From Wikipedia, the free encyclopedia
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များအတွက် ရွေးချယ်မည်ဖြစ်သည်။၂၀၂၁ခုနှစ် ဇူလိုင်လ ၂၆ရက်နေ့တွင် ဤရွေးကောက်ပွဲရလဒ်များကို စစ်ကောင်စီမှဖွဲ့စည်းသည့် ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။[1]
| |||||||||||||||||||||||||
ပြည်သူ့လွှတ်တော် ၄၄၀ နေရာအနက် ၃၁၅ အမျိုးသားလွှတ်တော် ၂၂၁ နေရာအနက် ၁၆၁ ပြိုင်ဖက်ကို အနိုင်ရရန် ၁၁၃ နေရာ လိုအပ် | |||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| |||||||||||||||||||||||||
ရွေးကောက်ပွဲရလဒ်ပြမြေပုံများ | |||||||||||||||||||||||||
|
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုများရှိနေသော်လည်း ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ဇွန်လ (၄)ရက်နေ့တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါမှာ ထိန်းချုပ်နေနိုင်သည့် အနေအထားတွင် ရှိနေပြီးဖြစ်ကာ ရွေးကောက်ပွဲရက်ကို လေးလကြိုတင် အသိပေးမည်ဟု ပြောကြားခဲ့သည်။ ၂၀၂၀ ဇွန်လအထိ မဲဆန္ဒရှင် ၃၇သန်းရှိနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။[2]
လက်ရှိ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်အတွက် တာမွေမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းပေးထားသည်။[3]
၂၀၂၀ပြည့်နှစ် ဇွန်လ (၂၉)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲဆန္ဒနယ်မြေများကို ကြေညာခဲ့ရာ ပြည်သူ့လွှတ်တော်အတွက် ကချင်(၁၈)၊ ကယား(၇)၊ ကရင်(၇)၊ ချင်း(၉)၊ စစ်ကိုင်း(၃၇)၊ တနင်္သာရီ(၁၀)၊ ပဲခူး(၂၈)၊ မကွေး(၂၅)၊ မန္တလေး (ပြည်ထောင်စုနယ်မြေအပါ)(၃၆)၊ မွန်(၁၀)၊ ရခိုင်(၁၇)၊ ရန်ကုန်(၄၅)၊ ရှမ်း(၅၅)၊ ဧရာဝတီ(၂၆) စုစုပေါင်း နယ်မြေ (၃၃၀) သတ်မှတ်သည်။[4]
အမျိုးသားလွှတ်တော်အတွက် တိုင်းနှင့်ပြည်နယ် (၁၄)ခုအတွက် တစ်ခုစီလျှင် မဲဆန္ဒနယ် (၁၂)ခု စုစုပေါင်း (၁၆၈)ခု သတ်မှတ်သည်။ ပြည်ထောင်စုနယ်မြေမှ ခရိုင်(၂)ခုအား မန္တလေးတိုင်းဒေသကြီးအတွင်း ထည့်သွင်းသတ်မှတ်သည်။[5]
တိုင်း/ပြည်နယ်လွှတ်တော်များအတွက် မဲဆန္ဒနယ် (၆၄၄)ခု သတ်မှတ်သည်။ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် (၂၉)ခု သတ်မှတ်ထားသည်။[6]
လက်ရှိ အာဏာရအစိုးရအဖွဲ့မှ သမ္မတ ဦးဝင်းမြင့်သည် ရန်ကုန်တိုင်း တာမွေမြို့နယ်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်များမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံမည်ဖြစ်ကြောင်း ဇူလိုင် ၂၃ရက်နေ့တွင် ကြေညာခဲ့သည်။
ဇူလိုင်လ ၂၅ရက်နေ့တွင် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများတွင် ၂ပတ်တာ ကြေညာခဲ့သည်။ ရှမ်းပြည်နယ်အတွင်းရှိ 'ဝ'ဒေသ ၄မြို့နယ်တွင်မူ မဲစာရင်း ကြေညာနိုင်ခြင်း မရှိသေးပေ။[7]ပထမအကြိမ်မဲစာရင်းကပ်ရာတွင် မိသားစုလိုက် မပါဝင်ခြင်း၊ အချက်အလက်များ မှားယွင်းနေခြင်း၊ မိသားစုတွင်း သေဆုံးသူများ မဲစာရင်းတွင် ပါဝင်ကာ ကျန်ရစ်သူများ မဲစာရင်းတွင် မပါခြင်း စသည့် အမှားအယွင်းများစွာရှိသဖြင့် ရွေးကောက်ပွဲကော်မရှင်အား ဝေဖန်ခဲ့ကြသည်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကမူ မဲစာရင်းမှားယွင်းမှုများနှင့် ပက်သက်၍ ကော်မရှင်တစ်ခုထဲက တာဝန်ရှိသည်ဆိုလျှင် မတရားကြောင်း ၂၀၁၉ခုနှစ် မတ်လက ပြောကြားခဲ့သည်။[8]
အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် လည်းကောင်း၊[10] အောက်တိုဘာလ ၂၇ ရက်နေ့တွင် လည်းကောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ကျင်းပခြင်း မပြုနိုင်သည့် နယ်မြေများမှာ -
တို့ ဖြစ်ကြသည်။
ပါတီ | ဆန္ဒမဲ | % | အမတ်နေရာ | % | +/– | |
---|---|---|---|---|---|---|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ၁၃၈ | |||||
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | ၇ | |||||
ရခိုင်အမျိုးသားပါတီ | ၄ | |||||
မွန်ညီညွတ်ရေးပါတီ | ၃ | |||||
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ | ၃ | |||||
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် | ၂ | |||||
တအောင်း(ပလောင်)အမျိုးသားပါတီ | ၂ | |||||
ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် | ၁ | |||||
ဒီမိုကရေစီပါတီသစ်(ကချင်) | ၁ | |||||
တစ်သီးပုဂ္ဂလ | ၀ | |||||
အခြား | ၀ | |||||
ရွေးကောက်ပွဲ မကျင်းပသည့် နေရာများ | – | – | ||||
တပ်မတော်သား ကိုယ်စားလှယ် | – | – | ၅၆ | |||
စုစုပေါင်း | ၁၀၀ | 0 | ၁၀၀ | – |
ပါတီ | ဆန္ဒမဲ | % | အမတ်နေရာ | % | +/– | |
---|---|---|---|---|---|---|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ၂၅၈ | |||||
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | ၂၆ | |||||
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် | ၁၃ | |||||
ရခိုင်အမျိုးသားပါတီ | ၄ | |||||
တအောင်း(ပလောင်)အမျိုးသားပါတီ | ၃ | |||||
ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် | ၃ | |||||
မွန်ညီညွတ်ရေးပါတီ | ၂ | |||||
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ | ၂ | |||||
ကချင်ပြည်နယ်ပြည်သူ့ပါတီ | ၁ | |||||
ရခိုင့်ဦးဆောင်ပါတီ | ၁ | |||||
ဝအမျိုးသားပါတီ | ၁ | |||||
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် | ၁ | |||||
တစ်သီးပုဂ္ဂလ | ၀ | |||||
ရွေးကောက်ပွဲ မကျင်းပသည့် နေရာများ | – | – | ||||
တပ်မတော်သား ကိုယ်စားလှယ် | – | – | ၁၁၀ | |||
စုစုပေါင်း | ၁၀၀ | 0 | ၁၀၀ | – |
ပါတီ | ဆန္ဒမဲ | % | အမတ်နေရာ | % | +/– | |
---|---|---|---|---|---|---|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ၅၀၁ | |||||
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | ၃၈ | |||||
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် | ၂၇ | |||||
ရခိုင်အမျိုးသားပါတီ | ၇ | |||||
တအောင်း(ပလောင်)အမျိုးသားပါတီ | ၇ | |||||
ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် | ၇ | |||||
မွန်ညီညွတ်ရေးပါတီ | ၆ | |||||
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ | ၃ | |||||
ကချင်ပြည်နယ်ပြည်သူ့ပါတီ | ၃ | |||||
ရခိုင့်ဦးဆောင်ပါတီ | ၂ | |||||
ဝအမျိုးသားပါတီ | ၂ | |||||
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | ၁ | |||||
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် | ၁ | |||||
ဒီမိုကရေစီပါတီတစ်(ကချင်) | ၁ | |||||
ကရင်ပြည်သူ့ပါတီ | ၁ | |||||
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ | ၁ | |||||
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ၁ | |||||
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | ၁ | |||||
တစ်သီးပုဂ္ဂလ | ၂ | |||||
အခြား | ||||||
တပ်မတော်သား ကိုယ်စားလှယ် | – | – | ၂၂၀ | |||
စုစုပေါင်း | ၁၀၀ | 0 | ၁၀၀ | – |
ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များအတွက် တိုင်းရင်းသားရေးရာဝန်ကြီးများ ၂၉ နေရာ ပါဝင်သည်။
ပါတီ | ဆန္ဒမဲ | % | အမတ်နေရာ | % | +/– | |
---|---|---|---|---|---|---|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ၂၃ | |||||
မွန်ညီညွတ်ရေးပါတီ | ၁ | |||||
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | ၁ | |||||
ကယန်း အမျိုးသားပါတီ | ၁ | |||||
တစ်သီးပုဂ္ဂလ | ၂ | |||||
အခြား | ||||||
စုစုပေါင်း | ၁၀၀ | 0 | ၁၀၀ | – |
ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ ဩဂုတ်လ (၁၆)ရက်နေ့တွင် စစ်တွေမြို့မှ အမျိုးသမီးထံတွင် တွေ့ရှိခဲ့ရာမှ ရခိုင်ပြည်နယ်တစ်ခုလုံး လျင်မြန်စွာ ပျံ့နှံ့ခဲ့သည်။ ထိုမှတစ်ဆင့် ကိုဗစ်ဒုတိယလှိုင်းအသွင်ဖြင့် တစ်နိုင်ငံလုံးသို့ ကူးစက်ခဲ့သည်။ ကူးစက်သူမှာ ၃၇၄ဦးမှ သောင်းဂဏန်းအထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။[11] ရွေးကောက်ပွဲကျင်းပရန် တစ်လအလိုဖြစ်သည့် အောက်တိုဘာလတွင်ပင် ၁ရက်နေ့မှ ၁၅ရက်နေ့အထိ နေ့စဉ်ပျမ်းမျှ ၁၀၀၀ကျော် မြင့်တက်နေခဲ့သည်။ ထို၁၅ရက်အတွင်းတွင် ၁၈၉၈၅ဦး ပိုးတွေ့ခဲ့သည်။[12] ရန်ကုန်တိုင်းတွင် ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ်များအားလုံး နေအိမ်တွင်သာနေထိုင်ရေးအစီအစဉ် (Stay at Home)တွင် ပါဝင်သတ်မှတ်ထားပြီး ကျန်တိုင်းနှင့်ပြည်နယ်များရှိ အချို့မြို့နယ်များတွင်လည်း ထိုအစီအစဉ်သတ်မှတ်ထားသည်။ ထို့ကြောင့် နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန်ပြောကြားသော်လည်း ရွေးကောက်ပွဲကော်မရှင်က ငြင်းဆန်ခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူက ရွေးကောက်ပွဲနေ့တွင် မဲပေးခြင်းသည် ဈေးဝယ်ထွက်ခြင်း၊ လိုင်းကားစီးခြင်းထက် COVID-19 ကူးစက်မှုမရှိသလောက်ဖြစ်ကြောင်း အောက်တိုဘာလ ၂၀ရက်နေ့တွင် ပြောကြားခဲ့သည်။[13] ထို့အပြင် ဧပြီလအတွင်းက ပါလီမန်ရွေးကောက်ပွဲ ကျင်းပခဲ့သည့် တောင်ကိုရီးယားနိုင်ငံထံမှ နည်းယူထားပြီး ထိုနိုင်ငံထက်ပင်ကောင်းအောင် ပြုလုပ်ထားကြောင်း ဆိုသည်။ သို့ရာတွင် တောင်ကိုရီးယားနိုင်ငံတွင် ထိုအချိန်သည် ရောဂါကူးစက်မှုနှုန်း အမြင့်ဆုံးမဟုတ်ဘဲ ထိန်းချုပ်ထားနိုင်သည့် အခြေအနေအပြင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ငွေကြေးပြည့်စုံသည့် အခြေအနေတွင်ရှိနေသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကလည်း ရွေးကောက်ပွဲအား သတ်မှတ်ထားသည့်ရက်အတိုင်းကျင်းပခြင်းမှာ တိုင်းပြည်အခြေအနေ အရမ်းမဆိုး၍ ဖြစ်ကြောင်း၊ ၎င်းသိရသည့်အတိုင်းဆိုလျှင် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေမှာ အင်္ဂလန်တို့အမေရိကန်တို့ အိပ်နေသလောက်ပဲရှိကြောင်း မေးမြန်းခြင်းအစီအစဉ်တစ်ခုတွင် ပြောပြန်သည်။[14]
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လူ(၃၀)ဦးနှင့်အထက် စုဝေးခြင်းမပြုရန် ထုတ်ပြန်ထားသော်လည်း နိုင်ငံရေးပါတီများမှ ဝန်းရံသူများက လူဦးရေ ထောင်သောင်းချီ၍သာမက အချို့နေရာများတွင် လူသိန်းဂဏန်းဖြင့်ပါ စုဝေး၍ လှည့်လည်ခဲ့ကြသည်။[15] အောက်တိုဘာလ ၂၅ရက်နေ့မှသာ လူ ၅၀အထိ စုဝေးခွင့်ပြုကြောင်းကို အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။[16] နိုင်ငံရေးပါတီများကမူ ဤလှည့်လည်မှုများသည် ပါတီကမဟုတ်ပဲ ဝန်းရံသူများကသာ လှည့်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
ရွေးကောက်ပွဲ မကျင်းပမီ ကြိုတင်ဆန္ဒမဲများပေးရာတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲလက်မှတ်များမှာ စာအိတ်များပွင့်လျက်ရှိနေခဲ့သည်။ အောက်တိုဘာ ၂၁ရက်နေ့တွင် ဒဂုံမြို့နယ်ရှိ တပ်မတော်အင်ဂျင်နီယာတပ်ရင်းတစ်ခုမှ ကြိုတင်မဲ ၅၈စောင်မှာ စာအိတ်များပွင့်နေ၍ ထည့်သွင်းမရေတွက်ရန် မြို့နယ်ကော်မရှင်ခွဲမှ ဆုံးဖြတ်ခဲ့သည်။ အောက်တိုဘာ ၂၈ရက်နေ့တွင် ဒဂုံမြို့နယ် ပြင်ပရောက် မဲဆန္ဒရှင်များ၏ ပုံစံ ၁၅ဖြင့်မဲပေးထားသော ကြိုတင်မဲစာအိတ်များမှာလည်း ထပ်မံ၍ ပွင့်နေပြန်သည်။ ထိုမဲလက်မှတ်များအား ထည့်သွင်းရေတွက်ရန် ရှိ/မရှိကိုမူကိုမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်မည်ဖြစ်သည်။[17]
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိ ဝါယာတော ကျေးရွာအုပ်စုနှင့် ဂွေးဂုဏ်ကျေးရွာအုပ်စုတွင် အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲကို အောက်တိုဘာ ၃၁ ရက်တွင် ကောက်ခံခဲ့ရာ ဆန္ဒပြုမဲလက်မှတ်များတွင် ရေစကြိုမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်အမည်အစား မကွေးမြို့နယ်မှ ကိုယ်စားလှယ် အမည် မှားယွင်းပါရှိနေသဖြင့် ကြိုတင်မဲ မဲဆန္ဒရှင် ၂၉၀ အနေဖြင့် ပြန်လည်ဆန္ဒပြုရမည်ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။[18]
အောက်တိုဘာ ၃ဝ ရက်တွင် လှည်းကူးမြို့နယ်တွင် ကြိုတင်မဲကောက်ခံစဉ် UEC အမှတ်တံဆိပ်မပါသည့် တံဆိပ်တုံးကို အသုံးပြုမှု ဖြစ်ပွားခဲ့သည်။ မဲဆန္ဒရှင် သုံးဦးဆန္ဒမဲပေးမှုအပြီးတွင် တံဆိပ်တုံး အသုံးပြုလျက်ရှိသည်ကို မဲရုံကိုယ်စားလှယ်က တွေ့ရှိပြီးနောက် လေးဦးမြောက် မဲပေးမှုတွင် ကန့်ကွက်ခဲ့သည်။[19] ယင်းတံဆိပ်တုံးအတုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၏ မဲရုံကိုယ်စားလှယ် အမျိုးသမီးတစ်ဦးက ယူဆောင်လာခြင်း ဖြစ်သည်။[20] အလားတူ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာတွင် နိုဝင်ဘာ ၁ ရက်နေ့က အသက် ၆၀ နှစ်နှင့် အထက် ကြိုတင်မဲပေးရာမှာတွင် UEC အမှတ်အသားမပါသော တံဆိပ်တုံးအတုအသုံးပြုမှု ဖြစ်ပွားခဲ့သည်။[21]
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် ကြိုတင်မဲကောက်ခံရာ၌ UEC အမှတ်အသားမပါသော တံဆိပ်တုံးကို အသုံးပြုကာ ကောက်ခံခဲ့ခြင်းကြောင့် ရပ်ကျေးကော်မရှင် အဖွဲ့ဝင် လေးဦးအား အမှုဖွင့်တိုင်ကြားခဲ့သည်။[22]
ရွှေဘိုခရိုင်တွင်လည်း ကြိုတင်မဲကောက်ခံရာတွင် နိုင်ငံရေးပါတီဝင်အချို့နှင့် ပါတီထောက်ခံသူအချို့က ဝင်ရောက်စွက်ဖက်ခဲ့သည်ဟုဆိုကာ အမှုဖွင့်တိုင်ကြားမှုများ ဖြစ်ပွားခဲ့သည်။[23]
နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။[24]
မြန်မာ့ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ဖြစ်ပေါ်ရန် အခြေအနေမရှိဟု နိုင်ငံတကာမီဒီယာများက ဝေဖန်ဖော်ပြခဲ့ကြသည်။[25]
နိုဝင်ဘာလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲနှင့် ပတ်သက်သော သဘောထားကြေညာချက်တစ်ခုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပြီး[26] သတိထားရမည့် အခြေအနေ ဖြစ်လာသည့်အတွက် သတိပေးရခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေများ၏ အနှစ်သာရနှင့် ကိုက်ညီမှုမရှိဟု နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။[27] ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောဆိုချက်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီသာဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။[28]
ရွေးကောက်ပွဲ ရလဒ်အတည်ပြုဖြည့်သွင်းသည့် ပုံစံ ၁၉ အား လက်မှတ်ရေးထိုးခြင်း မပြုရန်နှင့် ကန့်ကွက်တောင်းဆိုကြရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီတွင်း အမိန့်ထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။[29]
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း ထိုးစစ်များကို တပ်မတော်အနေဖြင့် ရပ်တန့်ပေးရန်နှင့် ရွေးကောက်ပွဲ မပြုလုပ်ခဲ့သော နေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲပြန်လည်ကျင်းပရန် အစိုးရနှင့် တပ်မတော်အား တိုက်တွန်းပါကြောင်း ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်အပေါ် ကြိုဆိုပါကြောင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် ညှိနှိုင်းဆောင်ရွက်မည့်အကြောင်း တပ်မတော်က ပြန်လည် ထုတ်ပြန်ခဲ့သည်။[30]
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သော သတင်းလွှာတွင် မသန်စွမ်းသူတစ်ဦးအား ဆန္ဒမဲ ပေးခွင့်ပြုခြင်းကို ကန့်ကွက် ရေးသားထားခြင်းနှင့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သော သတင်းလွှာတွင် မသန်မစွမ်း ၁၃ ဦးဟု သုံးနှုန်းဖော်ပြထားခြင်းတို့ကြောင့်[31] မသန်စွမ်းသူများအား ခွဲခြားနှိမ်ချ ဆက်ဆံမှုအပေါ် တရားဝင်တောင်းပန်ရန် မသန်စွမ်းအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း ၉၅ ခုက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။[32]
အဖွဲ့အစည်းအသီးသီးအား ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုရန် ပြင်သစ်နိုင်ငံက တိုက်တွန်းခဲ့ကာ အိန္ဒိယနှင့် စင်ကာပူဝန်ကြီးချုပ်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဂုဏ်ပြုကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။[33]
မဲပေးခြင်းလုပ်ငန်းစဉ် ပြီးဆုံးခဲ့သော်လည်း အငြင်းပွားဖွယ်ရာများ ထွက်ပေါ်နေသဖြင့် တရားမျှတသော ရွေးကောက်ပွဲအဖြေ ဖြစ်စေရန် ဥပဒေနှင့်အညီ ကြိုးပမ်းသွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ပြောဆိုခဲ့ကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်ချက်များကို ဝေဖန်ခဲ့သည်။[34]
ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ဟု နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကကြေညာချက်ထုတ်ပြန်ခဲ့သည်။[35]
ရွေးကောက်ပွဲရလဒ်အပေါ် အယုံအကြည်မရှိဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့အား ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်နေ့က လှည်းကူးမြို့နယ်တွင်လည်းကောင်း၊[36] နိုဝင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် ပြည်ခိုင်ဖြိုးနှင့် နှင်းဆီပါတီဝန်းရံသူ ၅၀ ခန့်ကလည်းကောင်း ဆန္ဒပြခဲ့ကြသည်။[37]
ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် မဲပေးခွင့်ရှိသူဦးရေထက် ဆန္ဒမဲအရေအတွက် ပိုများနေ၍ ပြန်လည်စစ်ဆေးရေတွက်ခဲ့ရသည်။[38]
တပ်မတော်မှ ရွှေးကောက်ပွဲအား မဲပေါင်း ၈.၆ သန်းကျော်ကွာဟကာ မဲမသမာမှုရှိနေသည်ဟု သက်သေတစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိဘဲ စွပ်စွဲခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်စောစောတွင် အခြေခံဥပဒေ ချိုးဖောက်လျှက် နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းပိုက်ရယူခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် အခြားသော အစိုးရ အကြီးအကဲများကို ပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။[39]
အာဏာသိမ်းပိုက်ပြီးနောက် စစ်ကောင်စီမှ ဖွဲ့စည်းခဲ့သည့် ရွေးကောက်ပွဲကော်မရှင်အသစ်က ၂၀၂၁ခုနှစ် ဇူလိုင် ၂၆ရက်နေ့တွင် ၂၀၂၀ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.