ရက်သီနီယမ်
အက်တမ်အမှတ်စဉ် ၄၄ ရှိသော ဓာတုဒြပ်စင် From Wikipedia, the free encyclopedia
Remove ads
ရက်သီနီယမ် (Ruthenium) ဒြပ်စင်သည် rhodium, palladium, osmium, iridium, platinum စသော ဒြပ်စင်များနှင့်အတူ platinum group metals အုပ်စုထဲတွင် ပါဝင်သည်။ Ruthenium ဒြပ်စင်သည် မာကြော၍ အဖြူရောင်ရှိသော ဒြပ်စင်တစ်ခုဖြစ်သည်။ ၎င်းဒြပ်စင်သည် အခန်းအပူချိန်ကြောင့် အရောင် မှေးမှိန်သွားခြင်းမရှိပါ။ သို့သော် အပူချိန် ၈၀၀ ဒီဂရီစင်တီဂရိတ် တွင် လေနဲ့ဓာတ်ပြု၍ အောက်ဆိုဒ်ဖြစ်နိုင်သည်။ ၎င်းဒြပ်စင်သည် အက်စစ်အပူ (သို့မဟုတ်)အအေး၊ aqua regia များ၏ တိုက်စားခြင်းကို ခံနိုင်သော်လည်း၊ potassium chlorate ပေါင်းထည့် လိုက်သောအခါ ပျော်ရည်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ ၎င်းသည် molten alkalis ထဲတွင် ပျော်ဝင်ပါသည်။

Remove ads
အသုံးပြုခြင်း
ရက်သီနီယမ်ဒြပ်စင် ကို လျှပ်စစ်စက်မှုလုပ်ငန်းများတွင် ၅၀ ရာခိုင်နှုန်း၊ ဓာတုဆိုင်ရာ စက်မှုလုပ်ငန်းများတွင် ၄၀ ရာခိုင်နှုန်း နှင့် အခြားသေးငယ်သော သတ္တုစပ် လုပ်ငန်းများတွင် ၁၀ ရာခိုင်နှုန်း ဖြင့် လိုအပ်လျက် ရှိသည်။ သတ္တုရိုင်းအနေဖြင့် အသုံးပြုမှုပမာဏမှာ အလွန်နည်းပါးသည်။ လျှပ်စစ်လုပ်ငန်းများတွင် လျှပ်ကူးပစ္စည်းအဖြစ် အဓိကအသုံးပြုခဲ့ကြသော်လည်း၊ ယခုအခါတွင် chip resistors အဖြစ် ပြောင်းလဲအသုံးပြုနေသည်။ ဓာတုဗေဒစက်မှုလုပ်ငန်း များတွင် electrochemical cells တွင်းရှိ ကလိုရင်းအား ထုတ်ယူရန်အတွက် လျှပ်ဖိုတိုင် (anodes)အဖြစ် အသုံးပြုပါသည်။
၎င်းဒြပ်စင်သည် palladium နှင့် platinum ဒြပ်စင်များကို မာကြောစေရန်အတွက်လည်းကောင်း၊ ပမာဏ အနည်းငယ်ပေါင်းထည့်ခြင်းဖြင့် titaniumin ဒြပ်စင်၏ တိုက်စားခြင်းမှ ခုခံနိုင်ရန်အတွက် လည်းကောင်း အသုံးပြုကြသည်။ ၎င်းကို နန်းကြိုးအမျှင်များနှင့် လျှပ်စစ်စီးဆင်းနိုင်သော သတ္တုစပ်များ (alloys)၊ လက်ဝတ်ရတနာများ၊ ဘောပင်၏ ဘောစိများ (pen nibs) နှင့် ဝင်ရိုးများအဖြစ် အသုံးပြုနိုင်သည်။ ထိုဒြပ်စင်ကို cobalt, molybdenum, nickel, tungsten နှင့် အခြားသောဒြပ်စင်များဖြင့် ပေါင်းစပ်၍ သတ္တုစပ် (alloys) အဖြစ်လည်း အသုံးပြုနိုင်သည်။ ရက်သီနီယမ် ဒြပ်ပေါင်းကို ကြွေထည်မြေထည် နှင့် ဖန်ထည်ပစ္စည်းများ၏ အရောင်အဖြစ် အသုံးပြုနိုင်သည်။ Ruthenium သည် စွယ်စုံသုံးဒြပ်ကူ ပစ္စည်းတစ်မျိုးဖြစ်ပြီး၊ ဆီသန့်စင်မှုတွင် ဟိုက်ဒရိုဂျင် ဆာလဖိုက်(H2S)အား ဖယ်ထုတ်ရန်နှင့် အခြားစက်မှု လုပ်ငန်းများ ဖြစ်သော methanol ထဲမှ acetic acid ထုတ်လုပ်ခြင်းအတွက် လည်းကောင်း၊ သဘာဝဓာတ်ငွေ့ ထဲမှ ammonia ထုတ်လုပ်ခြင်းအတွက် လည်းကောင်း အသုံးပြုနိုင်သည်။ အချို့သော ruthenium အစုအဝေးများသည် မြင်နိုင်သောရောင်စဉ်(visible spectrum)များမှ ဖြာထွက်လာသော အလင်းကို စုပ်ယူနိုင်သောကြောင့် နေရည်ခြည်စွမ်းအင် နည်းပညာအတွက် ဆက်လက်သုတေသန ပြုလုပ်လျက် ရှိသည်။
Remove ads
သဘာဝတွင် တွေ့ရှိမှုအခြေအနေ
ရက်သီနီယမ်သည် ကမ္ဘာမြေပြင်တွင် တွေ့ရှိနိုင်သော အရှားပါးဆုံး ဒြပ်စင်ထဲမှ တစ်ခုဖြစ်သည်။ Ruthenium သည် သီးသန့် တွေ့ရှိနိုင်သော ဒြပ်စင်တစ်ခုဖြစ်သော်လည်း၊ တခါတရံတွင် ၎င်းကို platinum, osmium, iridium တို့နှင့်အတူ တွဲဖက်၍ မြောက်အမေရိက ၊ တောင်အမေရိက နှင့် တောင်အာဖရိက တို့တွင် တွေ့ရှိရသည်။ ၎င်းဒေသများတွင် laurite, ruarsite နှင့် ruthenarsenite ကဲ့သို့သော ဒြပ်ပေါင်းများအဖြစ်လည်း အနည်းငယ်တွေ့ရှိနိုင်သည်။ ထိုဒြပ်ပေါင်းအားလုံးသည် စီးပွားဖြစ်ထုတ်ယူနိုင်သော အရင်းအမြစ် မရှိသလောက် ရှားပါးသည်။ ရက်သီနီယမ်ထဲတွင် နီကယ်ဒြပ်စင် တွဲဖက်ပါဝင် နေတတ်သည်။ တစ်ကမ္ဘာလုံး ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် ၁၂ တန် ရှိပြီး၊ ၅ တန် ခန့် အရန်အဖြစ် ထုတ်လုပ်သည်။
Remove ads
ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ
ရက်သီနီယမ် ဒြပ်ပေါင်း လူအများစု အပေါ်သို့ သက်ရောက်မှုသည် ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။ ထိုဒြပ်ပေါင်း အားလုံးကို ပြင်းထန်သောအဆိပ် အဖြစ်လည်းကောင်း၊ ကင်ဆာ ဖြစ်စေနိုင်သော အရာကဲ့သို့ လည်းကောင်း အလေးထား သတိပြုသင့်ပါသည်။ ၎င်းဒြပ်ပေါင်းသည် လူများ၏ အရည်ပြားကို ပြင်းထန်စွာ စွန်းထင်း ထိခိုက်စေပြီး၊ မျိုချမိပါကလည်း အရိုးများထိ ပြင်းထန်စွာ ပျက်စီးစေနိုင်သည်။ RuO2 နှင့် RuO4 တို့သည် အပြင်းထန်ဆုံး အဆိပ်များ ဖြစ်သောကြောင့် ရှောင်ရှားသင့်ပါသည်။
Rhutenium 106 သည် ကမ္ဘာ့လေထုထဲတွင် နျုကလီးယားလက်နက်များ စမ်းသပ်မှုအတွက် radionuclides တစ်အခုအဖြစ် ပါဝင်ခဲ့သည်။ ထိုစမ်းသပ်မှုကို ၁၉၄၅ ခုနှစ်တွင် အမေရိကန် မှ စတင်စမ်းသပ်ခဲ့ပြီး နှင့် ၁၉၈၀ ခုနှစ်တွင် တရုတ်တို့၏ စမ်းသပ်မှုဖြင့် အဆုံးသတ်ခဲ့ကြသည်။
ပတ်ဝန်းကျင်သို့ သတ်ရောက်မှုများ
အပင်များအပေါ် ရက်သီနီယမ် ဒြပ်စင်၏ အကျိုးသက်ရောက်မှု အလွန်နည်းပါးသည်။ လေ့လာချက်များအရ ပတ်ဝန်းကျင်သို့ ရက်သီနီယမ် ဒြပ်စင်သည် လွန်စွာ ဆိုးကျိုးသက်ရောက်နိုင်ခြင်း မရှိသေးပါ။[၄]
မှတ်စု
- It was common to give newly discovered elements Latin names (for example, lutetium and hafnium, both discovered in early 20th century, are named after the Latin names for Paris and Copenhagen). Claus chose to name the element "in Honour of my Motherland",[၂] and Claus was a Russian subject; as such, he chose the Latin name for Russia used back in the day, Ruthenia, as the basis for his name.[၃]
In contemporary Latin (as well as in contemporary English), Russia is usually referred to as Russia, and the name Ruthenia stands for a region in and around Zakarpattia Oblast in western Ukraine.
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads