တန်တလမ်

အက်တမ်နံပါတ်၇၃ရှိသောဓါတုဒြပ်စင် From Wikipedia, the free encyclopedia

တန်တလမ်
Remove ads

တန်တလမ် (Tantalum ) သည် ငွေရောင် တောက်ပသော ဒြပ်စင်ဖြစ်ပြီး သန့်စင်သော တန္တလမ်သည် ပျော့ပျောင်းသည်။ အပူချိန် ၁၅၀ ဒီဂရီ စင်တီဂရိတ် အောက်တွင် ဓာတု ဓာတ်ပြုခြင်းများကို ကာကွယ်နိုင်သည်။ ၎င်း၏ မျက်နှာပြင်ပေါ်ရှိ အောက်ဆိုဒ် အလွှာပါးသည် ပွန်းစားမှုဒဏ်ကို ကာကွယ်ပေးနိုင်သည်။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...
Remove ads

အသုံးပြုခြင်း

တန္တလမ်ကို နေရာ(၄)မျိုးတွင် အသုံးပြုနိုင်သည်- (၁) အပူချိန် မြင့်မားသော အသုံးပြုမှုများ လေယာဉ်အင်ဂျင်များ (၂) လျှပ်စစ်ပစ္စည်းများ (ကပ်ပက်စီတာများ) (၃) ခွဲစိပ်ပစ္စည်းများ ဆာဂျီကယ်အင်ပလင့်များ (၎င်း၏အရိုးများနှင့် အလွယ်တကူ ပေါင်းစည်း နိုင်သော ဂုဏ်သတ္တိအရ) (၄) ပွန်းစားတတ်သော ကမ်မီကယ်ပစ္စည်းများကို သိုလှောင် ထိန်းသိမ်းသော ပစ္စည်းများ ယင်း၏သတ္တု များကို မာစေနိုင်သော ဂုဏ်သတ္တိကြောင့် တန္တလမ်ကိုသတ္တု စပ်သော ကြားခံ ပစ္စည်း အဖြစ် တစ်ခါ တစ်ရံ အသုံးပြုကြသည်။ Tantalum၏ ပွန်းစားမှုခံနိုင်ခြင်းနှင့် chemical attack ထိုးဖောက်မှုများ ကိုကာကွယ်နိုင်ခြင်း စသော ဂုဏ်သတ္တိများကြောင့် ဓာတုစက်ရုံများတွင် အသုံးပြုကြသည်။ ဥပမာ- အက်ဆစ်ပြင်းများ အငွေ့ပျံစေသော ဘွိုင်လာများတွင် heat exchanger များအဖြစ် အသုံးပြုခြင်း။

Remove ads

သဘာဝတွင်တွေ့ရှိရမှုအခြေအနေ

တန္တလမ်အောက်ဆိုဒ်သည် ရေတွင် မပျော်ဝင်နိုင် သလောက်ဖြစ်သဖြင့် သဘာဝရေထဲတွင် တန္တလမ်ကို မတွေ့ရသလောက်ရှိသည်။ အချို့သော တိုင်းတာ ဖော်ထုတ်ချက်များ အရ မြေတွင် Tantalumပါဝင်မှုမှာ ဝ.၁ မှ ၃ ပီပီ အမ် (p.p.m)(part per million) အတွင်းဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိရသည်။ အလွန်သေးငယ်သော တန္တလမ်ပမာဏ ကိုသာ သစ်ပင်များမှ အသုံး ပြုကြပြီး သဘာဝ ပေါက်ပင်များတွင် တန္တလမ်ကို ၅ ပီပီဘီ (p.p.b)(part per billion) ထက်ပိုမို အသုံးပြု (စုပ်ယူအသုံးချ) ကြသည်ကို တွေ့ရသည်။ တန္တလမ်ပါဝင်သော အဓိက သတ္တုရိုင်းများမှာ တန္တလိုက်များဖြစ်ပြီး ၎င်းတွင် သံ၊ မန်းဂနိစ်၊ နီယိုဘီယမ် နှင့် ဆာမာစကိုက် (samarskites)(ဆာမာစကိုက်တွင် Y 0.2, REE(rare earth elements) 0.3, Fe3+0.3, U 0.2, Nb 0.8, Ta 0.2, O 4 သတ္တု (၇)မျိုး ) တို့ ဖြစ်ကြသည်။ တမ်တာလမ် သတ္တုတွင်းများကို ထိုင်း၊ ဩစတြေးလျ၊ ကွန်ဂို၊ ဘရာဇီး၊ ပေါ်တူကီ နှင့် ကနေဒါ တို့တွင် အဓိက တွေ့ရှိရသည်။ ကမ္ဘာအဝှမ်း တမ်တာလမ် လိုအပ်ချက်မှာ တစ်နှစ်လျှင် ၂၃၀ဝ တန် ခန့်ဖြစ်သည်။ ထုတ်ယူနိုင်ရန် အရန်ထားရှိသော တန္တလမ် ကမာဏ မည်မျှ ကျန်ရှိသေးသည် ကို သေချာစွာ တွက်ချက်ထားမှုများ မရှိသေးပါ။

Remove ads

ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ

တန္တလမ်ကို ရှုသွင်းမိခြင်း၊ စားသောက်မိခြင်း၊ အရည်ပြားနှင့် ထိမိခြင်းဖြင့် ထိခိုက်နာကျင်စေခြင်း ဖြစ်စေနိုင်သည်။ မျက်လုံးများ၊ အရေပြားများ ကိုက်ခဲ နာကျင် နီမြန်း ယားယံ စေသည်။ လူ၏ စိုစွတ်မှု အရှိဆုံးသော အမှေးပါးအင်္ဂါ အစိတ်အပိုင်းများ- ဥပမာ(anus, mouth, nasal passages, and vagina.) များနှင့် အသက်ရှု အင်္ဂါ၏ အပေါ်ပိုင်း အစိတ်အပိုင်းများကို နာကျင်ရောင်ရမ်း ထိခိုက်စေသည်။ စက်ရုံများတွင် တန္တလမ်နှင့် ပတ်သက်ပြီး ကျန်းမာရေးကို ထိခိုက်စေသော သက်ရောက်မှုများနှင့် ပတ်သက်သော တင်ပြချက်များ၊ စက်ရုံ အလုပ်သမားများမှ ဖော်ထုတ်ချက်များ မတွေ့ရှိရသေးပါ။ တန္တလမ်ပမာဏ များစွာကို ကြွက်များ၏ အသက်ရှု လမ်းကြောင်းကြီး တလျှောက် ဝင်ရောက်စေခြင်းဖြင့် ကြွက်များရှိ အသက်ရှု အင်္ဂါများကို ထိခိုက်ဒဏ်ရာ ရစေကြောင်း ထုတ်ဖော် တွေ့ရှိရသည်။ တစ်ရှူးစများ (လက်အိပ်များ) ဖြင့်ကိုင်တွယ်ပါက တန္တလမ်သတ္တုမှာ ဘေးအန္တရာယ် ကင်းရှင်းစေသည်။ (ဘေးဖြစ်စေသော အစွမ်းမဲ့ပါသည်)။

ပတ်ဝန်းကျင်သို့သက်ရောက်မှုအခြေအနေ

အစိုးရ၏ သင့်လျော်သော ခွင့်ပြုချက် မရဘဲ မည်သည့် ပစ္စည်းကိုမှ ပတ်ဝန်းကျင်သို့ ထုတ်လွှတ်ခွင့် မပြုပါ။ တန္တလမ် အောက်ဆိုဒ် ထုတ်လွတ်မှု မှတ်တမ်းများကို သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ရေး အတွက် သီးသန့် ထားရှိသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads