ကတ်မီယမ်

အက်တမ်အမှတ်စဉ် ၄၈ ရှိသော ဓာတုဒြပ်စင် From Wikipedia, the free encyclopedia

ကတ်မီယမ်
Remove ads

ကတ်မီယမ် (Cadmium) သည် ငွေဖြူရောင်ရှိပြီး ပျော့ပြောင်းသော သတ္တုဖြစ်သည်။ အစိမ်းရောင်ရှိသော မျက်နှာပြင်မှာ ဓားနှင့် ဖြတ်နိုင်သည့် အထိ ပျော့ပျောင်းပါသည်။ အက်စစ်ထဲတွင် ပျော်ဝင်နိုင် သော်လည်း အယ်လ်ကာလီ များထဲတွင် ပျော်ဝင်နိုင်ခြင်းမရှိပါ။ ၎င်းအား ဒြပ်ပေါင်းများ အသွင်ဖြင့်သာ တွေ့ရှိနိုင်သည်။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...
Remove ads

အသုံးပြုခြင်း

ကဒ်မီယမ် လေးပုံ သုံးပုံသည် Ni-Cd ဘက်ထရီများတွင် ထည့်သွင်း အသုံးပြုနိုင်ပြီး ကျန်သော တစ်ပုံသည် ပလပ်စတစ်များ ကြာရှည်ခံစေရန် ထည့်သွင်းအသုံးပြုပါသည်။ အများစုမှာ electroplate steel အဖြစ် အသုံးပြုပါသည်။ နျူထရွန် စုပ်ယူနိုင်စွမ်းရှိသောကြောင့် အနုမြူ ကွဲထွက်ခြင်းများတွင် များစွာအသုံးဝင်ပါသည်။

သဘာဝတွင် တွေ့ရှိမှုအခြေအနေ

ကဒ်မီယမ်အား သဘာဝတွင် သွပ်သတ္တုများနှင့် ရောနှောတွေ့ရှိရသည်။ သွပ်၊ ကြေးနီ နှင့် ခဲ များ သန့်စင်သည့် လုပ်ငန်းများတွင် ဘေးထွက်များအဖြစ် တွေ့ရှိရသည်။ ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် တန်ချိန် (၂၅၀၀၀)ခန့် ထုတ်လုပ်သည်။ ၎င်းထဲမှ တစ်ဝက်ခန့်သည် ကျောက်များ ရေတိုက်စားခြင်းမှ ရရှိခြင်းဖြစ်ပြီး ကျန်ထက်ဝက်ခန့်အား တောမီးလောင်ကျွမ်ခြင်း၊ မီးတောင် ပေါက်ကွဲခြင်းနှင့် စက်မှုလုပ်ငန်းများမှ ရရှိသည်။ ကဒ်မီယမ်အား အဓိက ထုတ်လုပ်သော နိုင်ငံများမှာ ဂျပန်၊ အမေရိကား၊ ပီရူး၊ ကနေဒါ နှင့် မက္ကဆီကို တို့ဖြစ်သည်။

Remove ads

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

လူသားများအတွက် ကဒ်မီယမ် လိုအပ်ချက်အား ပင်လယ် အစားအစာများမှ ရရှိသည်။ ဥပမာအားဖြင့် အခွံမာသော ပင်လယ်အစားအစာများ၊ ကိုကိုးမှုန့်၊ ကျောက်ပွင့်များ၊ ပင်လယ် ရေညှိအခြောက်များမှ ရရှိနိုင်သည်။ ဆေးလိပ်သောက်သောအခါ ကိုယ်တွင်းရှိသွေးများသည် ကဒ်မီယမ်အား အဆုတ်ဆီသိ့ို သယ်ဆောင်ပေးခြင်းအားဖြင့် ကိုယ်အတွင်းတွင် ရှိသော ကဒ်မီယမ် ပါဝင်မှုနှုန်းကို မြင့်တက်စေနိုင်သည်။ ဆေးရွက်ကြီးတွင် ကတ်ထ်မီယံဓာတ် အပေါများဆုံး ပါဝင်သည်။ သတ္ထုသန့်စင်စက်ရုံမှ စွန့်ပစ်သော စွန့်ပစ်ပစ္စည်းများ အနီးတွင်နေထိုင်သူများသည် ကဒ်မီယမ်များကို ရှူရှိုက်မိခြင်းကြောင့် အဆုတ်ကို ပျက်စီးစေနိုင်သည်။ ကဒ်မီယမ်သည် ကိုယ်တွင်းရှိ သွေးများကို ဖြတ်ပြီး အသည်းမှ တစ်ဆင့် ကျောက်ကပ် ဆီသို့ ရောက်ရှိ သွားနိုင်သည်။ ကျောက်ကပ်ထဲတွင် လိုအပ်သော ပရိုတိန်းဓာတ် နှင့် သကြားဓာတ်များ အား ဟန့်တားစေခြင်းအားဖြင့် ကျောက်ကပ်ကို ပျက်စီးစေနိုင်သည်။ အခြားသော ကျန်းမာရေး ဆိုင်ရာ သက်ရောက် မှုများမှာ- ၁။ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းနှင့် အလွန်အမင်း ဗိုက်အောင့်ခြင်း၊ ၂။ အရိုးဆတ်ခြင်းနှင့် အရိုးကြိုးလွယ်ခြင်း၊ ၃။ ဗဟိုအာရုံကြောစနစ်ပျက်စီးခြင်း၊ ၄။ ကိုယ်ခံအားစနစ်ပျက်စီးခြင်း၊ ၅။ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ ၆။ DNA စနစ်ပျက်စီးခြင်း နှင့် ကင်ဆာဖြစ်စေခြင်း တို့ဖြစ်သည်။

ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ

သွပ်ထုတ်လုပ်ခြင်းနှင့် ဇီဝဓာတ်မြေဩဇာ ထုတ်လုပ်ခြင်း လုပ်ငန်းများမှ ထုတ်လွှတ်သော ကတ်ထ်မီယံများသည် အညစ်အကြေးများအဖြစ် ပတ်ဝန်းကျင်ကို ရောက်ရှိနိုင်သည်။ ဖော့စဖိတ် ဓာတ်မြေဩဇာ ထုတ်လုပ်သော စက်ရုံများတွင် ပိုမိုအန္တရာယ်ရှိနိုင်သည်။ ဖော့စဖိတ် ဓာတ်မြေဩဇာအား အသုံးပြုပြီးနောက် အပေါ်ယံမြေဆီလွှာများတွင် တင်ကျန်စေနိုင်သကဲ့သို့ စက်ရုံများမှ အညစ်အကြေးများ ရေထဲသို့ စွန့်ပစ်ခြင်း အားဖြင့်လည်း ရေမျက်နှာပြင် ပေါ်တွင် တင်ကျန်စေနိုင်သည်။ မြေဆီလွှာအတွင်းမှ ကဒ်မီယမ် များသည် အော်ဂဲနစ် ပစ္စည်းများကို စုပ်ယူခြင်းအားဖြင့် မြေဆီလွှာထဲတွင် ကဒ်မီယမ် ပါဝင်မှု မြင့်တက်လာပြီး အသီးအရွက်များအားလည်း ပါဝင်မှု မြင့်တက်စေနိုင်သည်။ တိရစ္ဆာန် ကိုယ်တွင်းသို့ ရောက်ရှိခြင်းသည် ထိုတိရစ္ဆာန်များစားသော အစားအစာများ၏ ကဒ်မီယမ်ပါဝင်မှု အပေါ်တွင် မူတည်ပါသည်။ မြေဆီလွှာတွင် ကဒ်မီယမ် များလာစေခြင်းအားဖြင့် မြေဆီလွှာ ပျက်သုဉ်းခြင်းကို ဖြစ်ပေါ် စေနိုင်သည်။ တိရစ္ဆာန်များ ကဒ်မီယမ်ဓာတ်များစွာပါဝင်သော အစားအစာများကို စားသောက်မိခြင်းဖြင့် သွေးပေါင်ချိန် မြင့်တက်နိုင်ခြင်း၊ အသဲရောဂါ ဖြစ်ပွားနိုင်ခြင်းနှင့် ဦးနှောက်နှင့် သက်ဆိုင်သည့် အကြောများ ပျက်စီးစေနိုင်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads