မိုက်ဒ်နီရီယမ်

From Wikipedia, the free encyclopedia

Remove ads

မိုက်ဒ်နီရီယမ် (Meitnerium) ဒြပ်စင်သည် ရေဒီယိုသတ္တိကြွဒြပ်စင်တခုဖြစ်ပြီး ၎င်းကို ဒြပ်ခွဲခန်း၌သာ ဖန်တီးထုတ်ယူ ရရှိ်နိုင်သည်။ ၎င်း၏ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများကို ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိသေးသော်လည်း၊ Iridium(Ir)ကဲ့သို့ အုပ်စုနံပါတ် (၉) ရှိ အခြားသော ဒြပ်စင်များနှင့်ဆင်တူနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ၎င်း၏သင်္ကေတမှာ Mt ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) ၁၀၉ ဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် ဩစတြေးလျ ရူပဗေဒပညာရှင် Lise Meitner မှ စတင်တွေ့ရှိခဲ့သည်။ ထို့ကြောင့် ၎င်းကိုဂုဏ်ပြုသောအားဖြင့် ၁၉၉၇ ခုနှစ်တွင် IUPAC မှ Meitnerium ဒြပ်စင် ဟုအတည်ပြုသတ်မှတ်ခဲ့သည်။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...
Remove ads

အသုံးပြုခြင်း

၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။

သဘာဝမှာတွေ့ရှိမှုအခြေအနေ

၎င်းဒြပ်စင်ကို သဘာဝတွင် မတွေ့ရှိနိုင်ပဲ ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သည်။

ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ

၎င်းဒြပ်စင်သည် အလွန်မတည်မြဲသောဒြပ်စင် ဖြစ်သည်။ ၎င်းဒြပ်စင်ဖြစ်ပေါ်ပြီး အလွန်လျင်မြန်စွာ အခြားဒြပ်စင်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသောကြောင့် ၎င်းဒြပ်စင်မှလူသားတို့၏ ကျန်းမာရေး အပေါ်အကျိုးသက်ရောက်မှုကိုလေ့လာရန်မဖြစ်နိုင်ပါ။

ပတ်ဝန်းကျင်သို့သတ်ရောက်မှုများ

Meitnerium ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် ၃.၈ မီလီစက္ကန့်ခန့် အလွန်တိုသောကြောင့် ပတ်ဝန်းကျင်သို့ သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားစရာမလိုပါ။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads