ကော့ပါနီဆီယမ်
အက်တမ်အမှတ်စဉ် ၁၁၂ ရှိသော ဓာတုဒြပ်စင် From Wikipedia, the free encyclopedia
Remove ads
ကော့ပါနီဆီယမ် (Copernicium) ကို ယခင်က periodic ဇယား၌ယာယီအမည် Ununbium အဖြစ်သတ်မှတ်ခဲ့သေးသည်။ ၎င်း၏ သင်္ကေတမှာ Cn ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) ၁၁၂ ဖြစ်သည်။ ၎င်းဒြပ်စင်၏ တည်နေရာသည် column အမှတ်စဉ် ၁၂ ရှိ Mercury ဒြပ်စင်၏အောက်၌ တည်ရှိသည်။ ၎င်းဒြပ်စင်၏ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိ(Physical properties)အရ လေးလံသောသတ္တုဖြစ်ပြီး ဒြပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိ(Chemical properties)အရ အုပ်စုနံပါတ်(၁)နှင့်(၂)ရှိMetalများကဲ့သို့ မတည်မြဲစွာဖြင့် ဓာတ်တိုးခြင်းအခြေအနေသို့ ရောက်ရှိနိုင်သည်။ Periodic ဇယားအတွင်းတည်ရှိပုံအနေအထားအရ ၎င်းဒြပ်စင်သည် Mercury ဒြပ်စင်ကဲ့သို့ ပိုမိုအငွေ့ပြန်လွယ်သော အရည်ပုံသဏ္ဍန်ဒြပ်စင်တခု ဖြစ်နိုင်ကြောင်းခန့်မှန်းကြသည်။
Remove ads
အသုံးပြုခြင်း
၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။
သဘာဝမှာတွေ့ရှိမှုအခြေအနေ
၎င်းဒြပ်စင်ကို ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သောကြောင့် မြေကြီးပေါ်တွင်သဘာဝအတိုင်းလုံဝ မတွေ့ရှိနိုင်ပါ။
ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ
၎င်းဒြပ်စင်သည် အလွန်မတည်မြဲသောဒြပ်စင် ဖြစ်သည်။ ၎င်းဒြပ်စင်ဖြစ်ပေါ်ပြီး အလွန်လျင်မြန်စွာ အခြားဒြပ်စင်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသောကြောင့် ၎င်းဒြပ်စင်မှလူသားတို့၏ ကျန်းမာရေး အပေါ်အကျိုးသက်ရောက်မှုကို လေ့လာရန် မဖြစ်နိုင်ပါ။
ပတ်ဝန်းကျင်သို့ သတ်ရောက်မှုများ
ကော့ပါနီဆီယမ် ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် ဝ.၂၄မီလီစက္ကန့်ခန့် အလွန်တိုသောကြောင့် ပတ်ဝန်ကျင်သို့ ၎င်းဒြပ်စင်၏သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားစရာမလိုပါ။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads