အယ်လ်ကာလီ သတ္တု

From Wikipedia, the free encyclopedia

အယ်လ်ကာလီ သတ္တု
Remove ads

အလ်ကာလီ သတ္တုဒြပ်စင်များ (Alkali Metals) သည် ဒြပ်စင်အလှည့်ကျဇယား/အလျည့်မှန်ဇယား (Periodic Table) ၏ ဒေါင်လိုက်အစု အမှတ်စဉ်-၁ တွင် တည်ရှိသည်။ အလ်ကာလီ သတ္တုဒြပ်စင်များ၏ အပြင်ဘက်ဆုံး အခွံ၏ အလက်ထရွန် တည်ဆောက်ပုံတွင် s1 ဖြင့်ဆုံးသောကြောင့် သူတို့သည်s-block သတ္တုများ ဖြစ်ကြသည်။ ဒြပ်စင်အလှည့်မှန်ဇယားတွင် ဒြပ်စင်တို့၏ အုပ်စုအလိုက် ဂုဏ်သတ္တိ ပြောင်းလဲပုံကို ရှင်းပြရာတွင် အလ်ကာလီ သတ္တုဒြပ်စင်မျာသည် ကောင်းမွန်သော ဥပမာများဖြစ်ကြသည်။ အလ်ကာလီ သတ္တုဒြပ်စင်များသည် ဓာတ်ပြုမှူ အလွန်လွယ်ကူခြင်းကြောင့် သဘာဝတွင် လွတ်လပ်စွာ မတည်ရှိနိုင်ပါ။ အလ်ကာလီ သတ္တုများတွင် အပြင်ဘက်ဆုံး အီလက်ထရွန် ပတ်လမ်း၌ အီလက်ထရွန်တစ်လုံးသာ ရှိသည်။ သို့ဖြစ်၍ အယ်လ်ကာလီသတ္တုများသည် အိုင်းယွန်းနစ်စည်း (Ionic Bond) ၌ အခြားသော သတ္တုများနှင့် ပေါင်းစပ်ရာတွင် အီလက်ထရွန်တစ်လုံး ဆုံးရှုံးရန်အတွက် အဆင့်သင့် ဖြစ်နေကြသည်။ အခြားသော သတ္တုများ နည်းတူ အယ်လ်ကာလီသတ္တုများသည်လည်း ကွေးဆန့်နိုင်ပြီး ပုံသွင်းရန် လွယ်ကူခြင်းနှင့် အပူနှင့် လျှပ်စစ်ကောင်းစွာ စီးကူးနိုင်သော ဂုဏ်သတ္တိများ ရှိကြသည်။ သီးသန့်ထူးခြားချက်အနေဖြင့် အလ်ကာလီ သတ္တုများသည် အခြားသော သတ္တုများထက် ပိုမိုပျော့ပြောင်းပါသည်။ ထို့ကြောင့်သူတို့ကိုဇွန်းသို့မဟုတ် ဒါးဖြင့်ပင် ဖြတ်နိုင်သည်။ သူတို့သည်လေနှင့်ထိတွေ့လျှင်အောက်ဆိုဒ်အလွှာဖြစ်ပေါ်လာသောကြောင့်အရောင်မှိန်သွားသည်။ အယ်လ်ကာလီအုပ်စု လစ်သီယမ် (Li), ဆိုဒီယမ် (Na) လင်တင်အမည် (Natrium), ပိုတက်ဆီယမ် (K) လက်တင်အမည် (Kalium), ရူဗီဒီယမ် (Rb), ဆေဆီယမ် (Cs) နှင့် ဖရန်စီယမ် (Fr) တို့ထဲမှ Cs နှင့် Fr သည် ဓာတ်ပြုနိုင်မှု အလွယ်ကူဆုံး သတ္တုနှစ်ခုဖြစ်သည်။ အလ်ကာလီ သတ္တုများသည် ရေနှင့် ထိတွေ့စေသောအခါတွင် ပေါက်ကွဲ ပြုကွဲမှု ဖြစ်စေနိုင်သည်။[]

အချက်တိုများ အယ်လ်ကာလီ သတ္တုများ, IUPAC အုပ်စုနံပါတ် ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads