ဒမ်စတဒ်တီယမ်

From Wikipedia, the free encyclopedia

Remove ads

ဒမ်စတဒ်တီယမ် (Darmstadtium) ဒြပ်စင်သည် ဒြပ်စင်အလှည့်ကျဇယား (periodic table) ၌ ဓာတ်ခွဲခန်းမှထုတ်ပေါ်ရရှိသော ဒြပ်စင်တခုအဖြစ် တည်ရှိသည်။ ၎င်း၏သင်္ကေတမှာ Ds ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) ၁၁၀ ဖြစ်သည်။ ၎င်းသည်အလွန်မြန်စွာပြိုကွဲပျက်စီးတက်သောဒြပ်စင်တစ်ခု ဖြစ်သောကြောင့် ၎င်း ဒြပ်စင်၏ isotopes of mass အမှတ်စဉ် (၂၇၉ မှ-၂၈၁ ထိ) တို့၏ သက်တမ်းဝက်(half-life) ကာလတည်ရှိမှုကို မိုက်ခရိုစက္ကန့်ဖြင့်သာ တိုင်းတာနိုင်သည်။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...
Remove ads

အသုံးပြုခြင်း

၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။

သဘာဝမှာတွေ့ရှိမှုအခြေအနေ

၎င်းဒြပ်စင်ကို ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သောကြောင့် မြေကြီးပေါ်တွင်သဘာဝအတိုင်းလုံဝ မတွေ့ရှိနိုင်ပါ။

ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ

၎င်းဒြပ်စင်သည် အလွန်မတည်မြဲသောဒြပ်စင် ဖြစ်သည်။ ၎င်းဒြပ်စင်ဖြစ်ပေါ်ပြီး အလွန်လျင်မြန်စွာ အခြားဒြပ်စင်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသောကြောင့် ၎င်းဒြပ်စင်မှလူသားတို့၏ ကျန်းမာရေး အပေါ်အကျိုးသက်ရောက်မှုကိုလေ့လာရန်မဖြစ်နိုင်ပါ။

ပတ်ဝန်းကျင်သို့သတ်ရောက်မှုများ

Darmstadtium ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် ဝ.၁ မီလီစက္ကန့်ခန့် အလွန်တိုသောကြောင့် ပတ်ဝန်ကျင်သို့ ၎င်းဒြပ်စင်၏သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားစရာမလိုပါ။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads