ပြဒါး

အက်တမ်အမှတ်စဉ် ၈၀ ရှိသော ဓာတုဗေဒဒြပ်စင် From Wikipedia, the free encyclopedia

ပြဒါး
Remove ads

ပြဒါး သို့မဟုတ် မာကျူရီ သည် အက်တမ်နံပါတ် ၈၀ ရှိသော ဓာတုဗေဒ ဒြပ်စင်ဖြစ်ပြီး သင်္ကေတအားဖြင့် Hg ဖြင့် ဖော်ပြသည်။ မာကျူရီကို တခါတရံတွင် ငွေရည် (Quicksilver)ဟုခေါ်သည်။ လေးလံ၍ ငွေရောင်အဆင်းရှိပြီး စံအပူချိန်နှင့်ဖိအားအောက်တွင် အရည် အဖြစ်တည်ရှိသည့် တစ်ခုတည်းသော သတ္တုပင်ဖြစ်သည်။ အပူချိန်တိုင်း ကိရိယာ၊ လေဖိအားတိုင်း ကိရိယာ၊ နာနိုမီတာ၊ ဖန်ချောင်းမီးသီးနှင့် အခြားပစ္စည်းကိရိယာများတွင် အသုံးပြုသည်။ ပြဒါး သည် ရေထဲတွင် ပျော်ဝင်ရာမှ ပြဒါး အဆိပ်သင့်ခြင်းများကို ဖြစ်စေနိုင်သည်။ ဤဆောင်းပါတွင် ပြဒါးအကြောင်းဖော်ပြရ၌အခြား ဓာတုဒြပ်ပေါင်းအမည်များကိုလည်းဖော်ပြသင့်သည်ဖြစ်ရာ အင်္ဂလိပ်ဘာသာမာကျူရီအဖြစ်အသုံးပြုသွားမည်ဖြစ်သည်။ မာကျူရီကို အခြားဒြပ်စင်များနှင့် နှိုင်းယှဉ်လျှင် အပူစီးဆင်းမှု အတော်အသင့် နည်းပါးသော်လည်း၊ လျှပ်စစ်စီးဆင်းမှု ကောင်းမွန်သည်။ မာကျူရီကို ရွှေ၊ ငွေ၊ သံ စသော ဒြပ်စင်များနှင့် လွယ်ကူစွာ သတ္တုစပ်နိုင်သည်။ ထိုသတ္တုစပ်များကို Amalgamsဟုခေါ်ကြသည်။ ထင်ရှားသော မာကျူရီဆားများမှာ မာကျူရီ ကလိုရိုက် (HgCl2 “အဆိပ်ပြင်းတစ်မျိုး”)၊ Calomel (Hg2Cl2 “ဆေးဘက်ဆိုင်ရာတွင် အသုံးပြုသည်”)၊ Mercury Fulminate ( Hg(ONC)2 “ဖောက်ခွဲမှုတွင် သုံးသည်” ) နှင့် မာကျူရီဆာလဖိုက်ဒ် ( HgS ) တို့ဖြစ်သည်။

Thumb
စွမ်းအင်နှင့်မျက်နှာပြင်တင်းမာမှုတို့ကြောင့်ပေါင်ဒင်္ဂါး (သိပ်သည်းဆ ၇.၆ g / cm3) သည်မာကျူရီထဲတွင်မျောနေသည်။
Thumb
မာကျူရီ - ဥတုရောင်စဉ်တန်းရောင်စဉ်မီးအိမ်
Thumb
ဖိအားကိုတိုင်းတာရန်မာကျူရီ manometer
အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...
Remove ads

အသုံးပြုခြင်း

မာကျူရီကိုနေရာ အမျိုးမျိုးတွင် အသုံးပြုကြသည်။ မာကျူရီသည် သိပ်သည်းဆ မြင့်မားသောကြောင့် ဘာရိုမီတာ နှင့် မာနိုမီတာတို့တွင် သုံးကြသည်။ မာကျူရီသည် အပူကျယ်ပြန့်နှုန်း မြင့်မားသောကြောင့် အပူချိန်တိုင်းကိရိယာ (Thermometer) တွင် တွင်ကျယ်စွာ အသုံးပြုသည်။ ထို့အပြင် သတ္တုစပ်များမှ ရွှေကိုဖယ်ထုတ်ရာတွင်လည်း အသုံးပြုသည်။ စက်ရုံများ၌ ဆားရေကို လျှပ်စစ်သုံးဓာတ်ခွဲခြင်းအားဖြင့် ကလိုရင်းနှင့် ဆိုဒီယမ် ဟိုက်ဒရောဆိုက်ဒ် အများအပြားထုတ်လုပ်ရာတွင် အရည် လျှပ်ကူးပစ္စည်း အဖြစ် မာကျူရီအား အသုံးပြုသည်။ မာကျူရီကို စိတ်ချရသော မီးခလုပ်များ၊ AC-DC ပြောင်းသော ကိရိယာများနှင့် လျှပ်စစ်ပစ္စည်းများ ပြုလုပ်ရာတွင် စက်ရုံထုတ်ဓာတ်ကူပစ္စည်းများအဖြစ် အသုံးပြုသည်။ မာကျူရီကို ဘက်ထရီနှင့် မီးချောင်း၊ မီးဆိုင်းများ ထုတ်လုပ်ရာတွင် အနည်းငယ်သာ အသုံးပြုသော်လည်း လုံးဝဖျောက်ဖျက်ရန်မှာ မဖြစ်နိုင်သေးပေ။ မာကျူရီဒြပ်ပေါင်းများကို အသုံးပြုမှုများစွာရှိသည်။ Calomel (Hg2Cl2) ကို လျှပ်စစ် တိုင်းတာမှုများတွင် အသုံးပြုသည်။ မာကျူရီကို ဆေးပညာနယ်ပယ်တွင်လည်း သန့်စင်ပေးသော ပစ္စည်းအဖြစ် အသုံးပြုသည်။ HgCl (ပွတ်တိုက်ပြတ်စားစေသော ပစ္စည်းတစ်မျိုး) ကို ပိုးကောင်ပိုးမွှားများ သုတ်သင်ရတွင် လည်းကောင်း၊ ကြွက်သတ်ဆေးနှင့် ကူးစက်ပိုးမွှားများ မဝင်အောင် ကာကွယ်ပေးသော ပစ္စည်းအဖြစ် လည်းကောင်း အသုံးပြုသည်။ မာကျုရီအောက်ဆိုဒ်ကို အရေပြားဆေးဝါးတစ်မျိုး အဖြစ် အသုံးပြုသည်။ မာကျူရီဆာလဖိုဒ်ကို Organic Chemistry တွင် ဓာတ်ကူပစ္စည်း အဖြစ် အသုံးပြုသည်။ မာကျူရီဆာလဖိုဒ်သည် အနီရောင်ချယ် ပစ္စည်းတစ်မျိုးဖြစ်သည်။ ထိုမာကျူရီဆာလဖိုဒ်မှာ ပုံဆောင်ခဲ အဖြစ်တည်ရှိလျှင် အနက်ရောင်ဖြစ်သည်။ Mercury Fulminate ကို ပေါက်ကွဲယမ်း (ကြီးမားသောပေါက်ကွဲမှုကို အစပြုသောယမ်း) အဖြစ် အသုံးပြုသည်။

Remove ads

ပတ်ဝန်းကျင်တွင် တွေ့ရှိရမှု အခြေအနေ

မာကျူရီကို သဘာဝထဲတွင် ပေါင်းစပ်ခြင်းမရှိသော ပမာဏ အနည်းငယ်မျှ တွေ့ရှိရသည်။ စပိန်၊ ရုရှား၊ အီတလီ၊ တရုတ်နှင့် စလိုဗေးနီးယားတို့တွင် ကာနာဗာ သတ္တုရိုင်းထဲ၌ တွေ့ရသည်။ ကမ္ဘာပေါ်တွင် မာကျူရီကို တစ်နှစ်လျှင် ၈တန် ထုတ်လုပ်သည်။ သတ္တုတွင်းများတွင် ထိန်းသိမ်းထားသော ပမာဏမှာ တန် ၆၀ဝ ဝန်းကျင်ရှိသည်။ မာကျူရီသည် ပတ်ဝန်းကျင်တွင် သဘာဝ အလျောက်တွေ့ရှိရသော ဒြပ်ပေါင်းတစ်မျိုးဖြစ်သည်။ ၎င်းကို မာကျူရီဆား (သို့) အော်ဂင်းနစ် မာကျူရီ ဒြပ်ပေါင်း ကဲ့သို့သော သတ္တုပုံစံဖြင့် တွေ့ရသည်။ မာကျူရီသည် ကျောက်စိုင်များနှင့် မြေဆီလွှာများမှ သတ္တများ ပြိုကွဲပျက်စီးရာမှာ ရေထုနှင့် လေထုထဲသို့ ဝင်ရောက်လာသည်။ သဘာဝ အရင်းအမြစ်မှ ထွက်ရှိလာသော မာကျူရီသည် ကာလအတန်ကြာအောင် မပျက်စီး မပြောင်းလဲပဲ တည်ရှိနေတတ်သည်။ သို့သော် မာကျူရီ၏ပြင်းအားသည် လူများ၏ကြိုးစားမှုများကြောင့် မြင့်တက်လာသည်။ ထိုမာကျူရီသည် ရုပ်ကြွင်းများမှ ရရှိသော လောင်စာလောင်ကျွမ်းမှု၊ သတ္တုတူးဖော်ခြင်း၊ အခဲစွန့်ပစ်ပစ္စည်းများ လောင်ကျွမ်းခြင်းနှင့် မိုင်းတွင်းများမှ တဆင့် လေထုထဲသို့ ဝင်ရောက်လာသည်။ လူများ၏ အချို့သော လုပ်ဆောင်မှုများမှလည်း လေထုထဲသို့ တိုက်ရိုက် ဝင်ရောက်လာတတ်သည် (ဥပမာ – စိုက်ပျိုးရေးတွင် ဓာတ်မြေဩဇာများ အသုံးပြုခြင်းနှင့် စက်ရုံများမှ ပတ်ဝန်းကျင်သို့ ထုတ်လွှတ်လိုက်သော မာကျူရီသည် နောက်ဆုံးတွင် ရေထုနှင့် လေထုထဲသို့ ဝင်ရောက်သွားကြသည်)။ သဘာဝအားဖြင့် မာကျူရီကို စားသောက်ကုန်များတွင် မတွေ့ရှိရပါ။ သို့သော် လူများစားသုံးလိုက်သော သေးငယ်သော သက်ရှိများမှတဆင့် အစာကွင်းဆက်များအဖြစ် ပျံ့နှံ့ကာ အစာအဖြစ်သို့ ပြောင်းလဲသွားကြသည်။ (ဥပမာ – ငါးများကိုစားသုံးခြင်း။။ ငါးများတွင်ပါဝင်သော မာကျူရီပြင်းအားသည် ၎င်းတို့နေထိုင်သော ရေတွင်ပါဝင်သော မာကျူရီပြင်းအားထက် ပုံမှန်အားဖြင့် မြင့်တက်နေတတ်သည်)။ မွေးမြူရေး ထုတ်ကုန်ပစ္စည်းများတွင်လည်း ပမာဏတော်တော်များများ ပါဝင်သည်။ စိုက်ပျိုးရေး ထုတ်ကုန်များတွင် သဘာဝအားဖြင့် မတွေ့ရှိရပါ။ သို့သော် အသီးအနှံများကို မာကျူရီပါဝင်သော ဓာတ်မြေဩဇာများ ဖျန်းခြင်းအားဖြင့် လူ၏ကိုယ်အတွင်းသို့ ဝင်ရောက်နိုင်သည်။

Remove ads

ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု

မာကျူရီကို အိမ်သုံးပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည်။ လေဖိအားတိုင်းကိရိယာ၊ အပူချိန်တိုင်းကိရိယာ နှင့် မီးချောင်းများတွင် အသုံးပြုသည်။ ထိုကိရိယာများတွင် ပါဝင်သော မာကျူရီသည် ပုံမှန်အားဖြင့် မည်သည့် ကျန်းမာရေးပြဿနာမျှ မဖြစ်စေနိုင်ပါ။ သာမိုမီတာများ တစ်စုံတစ်ခုကြောင့်ပျက်စီးပါက ပြဒါးများ အငွေ့ပျံ ပျောက်ဆုံးသည့် အချိန် အထိ ထိုနေရာတွင် အသက်မရှူသင့်ပါ။ ပြဒါးငွေ့သည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သည်။ အထူးသဖြင့် အာရုံကြောနှင့် ဦးနှောက် ထိခိုက်စေခြင်း၊ ကျောက်ကပ် ပျက်စီးစေခြင်း၊ အဆုတ်နှင့် မျက်လုံးကို ထိခိုက်စေခြင်း၊ အရေပြားကို ဆိုးရွားစွာ ထိခိုက်စေခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကို ဖြစ်ပေါ်စေသည်။ မာကျူရီတွင် လူသားများကို ထိခိုက်စေသော အချက်များစွာရှိသည်။ ထိုအချက်များကို အောက်ပါအတိုင်း လွယ်ကူစွာ ဖော်ပြနိုင်သည်။ - အာရုံကြော အဖွဲ့အစည်း ပျက်စီးခြင်း၊ - ဦးနှောက်၏ လုပ်ဆောင်မှုကို ထိခိုက်စေခြင်း၊ - မျိုးရိုးဗီဇကို ထိခိုက်စေခြင်း၊ - အရေပြားကို ဆိုးရွားစွာ ထိခိုက်စေခြင်း၊ - မောပန်းခြင်းနှင့် ခေါင်းကိုက်ခြင်း၊ - မျိုးဆက်ပြန့်ပွားမှုကို အဟန့်အတားဖြစ်ခြင်း၊ မျိုးဥများသေဆုံးခြင်း၊ မျိုး မအောင်ခြင်း၊

ဦးနှောက်ကိုထိခိုက်စေခြင်းသည် ဉာဏ်ရည် မမှီခြင်း၊ အကြောက်လွန်ရောဂါ၊ အမြင်အာရုံပြောင်းလဲခြင်း၊ နားထိုင်းခြင်း၊ ကြွက်သားများ ထိခိုက်ခြင်းနှင့် မှတ်ဉာဏ် ကျဆင်းခြင်းတို့ကို ဖြစ်ပေါ်စေသည်။

ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ

မြေဆီလွှာရှိ မာကျူရီသည် မှိုများတွင် ပါဝင်နေတတ်သည်။ အက်ဆစ်ပါဝင်သော ရေမျက်နှာပြင်တွင် မာကျူရီပမာဏ များပြားစွာပါဝင်နိုင်သည်။ pH တန်ဖိုး ၅ မှ ၇ ကြားတွင်ရှိသော အခါ ရေတွင်ပါဝင်သော မာကျူရီပြင်းအား တက်လာသည်။ အဘယ်ကြောင့်ဆိုသော် မြေထုတွင်ပါဝင်သော မာကျူရီ ရွေ့လျှားမှုကြောင့်ဖြစ်သည်။ မာကျူရီသည် ရေထု သို့မဟုတ် မြေဆီလွှာသို့ ရောက်လာသောအခါ အလွန်သေးငယ်သော သက်ရှိများသည် မီသိုင်းမာကျူရီ အဖြစ် ပြောင်းလဲပေးသည်။ မီသိုင်းမာကျူရီကို သက်ရှိများက လွယ်ကူစွာ စုပ်ယူနိုင်ပြီး အာရုံကြောကို ပျက်စီးစေနိုင်သည်။ ငါးသည် ရေထဲတွင် မိသိုင်းမာကျူရီကို အများဆုံးစုတ်ယူသော သက်ရှိဖြစ်သည်။ ၎င်းအကျိုးဆက် အနေဖြင့် မီသိုင်းမာကျူရီသည် ငါးနှင့် အစာဆက်တမ်းများတွင် စုပုံနေတတ်သည်။ မာကျူရီသည် တိရစ္ဆာန်များအပေါ် ကျောက်ကပ်၊ အစာအိမ်နှင့် အူသိမ်ကိုပျက်စီးစေသည်။ မျိုးပွားမှု ပျက်စီးခြင်းနဲ့ DNA ပြောင်းလဲ မှုကိုဖြစ်ပေါ် စေသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads