နိုဘယ်လီယမ်

From Wikipedia, the free encyclopedia

Remove ads

နိုဘယ်လီယမ် သည် ရေဒီယိုသတ္တိကြွမှု မရှိသော ဒုတိယ transferium element အမျိုးအစားဖြစ်သည်။ ၎င်း၏အတည်ငြိမ်ဆုံး အခြေအနေဖြစ်သည့် isotope (၂၅၉) တွင် သက်တမ်းဝက်(half life) ၅၈ မိနစ်ဖြစ်သည်။ ဓာတုဗေဒဆိုင်ရာ အချက်အလက်များအရ ၎င်း၏ atomic number, half-life နှင့် isotopes အရေအတွက် ပမာဏမှာအနည်းအကျင်းသာဖြစ်သည်။ ၎င်းဒြပ်စင်၏ အလေးချိန်(atomic weight) ပြောင်းလည်းမှုများမှာ Isotopes(၂၄၉) မှ (၂၆၂)အထိရှိသည်။ဓာတုသင်္ကေတ No ဖြင့် ဖော်ပြသည်။ ၎င်း ဒြပ်စင်ကို နိုဗယ်လ်ဆုတည်ထောင်သူ ဆွီဒင်သိပ္ပံပညာရှင် Alfred Nobel အားအစွဲပြု၍ Nobelium ဟုအမည်ပေးခဲ့သည်။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...
Remove ads

အသုံးပြုခြင်း

Transferium element အမျိုးအစားဖြစ်သော ၎င်းဒြပ်စင် အကြောင်းကို အနည်းငယ်သာ သိရှိထားပြီး အသုံးပြုရန် နည်းလမ်းတစုံတရာ မရှိသေးပါ။

သဘာဝ တွေ့ရှိမှုအခြေအနေ

Transferium element များသည် သဘာဝတွင် တိတိကျကျ မတွေ့ရှိရပါ။ ၎င်းတို့တွင် မတည်ငြိမ်သော နျုကလိုင်း(Unstable nuclei)ပါရှိခြင်းကြောင့် ပြုလုပ်ရန်ခက်ခဲရုံသာမက ရှာဖွေတွေ့ရှိရန် မလွယ်ကူပါ။

ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှု

နိုဘယ်လီယမ်သည် သဘာဝအရ မတွေ့ရှိရပါ။ မတည်ငြိမ်သော ဒြပ်စင်(unstable element) ဖြစ်၍ ယို့ယွင်းပျက်စီးလွယ်ပြီး အခြား ဒြပ်စင်များအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခြင်းကြောင့် ကမ္ဘာပေါ်တွင် တွေ့ရှိရန် မလွယ်ကူပါ။ ထိုကြောင့် လူသားတို့၏ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုကို လေ့လာရန် မဖြစ်နိုင်ပါ။

ပတ်ဝန်းကျင်ပေါ် အကျိုးသက်ရောက်မှု

နိုဘယ်လီယမ်(Nobelium) သည် သက်တမ်းဝက်(half-life) အလွန်တိုတောင်းသောကြောင့် ပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားစရာ မလိုပါ။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads