ဟက်စ်စီယမ်

အက်တမ်အမှတ်စဉ် ၁၀၈ ရှိသော ဓာတုဒြပ်စင် From Wikipedia, the free encyclopedia

Remove ads

ဟက်စ်စီယမ် (Hassium) ဒြပ်စင်ကို ဒြပ်ခွဲခန်း၌သာ ဖန်တီးထုတ်ယူ ရရှိ်နိုင်ပြီး ၎င်း၏ဒြပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများသည် Osmium ဒြပ်စင်နှင့်ဆင်တူနိုင်သည်။ အဖြူရောင်ရှိသော silver သို့မဟုတ် မီးခိုရောင်ရှိသောဒြပ်စင်တစ်ခုဖြစ်နိုင်ကြောင်းလည်း ခန့်မှန်းထားကြသည်။ ၎င်း၏သင်္ကေတမှာ Hs ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) ၁၀၈ ဖြစ်သည်။ ၎င်း၏ တည်ငြိမ်မှုအမြင့်ဆုံးရှိသည့် isotope အမှတ်စဉ်မှာ 227Hs ဖြစ်၍ သက်တမ်းဝက်(half-life) မှာ ၁၆.၅ မိနစ်ဖြစ်သည်။ Hassium ဒြပ်စင်ကို ၁၉၈၄ ခုနှစ်တွင်ဂျာမန်ရူပဗေဒပညာရှင် Peter Armbruster နှင့် Gottfried Munzenberg တို့မှ ဂျာမနီနိုင်ငံ Hesse ပြည်နယ် Darmstadt မြို့ရှိ GSI ကောလိပ်ရှိ ဓာတ်ခွဲခန်းမှစတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ Hassium အမည်သည် Latin ဘာသာမှ ဆင်းသက်လာသော Hesse ၏ (ဂျာမနီနိုင်ငံ GSI ကောလိပ်တည်ရှိရာ ပြည်နယ်) အမည် အား ဂုဏ်ပြုသတ်မှတ်အမည်ပေးထားခြင်း ဖြစ်သည်။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...
Remove ads

အသုံးပြုခြင်း

၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။

သဘာဝမှာတွေ့ရှိမှုအခြေအနေ

၎င်းဒြပ်စင်ကို သဘာဝတွင် မတွေ့ရှိနိုင်ပဲ ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သည်။

ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ

၎င်းဒြပ်စင်သည် အလွန်မတည်မြဲသောဒြပ်စင် ဖြစ်သည်။ ၎င်းဒြပ်စင်ဖြစ်ပေါ်ပြီး အလွန်လျင်မြန်စွာ အခြားဒြပ်စင်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသောကြောင့် ၎င်းဒြပ်စင်မှလူသားတို့၏ ကျန်းမာရေး အပေါ်အကျိုးသက်ရောက်မှုကိုလေ့လာရန်မဖြစ်နိုင်ပါ။

ပတ်ဝန်းကျင်သို့သတ်ရောက်မှုများ

Hassium ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် ၉.၇ စက္ကန့်ခန့် အလွန်တိုသောကြောင့် ပတ်ဝန်ကျင်သို့ သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားစရာမလိုပါ။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads