မော်စကိုဗီယမ်

အက်တမ်အမှတ်စဉ် ၁၁၅ ရှိသော ဓာတုဒြပ်စင် From Wikipedia, the free encyclopedia

Remove ads

မော်စကိုဗီယမ်ဒြပ်စင်သည် ဓာတ်ခွဲခန်းမှသာထုတ်ယူရရှိနိုင်သည့် ရေဒီယိုသတ္တိကြွ ဓာတုဗေဒဒြပ်စင်တခု ဖြစ်သည်။ periodic ဇယား၌ ယာယီအမည် Ununpentium အဖြစ် သတ်မှတ်ထားခဲ့သေးသည်။ ၎င်း၏သင်္ကေတမှာ Mc ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) ၁၁၅ ဖြစ်သည်။ Americium-၂၄၃ အက်တမ်အား calcium-၄၈၏အိုင်းယွန်းများနှင့် ပြိုကွဲပျက်စီးစေခြင်းမှ ၎င်းဒြပ်စင်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းပြိုကွဲပျက်စီးချိန်၌ ဖြစ်ပေါ်လာသော ဒြပ်စင်၏အက်တမ်လေးခုတို့သည် ၁/၁၀ စက္ကန့်ထက်နည်းသောအချိန်အတွင် Moscovium ဒြပ်စင်၏အက်တမ်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသည်။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...

မော်စကိုဗီယမ်သည် transuranic (transuranic elements=ransuranium element, chemical element with an atomic number greater than 92 (which is the atomic number of uranium)) ဒြပ်စင်များကဲ့သို့ဓာတ်ခွဲခန်းမှသာထုတ်ယူရရှိနိုင်သည့်ဒြပ်စင်ဖြစ်သည်။

Periodic ဇယား၌ ၎င်းဒြပ်စင်၏တည်နေရာသည် column အမှတ်စဉ် ၁၅ ရှိ Bismuth ဒြပ်စင်၏အောက်၌ တည်ရှိသည်။ ၎င်းဒြပ်စင်၏ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိ(Physical properties)အရ လေးလံသောသတ္တုဖြစ်ပြီး ဒြပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိ(Chemical properties)အရ အုပ်စုနံပါတ်(၃)နှင့် (၅)ရှိ Metalများကဲ့သို့ ပိုမိုတည်မြဲစွာဖြင့်ဓာတ်တိုးခြင်းအခြေအနေသို့ ရောက်ရှိနိုင်သည်။

Remove ads

အသုံးပြုခြင်း

၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။

သဘာဝမှာတွေ့ရှိမှုအခြေအနေ

၎င်းဒြပ်စင်ကို ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သောကြောင့် မြေကြီးပေါ်တွင်သဘာဝအတိုင်းလုံဝ မတွေ့ရှိနိုင်ပါ။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads