ဇီနွန်

အက်တမ်အမှတ်စဉ် ၅၄ ရှိသည့် ဒြပ်စင် From Wikipedia, the free encyclopedia

ဇီနွန်
Remove ads

ဆာ ဝီလျံ ရမ္မဆေးနှင် မောရစ် ထရဲဗား နှစ်ဦးတို့သည် လေရည်ကို အဆင့်ဆင့်ပေါင်းခံယူကြသည်။ ထိုအခါ လေထုတွင်ပါရှိသော အစွမ်းမဲ့ ဓာတ်ငွေ့များတွင် အလေးဆုံးဖြစ်သော ဓာတ်ငွေ့တစ်မျိုးကို တွေ့ကြလေသည်။ ထိုဓာတ်ငွေ့သည် လေထု၏ထုထည် အပုံ ဆယ်သန်းတွင် တစ်ပုံသာပါ၍၊ အရှားဆုံး ဓာတ်ငွေ့လည်းဖြစ်၏။ ယင်းကို ဇီနွန်ဟု အမည်ပေးကြသည်။ လေထုတွင်ပါရှိသော ဟီလီယမ်နီယွန်အာဂွန်ကရစ်ပတွန်နှင့် ဇီနွန်ခေါ် အစွမ်းမဲ့ဓာတ်ငွေ့များသည် အလှည့်မှန်ဇယားတွင် သုညအစု၌ပါဝင်သည်။ ထိုအစုတွင် နောက်ဆုံး၌ ပါဝင်သည့် ရေဒွန်ကိုမူ လေထုထဲတွင်မတွေ့ရဘဲ၊ ရေဒီယိုသတ္တိကြောင့် ပြောင်းလဲမှု များဖြစ်ရာ၌သာ တွေ့ရသည်။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...

ဇီနွန်သည် အရောင်နှင့် အနံ့မရှိသော ဓာတ်ငွေ့ဖြစ်၍ နိုက်ထရိုဂျင်ထက် ၅ ဆ သိပ်သည်းသည်။ သင်္ကေတမှာ (Xe သို့မဟုတ် X)ဖြစ်သည်။ အက်တမ် နံပါတ်စဉ်နှင့် အက်တမ် အလေးဆများမှာ ၅၄ နှင့် ၁၃၁.၃ အသီးသီးဖြစ်သည်။ အခြား အစွမ်းမဲ့ဓာတ်ငွေ့များကဲ့သို့ပင် ဇီနွန်သည် ဒြပ်ပေါင်းများ မဖြစ် ချေ။ ရောင်စဉ်ဖြင့် ဓာတ်ခွဲရာတွင် အာဂွန်နှင့် အနည်းငယ်တူသည်။[၁၁]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads