အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၅

နောက်လာမည့် ရွေးကောက်ပွဲ From Wikipedia, the free encyclopedia

Remove ads

မြန်မာနိုင်ငံတွင် လာမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် လေးပိုင်းခွဲကျင်းပသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။[][]

အချက်တိုများ ပြည်သူ့လွှတ်တော် ၃၃၀ နေရာအနက် ၂၆၇ နေရာ အမျိုးသားလွှတ်တော် ၁၆၈ နေရာ အနက် မသိရှိရသေး ပြိုင်ဖက်ကို အနိုင်ရရန် - နေရာ လိုအပ်, ဦးဆောင်သူ ...

ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ယခင်မဲပေးစနစ် အနိုင်ရသူ အကုန်ယူစနစ် အပြင် အချိုးကျ ကိုယ်စားပြုစနစ်ကို အသုံးပြုမည်ဖြစ်သည်။[]

Remove ads

​နောက်ခံသမိုင်း​ကြောင်း

၂၀၂၁

ရွေးကောက်ပွဲသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲဖြစ်သည်။ အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး တိုင်းပြည်ကို အရေးပေါ်အခြေအနေ[]အဖြစ် အုပ်ချုပ်ခဲ့ပြီး မြန်မာနိုင်ငံ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ခဲ့သည်။ အစောပိုင်းကာလများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က အာဏာသိမ်းပြီးနောက် ၂ နှစ်နှင့် ခြောက်လအကြာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ထဲတွင် ရွေးကောက်ပွဲ ကျင်းပရန် ကတိပြုခဲ့သည်။ [][] သို့သော်လည်း ထိုကတိစကားသည် ပျက်ပြယ်သွားခဲ့ပြီး ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့ ဘီလာရုဇ်နိုင်ငံ သမ္မတ နှင့် တွေ့ဆုံချိန်၌ ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလ သို့မဟုတ် ၂၀၁၆ ခုနှစ်၊ဇန်နဝါရီလ အစောပိုင်းတွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသည်ဟု စစ်ခေါင်းဆောင် က ထပ်မံ ကတိပြုခဲ့သည်။ []

၂၀၂၃

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် စစ်တပ်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ပိုမိုအသာစီးရစေနိုင်သော အနိုင်ရသူ အကုန်ယူစနစ်အစား အချိုးကျ ကိုယ်စားပြုစနစ်ကို ပြောင်းလဲထားသည့် ရွေးကောက်ပွဲ ဥပဒေသစ်ကို ပြသခဲ့သည်။[] ယခင်ရှိထားသော တပ်မတော်သား ၂၅ ရာခိုင်နှုန်း အပြင် လေးပုံတစ်ပုံအနိုင်ရရုံဖြင့် အစိုးရဖွဲ့စေနိုင်ရန် ပြင်ဆင်ထားပုံရသည်။[][၁၀][၁၁][၁၂][၁၃][၁၄][၁၅][၁၆][၁၇]

၂၀၂၃ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။[၁၈]ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်က စစ်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ထံသို့ အီလက်ထရောနစ်မဲပေးစက်ဖြစ်သော Myanmar Electronic Voting Machine (MEVM) ကို လာရောက်ပြသခဲ့သည်။[၁၉]

အာဏာသိမ်းပြီးနောက် ဖယ်ရှားခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဥပဒေသစ်အရ မှတ်ပုံမတင်ခဲ့ခြင်းကြောင့် ပါတီအား ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာခဲ့သည်။[၂၀] ဒုတိယမြောက် အတိုက်အခံပါတီဖြစ်သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ဖျက်သိမ်းကြောင်း အလားတူ ကြေညာခဲ့သည်။[၂၁][၂၂] စစ်တပ်​​နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီအား ဧပြီ (၂၀)ရက်​နေ့တွင် အမှတ်စဉ် (၁)ဖြင့် နိုင်ငံ​ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။[၂၃]

၂၀၂၅

၂၀၂၅ ခုနှစ် ဇွန်လ ၇ ရက် နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြို့နယ်ပေါင်း (၂၆၇) မြို့နယ် တွင် ရွေးကောက်ပွဲ ကျင်းပရန် လျာထားပြီး ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံး အသုံးပြု ဆောင်ရွက်သွားမည့်အကြောင်း တရားဝင်ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲကျင်းပမည့် နယ်မြေဒေသများသည် အခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေဒေသများမှ လွဲပြီး တိုင်းဒေသကြီး နှင့် ပြည်နယ် အားလုံးတို့တွင် ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲပြီး ကျင်းပမည်ဟု ဆိုသည်။

၂၀၂၅ ခုနှစ်၊​ ဇွန် ၂၀ ရက်တွင် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးစက်များ အသုံးပြုရန် စီစဉ်နေကြောင်း ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အစည်းအဝေး၌ ပြောကြားခဲ့သည်။[၂၄]

ရွေးကောက်ပွဲအတွက် လိုအပ်သော မဲပေးစက်များကို ထုတ်လုပ်နေပြီး ရရှိလာသည့် စက်များကို တိုင်းနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် မပျက်စီးစေရန် စနစ်တကျ သိမ်းဆည်းခြင်းများအတွက် စီမံဆောင်ရွက်ထားကြောင်း ၎င်းက ဆိုသည်။[၂၄]

စစ်ကောင်စီက ယခုနှစ် ဒီဇင်ဘာလ တတိယပတ်မှစ၍ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမည်ဟု ပြောကြားထားသည်။ ဤရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ၉ ပါတီနှင့် တိုင်း/ပြည်နယ်အလိုက် ယှဉ်ပြိုင်မည့် ၄၅ ပါတီ ရှိသည်။​[၂၄]

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်သုံးရပ် (အမျိုးသား၊ ပြည်သူ့၊ တိုင်းဒေသကြီး/ပြည်နယ်) ၏ ရွေးကောက်ပွဲနည်းဥပဒေများနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများကို ထုတ်ပြန်ကြေညာခဲ့သည်။ [၂၅][၂၆]

Remove ads

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့တွင် နစကက ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို တစ်နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။ ဥပဒေသစ်တွင် အခန်း ၅ ခန်းနှင့် ပုဒ်မ ၂၇ ခု ပါဝင်ပြီး ပါတီများဖွဲ့စည်းမှတ်ပုံတင်ရန် စံနှုန်းများကို သိသိသာသာ တိုးမြှင့်သတ်မှတ်ထားသောကြောင့် နိုင်ငံရေးပါတီများအကြား ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အဓိကအားဖြင့် အခန်း (၂)၊ ပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ပုဒ်မများကို ဝေဖန်ခဲ့ကြခြင်း ဖြစ်ပါသည်။[၂၇]

ဥပဒေသစ်အရ ပါတီတည်ထောင်လိုပါက အနည်းဆုံး လူ ၁၅ ဦး ရှိရမည်ဖြစ်ပြီး တည်ထောင်သူများသည် အသက် ၂၅ နှစ် ပြည့်ရမည်။ ထို့ပြင် သာသနာ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ထောင်ကျနေသူ၊ သောင်းကျန်းသူ/အကြမ်းဖက်/မတရားအသင်းအဖွဲ့ဝင်၊ မူးယစ်ဆေးပြစ်မှုနှင့် ငြိစွန်းသူ၊ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ မဟုတ်ရဟု သတ်မှတ်ထားသည်။[၂၇]

ပါတီဝင်ဦးရေ၊ ရန်ပုံငွေနှင့် ရုံးခန်းဆိုင်ရာ သတ်မှတ်ချက်များ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်၏ ပုဒ်မ ၅ (စ) အရ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀,၀၀၀ (တစ်သိန်း) စည်းရုံးရမည်ဖြစ်သည်။ ယခင်ဥပဒေတွင် ၁၀၀၀ သာ လိုအပ်ခဲ့ရာ အဆ ၁၀၀ တိုးမြှင့်ထားသည်ကို တွေ့ရသည်။ တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဆိုလျှင် ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမည်ဟု ပြဋ္ဌာန်းထားရာ ယခင် ၅၀၀ မှ နှစ်ဆ တိုးမြှင့်ထားသည်။

ပုဒ်မ ၅ (ဆ) တွင် ပါတီရန်ပုံငွေနှင့်ပတ်သက်၍ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဆိုလျှင် ကျပ်သိန်း ၁၀၀၀ နှင့် တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဆိုလျှင် ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခု၌ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမည်ဟု ပြဋ္ဌာန်းထားသည်။ ဤပြဋ္ဌာန်းချက်သည် ဥပဒေဟောင်းတွင် မပါဝင်ဘဲ အသစ်ထည့်သွင်းထားခြင်း ဖြစ်သည်။

ပါတီရုံးခန်း ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ပုဒ်မ ၅ (ဇ) တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ရက်ပေါင်း ၁၈၀ အတွင်း မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ ၏ အနည်းဆုံးထက်ဝက်ဖြစ်သော မြို့နယ် ၁၆၀ ကျော် (၁၆၅ မြို့နယ်) တွင် ရုံးခန်းများ ဖွင့်လှစ်ရန် လိုအပ်ကြောင်း ပြဋ္ဌာန်းထားသည်။ တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဆိုလျှင် အဆိုပါ တိုင်းနှင့် ပြည်နယ်အတွင်းရှိ အနည်းဆုံး ငါးမြို့နယ် တွင် ပါတီရုံးခန်းများ ဖွင့်လှစ်ရမည် ဖြစ်သည်။ ဤပြဋ္ဌာန်းချက်သည်လည်း ယခင်ဥပဒေဟောင်းတွင် ပါဝင်ခြင်းမရှိသည့် အချက်ဖြစ်သည်။

အကျိုးဆက်များ

နစက အသစ်ပြဋ္ဌာန်းလိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပုဒ်မများကြောင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ရန် နိုင်ငံရေးပါတီအချို့ အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။ ရလဒ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၅၀ (ရှိရင်းစွဲ) နှင့် ပါတီအသစ် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၁၅ ပါတီ (စုစုပေါင်း ၆၅ ပါတီ) ရှိခဲ့သော်လည်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီမှာ ၁၂ ပါတီသာ ရှိခဲ့ပါသည်။[၂၇]

သတ်မှတ်ချက်များ လျော့ချခြင်း

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှ တင်းကျပ်သည့် အချက်အချို့ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်တွင် ပြင်ဆင်ထုတ်ပြန်ခဲ့သည်။ ဤပြင်ဆင်ချက်များသည် ပါတီများအတွက် လိုအပ်သည့် စံနှုန်းအချို့ကို ဖြေလျှော့ပေးခဲ့သည်။[၂၈]

ပြင်ဆင်ထားသည့် အဓိကအချက်များမှာ ပါတီဝင်အရေအတွက်နှင့် ပါတီရုံးခန်း ဖွင့်လှစ်ထားရှိမှုတို့ဖြစ်သည်။ ယခင်က ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အရေအတွက် တစ်သိန်းရှိရမည်ဟု သတ်မှတ်ထားရာမှ ငါးသောင်းအထိ လျှော့ချခဲ့သည်။ ထို့ပြင် ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံတစ်ဝန်းရှိ မြို့နယ်သုံးပုံတစ်ပုံ၌ ပါတီရုံးခန်းများ ဖွင့်လှစ်ထားရှိရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြင်ဆင်ခဲ့သည်။ [၂၉]

ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေအား ဇူလိုင် ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။အဆိုပါပြင်ဆင်မှုအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ(က) တွင် ပုဒ်မခွဲငယ် (၁၁) အဖြစ် "ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိခြင်း" ဟူသော စာသားကို စစ်ကောင်စီက ထပ်မံဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။ မူလက အခန်း ၃ (ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း) ၏ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) တွင် ပုဒ်မခွဲငယ် (၁၀) ထိသာ ရှိခဲ့သည်။[၃၀]

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ် ပြင်ဆင်သည် ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ခဲ့ရာတွင် အဓိကအားဖြင့် ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများ၊ ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများအတွက် ပြစ်ဒဏ်များကို ပြောင်းလဲခဲ့သည်။

ပုဒ်မ ၄၀ အရ ကိုယ်စားလှယ်လောင်းတစ်ဦးစီသည် ရွေးကောက်ပွဲနေ့တွင် မိမိမဲဆန္ဒနယ်ရှိ မဲရုံတိုင်း၌ မဲရုံကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်တစ်ဦးစီကို ခန့်အပ်နိုင်မည်ဖြစ်ပြီး ၎င်းတို့သည် သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင်ပါဝင်ပြီး မဲပေးပိုင်ခွင့်ရှိသူများ ဖြစ်ရမည်။ [၃၁]

ပုဒ်မ ၄၉ (ခ) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများသည် ကိုယ်စားလှယ်လောင်းများရရှိသည့် မဲအရေအတွက်ကို ပြုစု၍ ခိုင်လုံသောမဲအများဆုံးရရှိသူများကို ရွေးကောက်တင်မြှောက်ခံရသူများအဖြစ် ကြေညာရမည်ဖြစ်ပြီး၊ ပုဒ်မ ၄၉ (ဂ) အရ မဲအရေအတွက်တူညီပါက ကော်မရှင်အဖွဲ့ခွဲက စိစစ်ပြီး ကော်မရှင်သို့တင်ပြရမည်ဖြစ်ကာ၊ ကော်မရှင်၏ ညွှန်ကြားချက်အရ ထပ်မံကျင်းပသည့်ရွေးကောက်ပွဲတွင် မဲတူညီသူများသာ ယှဉ်ပြိုင်ခွင့်ရှိသည်။

ပုဒ်မ ၆၄ တွင် ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်စွပ်စွဲခြင်း၊ မဲပေးမှုနှင့်ပတ်သက်၍ မမှန်မကန်တိုင်တန်းခြင်း၊ ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ အီလက်ထရောနစ်မဲပေးစက် ဖျက်ဆီးခြင်း သို့မဟုတ် ယူဆောင်ခြင်း စသည့်ပြစ်မှုများအတွက် ထောင်ဒဏ်သုံးနှစ်အထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ [၃၂]

ပုဒ်မ ၈၈ အရ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ အဂတိလိုက်စားမှု၊ သို့မဟုတ် ပြင်းထန်သည့်ပြစ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများသည် ကော်မရှင်၏ ကြေညာချက်အရ နောင်ပြုလုပ်မည့် မည်သည့်လွှတ်တော်ရွေးကောက်ပွဲတွင်မျှ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိတော့ဘဲ၊ တရားမဲ့ပြုကျင့်မှုများ၌ သိလျက်နှင့်ပါဝင်ပတ်သက်သည့် ကိုယ်စားလှယ်လောင်းများသည် လက်ရှိနှင့် နောက်ထပ်လွှတ်တော်သက်တမ်းနှစ်ခုအတွက် ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည်ဖြစ်သည်။

ထို့အပြင် ပုဒ်မ ၈၈-က အဖြစ် အသစ်ထပ်မံဖြည့်စွက်ထားရာတွင် ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်းလျှောက်လွှာ သို့မဟုတ် ကိုယ်ရေးမှတ်တမ်းတွင် လိမ်လည်ဖြည့်သွင်းခြင်း သို့မဟုတ် စာရွက်စာတမ်းအတုများ တင်သွင်းခြင်းပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါက ဥပဒေကြောင်းအရ တရားစွဲဆိုခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။

အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ခြင်း

၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ်မြောက် ပြင်ဆင်ပြဋ္ဌာန်းလိုက်ရာ၊ ၎င်းဥပဒေသည် အချိုးကျကိုယ်စားပြု (PR) စနစ်နှင့် နိုင်သူကုန်ယူ (FPTP) စနစ်တို့ကို ပူးတွဲကျင့်သုံးရန် ရည်ရွယ်သည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄ အရ ကော်မရှင်သည် မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ မပါရှိသော တိုင်းဒေသကြီး/ပြည်နယ်များအတွက် FPTP စနစ်ဖြင့် ကိုယ်စားလှယ် ၆ ဦးကို မြို့နယ်များစုစည်း၍ ရွေးချယ်ရန် သတ်မှတ်ပေးရမည်ဖြစ်ပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ပါရှိသော တိုင်းဒေသကြီး/ပြည်နယ်များအတွက်မူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ တစ်ခုစီကို မဲဆန္ဒနယ်တစ်ခုစီအဖြစ် သတ်မှတ်ကာ ကျန်ရှိသောမဲဆန္ဒနယ်များကို မြို့နယ်များ စုစည်း၍ FPTP စနစ်ဖြင့် ကိုယ်စားလှယ် ၆ ဦး ရွေးချယ်ရမည်ဖြစ်သည်။ ကျန်ရှိသည့် ကိုယ်စားလှယ် ၆ ဦးကိုမူ PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန် မဲဆန္ဒနယ်များ သတ်မှတ်ရမည်ဖြစ်ပြီး၊ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်သော နေရာသည် မူလမဲဆန္ဒနယ်အတွင်း၌သာ ပါဝင်သည်ဟု မှတ်ယူရမည်။ [၃၃]

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄ အရ ကော်မရှင်သည် မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ်တစ်ဦးကျစီကို FPTP စနစ်ဖြင့် ရွေးချယ်ရန် သတ်မှတ်ရမည်ဖြစ်ပြီး၊ ကျန်ရှိသောကိုယ်စားလှယ်များအတွက် မြို့နယ်များကို စုစည်း၍ PR စနစ်ဖြင့် ရွေးချယ်နိုင်ရန် မဲဆန္ဒနယ်များ သတ်မှတ်ရမည်။ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များအတွက်မူ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်ခုစီအဖြစ် သတ်မှတ်ရမည်။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၄ တွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများဖြစ်သည့် လိမ်လည်စွပ်စွဲခြင်း၊ မဲမမှန်ကန်ကြောင်း တိုင်တန်းခြင်း၊ ရွေးကောက်ပွဲနှောင့်ယှက်ခြင်း၊ သို့မဟုတ် အီလက်ထရောနစ်မဲပေးစက် ဖျက်ဆီးခြင်းများအတွက် ထောင်ဒဏ်သုံးနှစ်အထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၈၁-က (အသစ်ထပ်မံဖြည့်စွက်) အရ FPTP စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်တစ်ဦးသည် တရားမဲ့ပြုကျင့်မှုကြောင့် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ပါက ၎င်း၏မဲရလဒ်များကို ပယ်ဖျက်မည်ဖြစ်ပြီး၊ PR စနစ်ဖြင့် ရွေးချယ်ခံရသူများအတွက်မူ ပယ်ဖျက်လိုက်သည့်မဲများကို နုတ်၍ ကျန်ရှိသောမဲများကို ပြန်လည်တွက်ချက်ကာ ကိုယ်စားလှယ်အမည်စာရင်းကို ပြန်လည်ကြေညာရမည်။ [၃၄]

ပုဒ်မ ၈၈ (က) အရ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု သို့မဟုတ် အဂတိလိုက်စားမှုစသည့် ပြင်းထန်သည့်ပြစ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများသည် မည်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ယှဉ်ပြိုင်ခွင့်မရှိတော့ဘဲ၊ ပုဒ်မ ၈၈ (ခ) အရ ကော်မရှင်က တရားမဲ့ပြုကျင့်မှုများကို စစ်ဆေးတွေ့ရှိပါက ပါတီ သို့မဟုတ် အဖွဲ့အစည်းမှ တာဝန်ရှိသူများ ပါဝင်ပတ်သက်ခဲ့ကြောင်း ပေါ်ပေါက်ပါက သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းသည် လက်ရှိနှင့် နောက်ထပ်လွှတ်တော်သက်တမ်းနှစ်ခုအတွက် ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည်ဖြစ်သည်။

ပုဒ်မ ၈၉ (က) အရ လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ပါက PR စနစ်ဖြင့် ရွေးချယ်သူများအတွက် သတ်မှတ်ချက်အတိုင်း အစားထိုးဖြည့်စွက်မည်ဖြစ်ပြီး၊ FPTP စနစ်ဖြင့် ရွေးချယ်သူများအတွက်မူ ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်း ဆောင်ရွက်ရမည်ဟု ပြင်ဆင်ပြဋ္ဌာန်းထားသည်။

အထွေထွေရွေးကောက်ပွဲများ ကာကွယ်ပေးရေး ဥပဒေ

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့တွင် "ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ" ကို နစကက ပြဋ္ဌာန်းကာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပျက်ပြားအောင် ပြောဆိုသူများကို ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်မည်ဖြစ်သည်။ အဆိုပါဥပဒေအရ ပြစ်မှုတစ်ရပ်ရပ် ကျူးလွန်ရာတွင် တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေပါက ပါဝင်သူအားလုံးကို သေဒဏ် ချမှတ်မည်ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။[၃၅]

တားမြစ်ချက်များနှင့် ပြစ်ဒဏ်များ

ဥပဒေ၏ ပုဒ်မ ၁၆ တွင် မည်သူမျှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မပြုရဟု တားမြစ်ထားသည်။ ယင်းတားမြစ်ချက်ကို ဖောက်ဖျက်ပါက ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၇ နှစ်အထိ ချမှတ်မည်ဖြစ်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။ လူစုလူဝေးဖြင့် ကျူးလွန်ပါက ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ပုဒ်မ ၁၇ တွင် မဲဆန္ဒရှင်ကို မဲမပေးနိုင်ရန် ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ နာကျင်စေခြင်း စသည့် လုပ်ရပ်များအတွက်လည်း ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်မည်ဟု ဖော်ပြထားသည်။

ပုဒ်မ ၁၈၊ ၁၉ နှင့် ၂၀ တို့တွင်လည်း မဲရုံမှူး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်လောင်းများ၏ တာဝန်ဝတ္တရားနှင့် မဲဆွယ်စည်းရုံးမှုများကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ နာကျင်စေခြင်းတို့ မပြုလုပ်ရန် တားမြစ်ထားသည်။ အဆိုပါ ပုဒ်မများပါ တားမြစ်ချက်များကို ကျူးလွန်ပါက ငွေဒဏ်အပြင် ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၂၀ နှစ်အထိ၊ လူစုလူဝေးဖြင့် ကျူးလွန်ပါက ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး တစ်သက်အထိ ပြစ်ဒဏ်များ ပါဝင်ကြောင်း တွေ့ရသည်။

ထို့အပြင် မဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ ရွေးကောက်ပွဲကော်မရှင်ရုံး သို့မဟုတ် မဲရုံအဆောက်အအုံများကို ဖျက်ဆီးခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေပါကလည်း ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး ၁၀ နှစ်အပြင် ငွေဒဏ် ချမှတ်နိုင်မည်ဟု ပြဋ္ဌာန်းထားသည်။

လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုနှင့် စောင့်ကြည့်ခြင်း

ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီများကိုလည်း ဗဟို၊​ ဒေသဆိုင်ရာဖြစ်သော တိုင်း၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ်အဆင့် စသဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲကာလ လုံခြုံရေးကို ထိပါးစေနိုင်သည်ဟုဆိုကာ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်သတင်းယူခြင်းနှင့် အရေးယူခြင်းများပါ ဆောင်ရွက်သွားမည်ဖြစ်သည်။

Remove ads

မှတ်ပုံတင်ထားသည့်ပါတီများ

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ (၂၀၂၃ ခုနှစ်) နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ (၂၀၂၄ ခုနှစ်) အရ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများသည် အောက်ပါအတိုင်း​ ရှိပါသည်။[၃၆]

နောက်ထပ် အချက်အလက်များ စဉ်, နိုင်ငံရေးပါတီအမည် ...
Remove ads

ငြင်းပယ်သည့် ပါတီများ

၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ပေးရန် လျှောက်ထားခဲ့သော်လည်း ငြင်းပယ်ခြင်းခံခဲ့ရသော ပါတီများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

နောက်ထပ် အချက်အလက်များ စဉ်, ပါတီအမည် ...

၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီ တည်ထောင်လိုသူများသည် ၎င်းတို့ တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့ရာ၊ ကော်မရှင်၏ စိစစ်ချက်အရ တည်ထောင်ရန် ငြင်းပယ်ခြင်းခံခဲ့ရသော ပါတီများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

နောက်ထပ် အချက်အလက်များ စဉ်, ပါတီအမည် ...
Remove ads

ဝေဖန်မှုများ

"နိုင်ငံရေး ပါတီများအား အသွင်ကူးပြောင်းရေးကာလတွင် အရေးယူနိုင်ရန် စောင့်ကြည့်မှတ်တမ်းတင်သွားမည်" ဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။ [၄၇]

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇူလိုင် ၉ ရက်နေ့တွင် ကွာလာလမ်ပူ၌ ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပနိုင်ရန် သင့်လျော်သော ပတ်ဝန်းကျင် ဖန်တီးပေးရေးအတွက် သက်ဆိုင်သူအားလုံးကို တိုက်တွန်းပြောကြားခဲ့သည်။[၄၈] နောက် ဇူလိုင် ၁၁ ရက်တွင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရေးသည် ဦးစားပေး လုပ်ဆောင်ရမည့်အရာ မဟုတ်ကြောင်း အာဆီယံအဖွဲ့ကြီး၏ အစည်းအဝေးတွင် သဘောတူခဲ့ကြသည်ဟု ပြန်လည် ပြောကြားခဲ့သည်။ ထိုအစား စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေး ကတိကဝတ်များကို လိုက်နာရန် တိုက်တွန်းခဲ့သည်ဟု မလေးရှားတွင် ပြုလုပ်နေသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ သတင်းစာရှင်းလင်းပွဲတွင် မိုဟာမက်ဟာဆန်က ပြောကြားသည်။[၄၉]

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အဆိုပြုခံထားရသူ ဆမ်ကိုတာရို အိုနေးက အိမ်နီးချင်းမြန်မာနိုင်ငံရှိ စစ်ကောင်စီအား ထိုင်းနိုင်ငံက တရားဝင်မှု မပေးသင့်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် အမေရိကန်နိုင်ငံခြားရေးဌာနက စစ်ကောင်စီ၏ ယခုနှစ်ကုန်တွင် ကျင်းပရန် စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲကို အားမပေးကြောင်းလည်း ထောက်ပြခဲ့သည်။

"အတိုက်အခံခေါင်းဆောင် အများစု ထောင်ကျနေချိန်မှာ တိုင်းပြည်ရဲ့ ၅၀ ရာခိုင်နှုန်းကျော်မှာ မကျင်းပနိုင်တဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ထိုင်းနိုင်ငံကို တိုက်တွန်းချင်ပါတယ်" ဟု ၎င်းက ပြောဆိုသည်။

Remove ads

ဆက်စပ် ဖတ်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads