ယူရိုပီယမ်
အက်တမ်အမှတ်စဉ် ၆၃ ရှိသော ဓာတုဒြပ်စင် From Wikipedia, the free encyclopedia
Remove ads
ယူရိုပီယမ် (Europium) သည် ငွေရောင် ဖျော့ဖျော့ရှိပြီး တန်ဖိုးမြင့်မားပါသည်။ ဓာတုဗေဒသင်္ကေတမှာ Eu ဖြစ်သည်။ ၎င်း သတ္တုသည် Lanthanide အုပ်စုထဲတွင် ဓာတ်ပြုမှု အကောင်းဆုံး သတ္တု တစ်မျိုးဖြစ်သည်။ ၎င်း သတ္တုသည် လေထဲ၌ အခန်းအပူချိန်မှာပင် အောက်ဆီဂျင်နှင့် ဓာတ်ပြုနိုင်သည်။ အပူချိန် ၁၅၀ မှ ၁၈၀ စင်တီဂရိတ် အတွင်း လောင်ကျွမ်းနိုင်သည်။ ရေနှင့် အလွယ်တကူ ဓာတ်ပြုနိုင်သည်။
Remove ads
အသုံးပြုမှု
ယူရိုပီယမ် (Europium) သည် နျူထရွန်ကို စုပ်ယူ စုဆောင်းနိုင်သောကြောင့် နျူးကလီးယား ဓာတ်ပေါင်းဖို များတွင် Control Rod အပိုင်းတွင် အသုံးပြုသည်။ Eu Phosphors များကို တောက်ပသော အနီရောင် ထွက်ပေါ်စေရန်အတွက် TV Tubes ရုပ်မြင်သံကြား စက်များတွင် အသုံးပြုပါသည်။ လမ်းမီးတိုင်များတွင် အလင်းရောင် ပိုမို တောက်ပစေရန် Eu ကို Mercury-Vapor Lamp များတွင် အနည်းငယ်မျှ ထည့်သွင်း ထားသည်။ Eu ဆားတစ်မျိုးကို မီးစုန်းဓာတ်ပါသော အမှုန့် နှင့် ဆေးသုတ်ရာတွင် အသုံးပြုသည်။

Remove ads
ပတ်ဝန်းကျင်ရှိ ယူရိုပီယမ်
ယူရိုပီယမ် (Europium) သည် ရှားပါး ဒြပ်စင်များထဲမှ ပေါများမှု အနည်းဆုံး ဒြပ်စင် တစ်ခုဖြစ်သည်။ သံဖြူ နီးပါး ပေါများပါသည်။ ၎င်းကို သဘာဝတွင် လွတ်လပ်စွာမတွေ့ရှိနိုင် သော်လည်း ယူရိုပီယမ် ပေါင်းစပ် ပါဝင်နေသော ဒြပ်စင် မြောက်မြားစွားရှိသည်။ အဓိက တွေ့ရှိနိုင်သော သတ္တုတွင်း နေရာများကတော့ တရုတ်နှင့် အမေရိကန်နိုင်ငံ တို့ဖြစ်ကြသည်။ ထုတ်လုပ်ပြီး ယပမာဏသည် တန်ပေါင်း ၁၅၀၀၀၀ နီးပါရှိသည်။ ကမ္ဘာ့ ယူရိုပီယမ် ထုတ်လုပ်မှု ပမာဏမှာ တစ်နှစ်လျှင် တန် ၁၀၀ ခန့်ရှိသည်။

Remove ads
ကျန်းမာရေးသက်ရောက်မှု
ယူရိုပီယမ် (Europium) သည် ဇီဝဗေဒ ဆိုင်ရာ အခန်းကဏ္ဍ မှာ ပါဝင်မှု မရှိပါ။ ယူရိုပီယမ်ဆား ခန္ဓာကိုယ် တွင်းမျိုချမိပါက အဆိပ်အတောက် အနည်းငယ်ဖြစ်တတ်ပြီး အဆိပ်အတောက် ဖြစ်နိုင်မှု ပမာဏအတွက် ပြည့်စုံစွာ သုတေသန ပြုလုပ်ဆဲဖြစ်သည်။
ပတ်ဝန်းကျင်သက်ရောက်မှု

ယူရိုပီယမ် (Europium) သည် အပင်များနှင် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့် ထိခိုက်မှုမှ မဖြစ်စေပါ။ ယူရိုပီယမ် (Europium) လောင်ကျွမ်း ပေါက်ကွဲမှုဖြစ်ပေါ်မှသာလျှင် အန္တရာယ် ဖြစ်စေနိုင်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads