ဇာကိုနီယမ်

From Wikipedia, the free encyclopedia

ဇာကိုနီယမ်
Remove ads

သက္ကရာဇ် ၁၇၈၉ ခုနှစ်တွင် ဂျာမန်လူမျိုး ဓာတုဗေဒ ဆရာ ကလပ်ပရုတ်ဆိုသူသည် သီဟိုဠ်ကျွန်းမှရသည့် ဂေါ်မိတ်တွင် ဇာကိုနီယမ်းပါဝင်သော ဒြဗ်ပေါင်းတစ်ခုကို အောက်ဆိုက်အဖြစ်ဖြင့် တွေ့ခဲ့သည်။ သို့သော် ဇာကိုနီယမ်ကိုမူ ဗာဇီးလီယပ်ဆိုသူကသာ ပထမဆုံးထုတ်ယူရရှိခဲ့သည်။ ဇာကိုးနီးယမ်းပါဝင်သည့် အဓိကတွင်းထွက်နှစ်မျိုးမှာ ဇာကိုနီယမ်း ဆီလီကိတ်ဖြစ်သော ဇာကွန်(ဂေါ်မိတ်)နှင့် ဇာကိုနီယမ်းအောက်ဆိုက်ဖြစ်သော ဗက်ဒဲလီယိုက်ဖြစ်သည်။ ဇာကိုနီယမ်ကို မီးစာကျောက်သဲတွင်လည်း တွေ့ရသေးသည်။ ဇာကွန်ကို ဩစတြေးလီးယား၊ အိန္ဒိယနှင့် ဗရာဇီးနိုင်ငံများ၌၎င်း တွေ့ရသည်။ ဇာကွန်အမြောက် အမြားကို နယူးဆောက်သဝေးမှလည်း ရသေးသည်။ ထို့ပြင် ဂေါ်မိတ်ကသစ်ရေ သို့မဟုတ် ဂေါ်မိတ်နီ ကဲ့သို့သော ကျောက်မျက်မျိုးတွင်လည်း တွေ့ရသေးသည်။ ဇာကိုနီယမ်းသည် အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ ဟိုက်ဒရိုဂျင်၊ ကာဗွန်၊ ဆီလီကွန်ကဲ့သို့သော ဒြဗ်စင်များနှင့်တွေ့ထိလျှင် အလွန်ဓာတ်ပြောင်းလွယ်သည်။ ထိုကြောင့် အခြားသတ္တုများကို ဇာကိုနီယမ် သတ္တုကျောက်ရိုင်းမှ ဖယ်ရှားပစ်လိုက်သည့်တိုင်အောင် ဇာကိုနီယမ် သတ္တုသန့်သန့်ကို လွယ်ကူစွာ ထုတ်ယူ၍ မရနိုင်သေးပေ။ သတ္တုမှုန့်ကို ရလိုသောအခါ သတ္တု ဖလူအိုရိုက်ကို ဆိုဒီယမ်နှင့်ရောလျက် အလွန်ခိုင်ခံ့၍ အလုံပိတ်ထားသည့် လုံကြီးများတွင်ထည့်ကာ အပူတိုက်ပေးရသည်။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...

သို့သော် ပလာနယ်တွင်ရှိသော တန်စတင် အမျှင်သေးပေါ်သို့ လျှပ်စစ်ဓာတ်ဖြင့် အပူတိုက်၍ ဇာကိုနီယမ် အိုင်အိုဒိုက်အငွေ့ကို လွှတ်ပေးသောအခါတွင် အိုင်အိုဒင်သည် ပြိုကွဲသွားကာ တန်စတင်အမျှင်သေးပေါ်တွင် ဇာကိုနီယမ်လာရောက် စွဲကပ်နိုင်၏။

ဇာကိုနီယမ်သည် အလှည့်မှန်ဇယားတွင် တိုင်တေးနီယမ် နှင့်ဆီလီကွန်ရှိသည့်အစု၌ ပါဝင်သည်။ ထိုဒြဗ်စင်၏ အက်တမ်အမှတ်စဉ်နှင့် အက်တမ်အလေးဆများမှာ ၄ဝ နှင့် ၉၁.၂ ဖြစ်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads