြောက်ခံရသော လွှတ်တော်အမတ်များ အစိုးရအဖွဲ့ ဝန်ကြီးဌာနများတွင် အုပ်ချုပ်ရေး အရာရှိများအဖြစ် တာဝန်ယူရာမှ လစ်လပ်သွားသော အမတ်နေရာများကို ဖြည့်ဆည်းရန် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် ၆ နေရာနှင့် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး၏ လွှတ်တော်အမတ် ၂ နေရာ ပေါင်း ၄၈ နေရာအတွက် ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သည်။ သို့သော် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော် စသော ၃ မြို့နယ်တွင် လုံခြုံရေး အကြောင်းအရင်းကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့သည်။[][]

အချက်တိုများ ပြည်သူ့လွှတ်တော် အမတ်နေရာ ၄၄၀ အနက် ၄၀ နေရာအမျိုးသားလွှတ်တော် အမတ်နေရာ ၂၂၄ နေရာအနက် ၆ နေရာ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ, ပထမပါတီ ...
Thumb
ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် မဲထည့်နေသော အမျိုးသမီးတစ်ဦး

အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာမူ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် လစ်လပ်နယ်မြေမှ ပါဝင်ခဲ့ရာ မဲရနှုန်း ၉၉ ရာခိုင်နှုန်းခန့်ဖြင့် အနိုင်ရခဲ့သည်။[] ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်သည့် ၄၄ နယ်မြေအနက် ရှမ်းပြည်နယ် လားရှိုးနယ်မြေ မှလွဲ၍ ၄၃ နေရာကို အနိုင်ရခဲ့သည်။[][][] အန်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော် ၄၄၀ နေရာအနက် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၂၂၄ နေရာအနက် ၄ နေရာကို ရရှိခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads