ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဥပဒေပြုလွှတ်တော်များ From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံကို ပြည်နယ် ခုနစ်ခု၊ တိုင်းဒေသကြီး ခုနစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခု နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခု တို့ဖြင့် ဖွဲ့စည်းထားသည်။ ယခင် တိုင်းများကို တိုင်းဒေသကြီးများအဖြစ် ၂၀၁၀ ခုနှစ် ဩဂုတ်လတွင် ပြောင်းလဲခေါ်ဆိုခဲ့သည်။[၁]
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပြည်နယ်လွှတ်တော် သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော် တစ်ခုစီကို ရွေးကောက်ခံ အရပ်သား ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။
Remove ads
ဖွဲ့စည်းပုံ
မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်သည် လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို တပ်မတော်သား ကိုယ်စားလှယ်များအား ရွေးချယ်ခန့်အပ်ခွင့်ရှိသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ၏ အမတ်နေရာ အရေအတွက်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အရေအတွက်နှင့် နေထိုင်သည့် လူမျိုးစုများအပေါ် မူတည်သည်။
အမတ်နေရာအများဆုံး လွှတ်တော်များမှာ ရှမ်းပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တို့ ဖြစ်ကြပြီး အမတ်နေရာ ၁၄၃ နှင့် ၁၂၃ နေရာ အသီးသီးဖြစ်သည်။ အမတ်နေရာ အနည်းဆုံးလွှတ်တော်များမှာ ကရင်ပြည်နယ်နှင့် ကယားပြည်နယ် လွှတ်တော်များ ဖြစ်ပြီး အမတ်နေရာ ၂၀ နှင့် ၂၂ နေရာ အသီးသီးဖြစ်သည်။
Remove ads
ရွေးကောက်ပွဲ ဥပဒေများ
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ်မြောက် ပြင်ဆင်ပြဋ္ဌာန်းလိုက်ရာ၊ ၎င်းဥပဒေသည် အချိုးကျကိုယ်စားပြု (PR) စနစ်နှင့် နိုင်သူကုန်ယူ (FPTP) စနစ်တို့ကို ပူးတွဲကျင့်သုံးရန် ရည်ရွယ်သည်။ [၂]
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄ အား ကော်မရှင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုချင်းစီအလိုက် လွှတ်တော်မဲဆန္ဒနယ်များကို သတ်မှတ်ရာတွင် (က) လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကျစီကို မဲအများဆုံးရသူအနိုင်ယူ စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်အတွက် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ် သတ်မှတ်ပေးရမည်၊ ( ခ ) ကျန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် မြို့နယ်တစ်မြို့နယ်လျှင် တစ်ဦးကျဖြင့် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက် နိုင်ရန် မြို့နယ်များကို စုစည်း၍ မဲဆန္ဒနယ်များ သတ်မှတ်ပေးရမည်၊ (ဂ ) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲ (ဂ) တို့အရ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ရွေးကောက်တင်မြှောက် ခွင့်ရှိသည့် တိုင်းရင်းသားလူမျိုးတစ်မျိုးစီအတွက် မဲဆန္ဒနယ် သတ်မှတ်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်နယ်စီအဖြစ် သတ်မှတ်ရမည်ဟု အစားထိုးရပြဋ္ဌာန်းထားသည်။[၃]
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၉ (က) အရ လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ပါက PR စနစ်ဖြင့် ရွေးချယ်သူများအတွက် သတ်မှတ်ချက်အတိုင်း အစားထိုးဖြည့်စွက်မည်ဖြစ်ပြီး၊ FPTP စနစ်ဖြင့် ရွေးချယ်သူများအတွက်မူ ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်း ဆောင်ရွက်ရမည်ဟု ပြင်ဆင်ပြဋ္ဌာန်းထားသည်။[၄]
Remove ads
ဒုတိယအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ (၂၀၁၆-၂၁)
၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှ ရွေးချယ်ခဲ့ကာ ၂၀၁၆ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် လွှတ်တော် ခေါ်ယူကျင်းပခဲ့သည်။
ခေါင်းဆောင်များ
Remove ads
ပထမအကြိမ် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များ (၂၀၁၁-၁၆)
ခေါင်းဆောင်များ
Remove ads
အခြားကြည့်ရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads