စိန်ဖြူ

From Wikipedia, the free encyclopedia

စိန်ဖြူ
Remove ads

စိန်ဖြူ (စိန်သတ္တုဟူ၍ မြန်မာ့စွယ်စုံကျမ်းအတွဲ-၄တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။)[]အား အင်္ဂလိပ်ဘာသာဖြင့် အာဆင်းနစ်(Arsenic) ဟု ခေါ်ဆိုကြသည်။ ဓာတုဗေဒသင်္ကေတမှာ As ဖြစ်သည်။ အဝါ၊ အနက်၊ မီးခိုးဟူသော သုံးမျိုးစပ်အရောင်ဖြစ်ပြီး ငွေရောင်သမ်းနေသော ကြွပ်ဆတ်သည့် ပုံဆောင်ခဲအနေဖြင့် တွေ့ရသည်။ သံမဏိရောင် ခပ်မွဲမွဲရှိ၍ သတ္တုကဲ့သို့ပြောင် လက်သော အခဲဖြစ်၏။ ခနောက်စိမ်းနှင့် ကြွပ်တို့ကဲ့သို့ပင် သတ္တုဟုလည်း မဆိုနိုင်၊ သတ္တုမဟုတ်ဟူ၍လည်း မဆိုနိုင်သော ကြားသတ္တုဒြဗ်စင်ဖြစ်၏။ သို့သော် သတ္တုမဟုတ်သော ဖော့စဖောရစ်နှင့် ပို၍နီးစပ်၏။ အာဆင်းနစ်ကို သယံဇာတအဖြစ်ဖြင့် ၎င်း၊ အထူးသဖြင့် ကန့်နှင့် ရောစပ်၍ တွေ့နေကျသတ္တုရိုင်းများ တွင်၎င်း တွေ့ရ၏။ အခြား ဒြပ်စင်များနှင့်လည်း အလွယ်တကူ ဓာတ်ပြုနိုင်သည်။ အပူပေးသောအခါ အလွယ်တကူ ကြက်သွန်နံ့ရသော အာဆင်းနစ် ထွိုင်အောက်ဆိုဒ်(arsenic trioxide) အဖြစ်သို့ ပြောင်းလဲသွားသည်။ non metallic form ဓာတ်ပြုအား အလွန် နည်းသော်လည်း ပြင်းအားကောင်းသည့် အက်ဆစ်များ ထဲတွင် ပျော်ဝင်နိုင်သည်။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...
Remove ads

အသုံးပြုခြင်း

အခြားဓာတ်ပေါင်းများနှင့် ရောစပ်ထားသော အာဆင်းနစ်သည် အာစနစ်ချည်းသက်သက်ထက်ပို၍ အသုံးဝင်သည်။ အာဆင်းနစ် ဒြပ်ပေါင်းများကို ဖန်ထည်များ ပြုလုပ်ခြင်း၊ လေဆာရောင်ခြည် ထုတ်လွှတ်နိုင်သော semiconductor gallium arsenade ပြုလုပ်ခြင်းတို့တွင် အသုံးပြုပါသည်။ Arsine gas AsH3 သည် လွန်စွာ အဆိပ်ပြင်းသောကြောင့် အထူးဂရုပြု သုံးရသော်လည်း ၎င်းကို အီလက်ထရွန်းနစ် ပစ္စည်းပြုလုပ်သော စက်ရုံများတွင် အဓိက အရေးကြီးဓာတ်ငွေ့အဖြစ် အသုံးပြုကြသည်။ အာဆင်းနစ်ဒြဗ်ပေါင်းများ သည် အမျိုးမျိုးသော အသီးပင် အရွက်ပင်များကို ဖျက်ဆီးတတ်သော ပိုးမွှားများကို သတ်ရန် ပိုးသတ်ဆေး အဖြစ်ဖြင့် အလွန်အသုံးဝင်၏။ ကော့ပါး(ကြေးနီ)၊ ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်တို့နှင့် ရောစပ် ထားသော အာစနစ်ဒြဗ်ပေါင်းများကို ခြယ်ဆေးပေါင်း မြောက်မြားစွာတို့တွင် အသုံးပြုရ၏။ အနုပညာတွင် အသုံးများသော မြစိမ်းရောင်အသွေး ရှိသည့် 'ပဲရစ် ဂရင်း(copper acetoarsenite)'ခေါ် ထင်ရှားသော ခြယ်ဆေးတစ်မျိုးတွင် အာစနစ်ပါ၏။ အာဆင်းနစ် ဒြဗ်ပေါင်းများမှ အဆိပ်ငွေ့များ ထွက်မည်ဟု ယူဆကြသဖြင့် နံရံကပ်စက္ကူများနှင့်အထည် များကို အာဆင်းနစ်ပါသော ဆိုးဆေးများဖြင့် အရောင်ခြယ်လေ့ ဆိုးလေ့မရှိကြချေ။

အာဆင်းနစ်ကို ခဲကျည်ဆန်များပြုလုပ်ရာတွင် အဓိကအသုံး ပြုကြ၏။ ကျည်စေ့များပြုလုပ်ရာ၌ ခဲတွင် အာဆင်းနစ် အနည်းငယ်ကိုထည့်၍ ရောစပ်အသုံးပြုခြင်းဖြင့် ကျည်စေ့လုံးကလေး များကို ရရှိနိုင်သည်။ ခဲချည်း သက်သက်ကို ကျို၍လောင်းယူလျှင် အလုံးကလေးများကို မရနိုင်ဘဲ၊ အမျှင်တန်းလန်းပါလာသော ခဲကလေးများကိုသာရရှိသည်။ အာဆင်းနစ်နှင့် အောက်စီဂျင် ရောစပ်ထားသော အာဆင်းနစ်အဖြူကို ဖန်လုပ်ငန်းတွင် သံကြောင့်ဖြစ်ပေါ်သော အရောင်ကိုချွတ်ရန် အသုံးများ၏။ ထို့ပြင် ကြွက်နှင့်ယင်များကိုသတ်ရန် အဆိပ်ခတ်ဆေးအဖြစ်ဖြင့်၎င်း၊ ရောင်စုံ မီးပန်းများ ပြုလုပ်ရာ၌၎င်း အသုံးပြုကြသေး၏။ အိုင်းယန်းပါကလိုရိုက် ပျော်ဝင်ရည်နှင့် မက်ဂနီဇီယာအမှုန့်များသည် အာဆင်းနစ်အဆိပ်ဖြေဆေးများဖြစ်ကြသည်။ သံတွင် အာဆင်းနစ် အနည်းငယ်ထည့်၍ ရောစပ်လိုက်သောအခါ သံအရောင်ပြောင်လက်၍လာသည်။

Remove ads

သဘာဝမှာတွေ့ရှိရမှုအခြေအနေ

အာဆင်းနစ်သည် သဘာဝတွင် အနည်းငယ်သာတွေ့ရသည်။ ၎င်းသည် မြေဆီလွှာထဲတွင် ဖြစ်ပေါ်ပြီး လေနှင့် ရေတို့မှတစ်ဆင့် နေရာအနှံ့အပြားသို့ပျံ့နှံ့ သွားသည်။ အာဆင်းနစ်သည် သေစေနိုင်သော အဆိပ်ရှိသော်လည်း တချို့သက်ရှိများအတွက် အနည်းငယ် လိုအပ်ပါသည်။ သန့်စင်သော အာဆင်းနစ် ကို သဘာဝတွင် microcrystalline အဖြစ်နှင့်သာ အနည်းအပါး တွေ့ရသည်။ ၎င်းကို ဆိုက်ဘေးရီးယား၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ရိုမေးနီးယားနှင့် အမေရိကန်နိုင်ငံ တို့တွင်တွေ့ရသည်။ အာဆင်းနစ်ကို အများအားဖြင့် ဆာလ်ဖာနှင့် ရောစပ်ပြီး arsenopyrite (AsFeS) တွင်တွေ့ရသည်။[] []



Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads