ဒပ်ဘ်နီယမ်

အက်တမ်အမှတ်စဉ် ၁၀၅ ရှိသော ဓာတုဒြပ်စင် From Wikipedia, the free encyclopedia

Remove ads

ဒပ်ဘ်နီယမ် (Dubnium) ဒြပ်စင်သည် ရေဒီယိုသတ္တိကြွဒြပ်စင်တခုဖြစ်ပြီး ၎င်းကို ဓာတ်ခွဲခန်း၌သာ ဖန်တီးထုတ်ယူ ရရှိနိုင်သည်။ ၎င်း၏သင်္ကေတမှာ Db ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) ၁၀၅ ဖြစ်သည်။ Dubnium ဒြပ်စင်၏ တွေ့ရှိခဲ့သော အိုင်ဆိုတုပ် အမှတ်စဉ် ၉ မျိုး၏ atomic weight များမှာ ၂၅၅ မှ ၂၆၃ အထိရှိသည်။ ၎င်း၏ တည်ငြိမ်ဆုံး အိုင်ဆိုတုပ် အမှတ်စဉ်မှာ 268Db ဖြစ်၍ သက်တမ်းဝက်(half-life) မှာ ၃၂ နာရီဖြစ်သည်။ Dubnium ဒြပ်စင်ကို ၁၉၆၈-၁၉၇၀ ခုနှစ်တွင်ရုရှားနိုင်ငံ Dubna မြို့ရှိ JINR ကောလိပ်ရှိ ဓာတ်ခွဲခန်းမှ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ Dubnium ဟူသောအမည်သည် ၎င်းမြို့အမည်အား ဂုဏ်ပြုသတ်မှတ်ထားခြင်း ဖြစ်သည်။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...
Remove ads

အသုံးပြုခြင်း

၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။

သဘာဝမှာတွေ့ရှိမှုအခြေအနေ

၎င်းဒြပ်စင်ကို သဘာဝတွင် မတွေ့ရှိနိုင်ပဲ ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သည်။

ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ

၎င်းဒြပ်စင်သည် အလွန်မတည်မြဲသောဒြပ်စင် ဖြစ်သည်။ ၎င်းဒြပ်စင်ဖြစ်ပေါ်ပြီး အလွန်လျင်မြန်စွာ အခြားဒြပ်စင်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသောကြောင့် လူသားတို့၏ ကျန်းမာရေး အပေါ်အကျိုးသက်ရောက်မှုကို လေ့လာရန်မဖြစ်နိုင်ပါ။

ပတ်ဝန်းကျင်သို့သတ်ရောက်မှုများ

Dubnium ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် ၃၄ စက္ကန့်ခန့် အလွန်တိုသောကြောင့် ပတ်ဝန်းကျင်သို့ သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားရန်မလိုပါ။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads