ဖလရိုဗီယမ်

အက်တမ်အမှတ်စဉ်၁၁၄ရှိသောဓါတုဒြပ်စင် From Wikipedia, the free encyclopedia

ဖလရိုဗီယမ်
Remove ads

ဖလရိုဗီယမ် ဒြပ်စင်သည် အလွန်လေးလံသော ဒပ်စင်အမျိုးအစားဖြစ်ပြီး ဓာတုသင်္ကေ Fl အက်တမ်အမှတ်စဉ် ၁၁၄ ဖြစ်သည်။ ရေဒီယိုသတ္တုကြွမှုအလွန်ကောင်းကာ လူလုပ်ဒြပ်စင်တမျိုးဖြစ်သည်။ ဤဒြပ်စင်ကို ၁၉၉၈ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည် ရုရှားနိုင်ငံ နျူကလီးယားလေ့လာရေးတက္ကသိုလ်တခုဖြစ်သည့် ဖလာရော့ဗ်ဓာတ်ခွဲခန်းအား ရည်စူး၍ အမည်ပေးထားခြင်းဖြစ်သည်။ ဖလရိုဘီယမ် ဒြပ်စင်သည် Lead(Pb) နှင့် Tin(Sn) ဒြပ်စင်များ၏ဂုဏ်သတ္တိများနှင့်တူညီနိုင်မည်ဟုခန့်မှန်းမျှော်လင့်ထားကြသည်။ Plutonium(၂၄၄)ကို Clacium(48)၏ပြင်းထန်းသော ရောင်စဉ်တန်းများနှင့်ချိန်ရွယ်တိုက်ခိုက်ပြိုကွဲစေခြင်းအားဖြင့် ၎င်းဒြပ်စင်ကိုဖန်းတီး ထုတ်ယူနိုင်သည်။

Thumb
၂၀၁၃ ခုနှစ်တွင်ထုတ်ဝေခဲ့သော Russia of Stamp, Georgy Flyorov နှင့် flerovium တို့ကိုရည်ညွှန်းသည်
အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...
Remove ads

အသုံးပြုခြင်း

၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။

သဘာဝမှာတွေ့ရှိမှုအခြေအနေ

၎င်းဒြပ်စင်ကို ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သောကြောင့် မြေကြီးပေါ်တွင်သဘာဝအတိုင်းလုံဝ မတွေ့ရှိနိုင်ပါ။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

၎င်းဒြပ်စင်သည် အလွန်မတည်မြဲသောဒြပ်စင် ဖြစ်သည်။ ၎င်းဒြပ်စင်ဖြစ်ပေါ်ပြီး အလွန်လျင်မြန်စွာ အခြားဒြပ်စင်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသောကြောင့် ၎င်းဒြပ်စင်မှလူသားတို့၏ ကျန်းမာရေး အပေါ်အကျိုးသက်ရောက်မှုကို လေ့လာရန် မဖြစ်နိုင်ပါ။

ပတ်ဝန်းကျင်သို့ သတ်ရောက်မှုများ

ဖလရိုဗီယမ် ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် ၂၁စက္ကန့်ခန့် အလွန်တိုသောကြောင့် ပတ်ဝန်ကျင်သို့ ၎င်းဒြပ်စင်၏သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားစရာမလိုပါ။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads