နီဟိုနီယမ်

အက်တမ်အမှတ်စဉ်၁၁၃ရှိသောဓါတုဒြပ်စင် From Wikipedia, the free encyclopedia

Remove ads

နီဟိုနီယမ် (Nihonium) သည် ဓာတုဗေဒဒြပ်စင်တမျိုးဖြစ်ပြီး ၎င်း၏သင်္ကေတမှာ Nh ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) ၁၁၃ ဖြစ်သည်။ ၎င်းဒြပ်စင်ကို အက္ကသယ်လီယမ် (eka-thallium)ဟုလည်းခေါ်ကြသေးသည်။ Americium-၂၄၃ အက်တမ်အား calcium-၄၈၏အိုင်းယွန်းများနှင့်ပြိုကွဲပျက်စီးစေခြင်းမှ ၎င်းဒြပ်စင်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ နီဟိုနီယမ်ဆိုသည်မှာ ဂျပန်အမည်တစ်ခုဖြစ်သည့် နီဟွန်ဆိုသည်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ၎င်းဒြပ်စင် ပြိုကွဲပျက်စီးချိန်၌ ဖြစ်ပေါ်လာသော နီဟိုနီယမ် ဒြပ်စင်၏အက်တမ်လေးခုတို့သည် ၁/၁၀ စက္ကန့်ထက်နည်းသောအချိန်အတွင် နီဟိုနီယမ် ဒြပ်စင်၏အက်တမ်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသည်။ ၂၀ဝ၄ ခုနှစ် စက်တင်ဘာလတွင် ဂျပန်သိပ္ပံပညာရှင်အဖွဲ့အစည်းတခုမှ ၎င်းဒြပ်စင်ကိုဓာတ်ခွဲခန်း၌ အောင်မြင်စွာ ထုတ်ဖော်နိုင်ခဲ့ကြောင်းကြေညာ ခဲ့သည်။ ၎င်းဒြပ်စင်၏ဂုဏ်သတ္တိများသည် Thallium(Th) နှင့် Indium(In) တို့၏ဂုဏ်သတ္တိများနှင့် ဆင်တူနိုင်ကြောင်းခန့်မှန်းမျှော်လင့်ထားကြသည်။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...

Ununtrium အမည်ဖြင့် ရှာဖွေတွေ့ရှိခဲ့သောဒြပ်စင်အမှတ် ၁၁၃ အတွက် သိပ္ပံဆိုင်ရာအမှတ်အသားအဖြစ် Latinate ဘာသာအရ “one-one-three-ium” (“ium” being a standard ending for element names)ဟုခေါ်ဝေါ်သတ်မှတ်ခဲ့သည်။ နိုဝင်ဘာလ ၂၀၀၆ ခုနှစ်တွင်ယင်းဒြပ်စင်အမည်အား နီဟိုနီယမ် ဟု တရားဝင်သတ်မှတ်ပေးခဲ့ပြီး ၂၀၁၇ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံတိုကျိုးမြို့၌ အမည်ပေးအခမ်းအနားပြုလုပ်ခဲ့ကာ ဂျပန်အိမ်ရှေ့မင်းသားကိုယ်တိုင် တက်ရောက်ခဲ့သည်။ နီဟိုနီယမ် သည် transuranic (transuranic elements=ransuranium element, chemical element with an atomic number greater than 92 (which is the atomic number of uranium)) ဒြပ်စင်များကဲ့သို့ဓာတ်ခွဲခန်းမှသာထုတ်ယူရရှိနိုင်သည့်ဒြပ်စင်ဖြစ်သည်။

Remove ads

အသုံးပြုခြင်း

၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။

သဘာဝမှာတွေ့ရှိမှုအခြေအနေ

၎င်းဒြပ်စင်ကို ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သောကြောင့် မြေကြီးပေါ်တွင်သဘာဝအတိုင်းလုံဝ မတွေ့ရှိနိုင်ပါ။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

၎င်းဒြပ်စင်သည် အလွန်မတည်မြဲသောဒြပ်စင် ဖြစ်သည်။ ၎င်းဒြပ်စင်ဖြစ်ပေါ်ပြီး အလွန်လျင်မြန်စွာ အခြားဒြပ်စင်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသောကြောင့် ၎င်းဒြပ်စင်မှလူသားတို့၏ ကျန်းမာရေး အပေါ်အကျိုးသက်ရောက်မှုကို လေ့လာရန် မဖြစ်နိုင်ပါ။

ပတ်ဝန်းကျင်သို့ သတ်ရောက်မှုများ

နီဟိုနီယမ် ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် အလွန်တိုသောကြောင့် ပတ်ဝန်ကျင်သို့ ၎င်းဒြပ်စင်၏သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားစရာမလိုပါ။

Thumb
အမည်ပေးအခမ်းအနား

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads