အိတ်တြီယမ်

အက်တမ်နံပါတ်၃၉နှင့်အတူဓါတုဒြပ်စင် From Wikipedia, the free encyclopedia

အိတ်တြီယမ်
Remove ads

အိတ်တြီယမ် သည် အက်တမ်နံပါတ် ၃၉ ရှိသော ဓာတုဗေဒ ဒြပ်စင်ဖြစ်ပြီး ငွေရောင်အဆင်းရှိသည့် ကြားဆက်သတ္တုဒြပ်စင်ဖြစ်သည်။ ယင်းသည် ရှားပါးသတ္တုအမျိုးအစားဖြစ်ပြီး သဘာဝအတိုင်း လွပ်လပ်သော ဒြပ်စင်အဖြစ် မည်သည့်အခါမှ တွေ့ရှိရလေ့ မရှိပေ။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...

အိတ်တြီယမ်ကို LED မီးသီးများနှင့် တီဗွီဖန်သားများတွင်သုံးသော cathode ray tube များရှိ phosphors အနီရောင်အဖြစ် အသုံးချသည်။ လေဆာများ၊ ဆူပါလျှပ်ကူးပစ္စည်းများတွင်လည်း ယင်းအား အသုံးပြုသည်။ အိတ်တြီယမ် ဒြပ်ပေါင်းကို ထိတွေ့ပါက အဆုပ်နှင့်သက်ဆိုင်သော ရောဂါများကို ဖြစ်ပွားစေနိုင်သည်။ အက်ထရီယမ်သည် မြေရှားဒြဗ်စင်မဟုတ် သော်လည်း သဘာဝတွင် မြေရှားဒြဗ်စင်များနှင့် အတူတွေ့ရှိရ သောကြောင့်တစ်ကြောင်း၊ ရှားပါးသောဓာတ်မြေတို့ကို တစ်ခုစီ ခွဲထုတ်ရာတွင် အစ်ထရီယမ်ကိုပါ ဖယ်ရှားထုတ်ပစ်ရသော ကြောင့်တစ်ကြောင်း ဤဒြဗ်စင်ကို မြေရှားဒြဗ်စင်စာရင်းတွင် သွင်းထားသည်။ ဤသို့ခွဲထုတ်ရာတွင် ဆိုဒီယမ်နှစ်ထပ်ဒြဗ် ပေါင်းတို့၏ပျော်ဝင်ကိန်းကို အခြေပြု၍ အစ်ထရီယမ်ဓာတ်မြေ ဟု ခွဲထုတ်ယူရသည်။


အစ်ထရီယမ်အောက်ဆိုက်ကို ခရစ် ၁၇၉၄ ခုနှစ်တွင် ဂက်ဒိုလင်ဆိုသူက ပထမတွေ့ရှိခဲ့၍ ၁၈၄၃ ခုနှစ်တွင် မိုစင်ဒါ ဆိုသူက ဒြဗ်စင်ကိ်ု ခွဲထုတ်ရရှိခဲ့သည်။ ဤဒြဗ်စင်၏အမည်မှာ မြေရှားဒြဗ်စင်များ ထုတ်ယူရရှိသည့် တာဗီယာနှင့် အာဗီယာ တွေ့ရှိရာ အစ်တာဗီရွာကို အစွဲပြုပြီးလျှင် မှည့်ခေါ်ထားခြင်း ဖြစ်သည်။

အစ်ထရီယမ်ကို အထူးသဖြင့် အစ်ထရီယမ်ဓာတ်မြေ အစုဖြင့် ကြွယ်ဝသော ရက်ဒိုလင်နိုက်နှင့် မိုနာဇိုက်သဲတွင် တွေ့ရှိရသည်။ အစ်ထရီယမ်၏ အက်တမ်ကိန်း (အက်တမ် နံပါတ်စဉ်) မှာ ၃၉ ဖြစ်၍ အက်တမ်အလေးဆမှာ ၈၈.၉ ဖြစ်ပြီးလျှင် သင်္ကေတသည် ၌ ဖြစ်သည်။ ဤဒြဗ်စင်ကို ရရှိလိ်ုသောအခါ ကလိုရိုက်ဒြပ်ပေါင်းကို ပိုတက်ဆီယမ်ဖြင့် အပူတိုက်ပေးရသည်။ သံရောင်ရှိသောအမှုန့်ဖြစ်၍ သိပ်သည်း ဆ ၄.၅ ရှိသည်။ စင်တီဂရိတ်အပူချိန် ၁၂၅ဝ ဒီဂရီတွင် အရည်ပျော်သည်။ လေထဲတွင်ထားသောအခါ အောက်ဆီဂျင်နှင့် ပေါင်းစပ်သွားသည်။ ဆူနေသောရေဖြင့် တွေ့ထိသောအခါ ဓာတ်ပြောင်းသွား၏။ အောက်ဆိုက်သည် အဖြူရောင်ဖြစ်၍ လေထဲမှကာဗွန်းဒိုင်အောက်ဆိုဒ်ကိုစုပ်ယူနိုင်သည်။ အစ်ထရီယမ် ဆားများတွင် အရောင်ကင်းမဲ့၏။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads