တိုင်တေနီယမ်
အက်တမ်အမှတ်စဉ် ၂၂ ရှိသော ဓာတုဒြပ်စင် From Wikipedia, the free encyclopedia
Remove ads
တိုင်တေနီယမ်သတ္တုကို ၁၇၉၁ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဝီလျံဂရက်ဂါဆိုသူက စတင်တွေ့ရှိခဲ့သည်။ ဂျာမန်လူမျိုး အမ်၊ အိပ်၊ ကလပ်ပရုပ်ဆိုသူက ရူတီးခေါ် တိုင်တေးနီယမ်အောက် ဆိုက် တွင်းထွက်ပစ္စည်းရိုင်းမှ အောင်မြင်စွာ ထုတ်ယူရရှိ၍ ဂရိဒဏ္ဍာရီ၌ပါသော ယူရေးနပ်၏သား တိုင်တန်ကို အစွဲပြုပြီးလျှင် တိုင်တေးနီယမ်ဟု အမည်ပေးခဲ့သည်။ ကမ္ဘာ့အပေါ်ယံ မြေလွှာတွင် တိုင်တေးနီယမ်သည် ရာခိုင်နှုန်း ဝ. ၆၅ မျှပါဝင် သည်။ ကမ္ဘာပေါ်တွင် အတွေ့ရအများဆုံး ဒြပ်စင်စာရင်းတွင် ယင်းသည် နဝမမြောက် ဒြပ်စင်ဖြစ်သည်။ အစ်လမင်နိုက်နှင့် ရူတီး တွင်းထွက်ပစ္စည်းရိုင်းနှစ်မျိုးသည် တိုင်တေးနီယမ်သတ္တုမှ ထုတ်ယူ ရရှိသော အဓိက ပစ္စည်းနှစ်မျိုးဖြစ်သည်။ သို့သော် တိုင်တေးနီဖာရပ် မက်ဂနက်တိုက်၊ တိုင်တင်းနိုက်၊ ပီရော့စ ကိုက်နှင့် အခြားတွင်းထွက်ပစ္စည်းရိုင်များတွင်လည်း ဤသတ္တု ပါဝင်သည်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ရုရှနိုင်ငံနှင့် နော်ဝေနိုင်ငံများတွင် တိုင်တေနီယမ် တွင်းထွက်ပစ္စည်းရိုင်းကို အနှံ့အပြား တွေ့ရ သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads