ဂျာမေနီယမ်

အက်တမ်အမှတ်စဉ် ၃၂ ရှိသော ဓာတုဒြပ်စင် From Wikipedia, the free encyclopedia

ဂျာမေနီယမ်
Remove ads

ဂျာမေနီယမ် သည် အက်တမ်နံပါတ် ၃၂၊ သင်္ကေတ Ge ရှိသော ဒြပ်စင်ဖြစ်ပြီး ကာဗွန်အုပ်စုတွင် ပါဝင်သည်။ ဓာတုသဘောအားဖြင့် ဆီလီကွန်အုပ်စုနှင့် ဆင်တူသည်။ သန့်စင်သော ဂျာမေနီယမ်သည် ဆီလီကွန်ကဲ့သို့သော တစ်ပိုင်းလျပ်ကူးဖြစ်သည်။ သဘာဝအားဖြင့် ဂျာမေနီယမ်သည် အောက်ဆီဂျင်နှင့် ဓာတ်ပြုသည်။ သိပ်သည်းဆ မြင့်မားသောနေရာတွင် တွေ့ရှိရသောကြောင့် ဂျာမေနီယမ်အား နောက်ကျပြီးမှ ရှာဖွေတွေ့ရှိခဲ့သည်။

အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...

သန့်စင်သော ဂျာမေနီယမ် Germanium သည် ကြွပ်ဆတ်သော အဖြူရောင်သမ်းနေသည့် metalloid ဖြစ်သည်။ ဖွဲ့စည်းပုံမှာ စိန်နှင့် တူနေပြီး ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိတို့တွင် ဆီလီကွန်နှင့် တူနေပါသည်။ ဂျာမေနီယမ်သည် လေထုထဲနှင့် ရေထဲတွင် မည်သူနှင့်မျှ ဓာတ်မပြုပဲ တည်မြဲသောပုံစံနှင့် နေနိုင်ပြီး နိုက်ထရစ်အက်ဆစ် မှလွဲပြီးမည်သည့် အက်ဆစ်တွင်မှ ဂျာမေနီယမ်အပေါ် သက်ရောက်နိုင်ခြင်း မရှိပါ။

Remove ads

အသုံးပြုခြင်း

ဂျာမေနီယမ်သည် အရေးကြီးသော တစ်ပိုင်းလျှပ်ကူးပစ္စည်းဖြစ်ပြီး ထရန်စစ်စတာ (Tarnsistor) နှင့် ဆားကစ်ပြားများတွင် အဓိကအသုံးပြုပါသည်။ ထရန်စစ်စတာများ ဆားကစ်ပြားများတွင် ဂျာမေနီယမ်ကို အဓိကထားပြီး အာဆဲနစ်၊ ဂယ်လီယမ် နှင့် အခြားသတ္တုများကို အနည်းငယ်စီ ရောစပ်ပြီး ပြုလုပ်ထားခြင်း ဖြစ်သည်။ ဂျာမေနီယမ်ကို အခြားသော ဒြပ်ပေါင်းများ ပြုလုပ်ရာတွင်လည်း အသုံးပြုသည်။ ဂျာမေနီယမ် အောက်ဆိုဒ်ကို အလင်းယိုင်ညွန်းကိန်း တိုးမြင့်စေရန် ဖန်ထဲသို့ ပေါင်းထည့်ပါသည်။ သန့်စင်သော ဂျာမေနီယမ်ဖြင့် ပြုလုပ်ထားသော ရေဒီယိုသတ္တုကြွခြင်း (Radiation) စမ်းသပ်ကိရိယာများသည် တိကျစွာ စမ်းသပ်နိုင်သောကြောင့် ၎င်းကိုရိယာများကို လေဆိပ်လုံခြုံရေးတွင် အထူးအသုံးပြုကြသည်။ ဂျာမေနီယမ်သည် သံဖြူနှင့် ခဲ တို့လောက်ပင် သဘာဝတွင် ပေါများခြင်းမရှိပါ။ ဂျာမေနီယမ်ကို သဘာဝတွင်းထွက် အနေဖြင့် အနည်းငယ်မျှသာ ထုတ်နိုင်သည့်အတွက် ထုတ်လုပ်မှု ပမာဏနည်းနေခြင်း ဖြစ်သည်။ ဂျာမေနီယမ် အရိုင်းတုံးများသည် အလွန်ကိုရှားပါးပါသည်။ copper-iron-germanium sulfide (germanite) သည် ရှားပါးသောဂျာမေနီယမ် အရိုင်းတုံး ဖြစ်ပြီး ရှာပါးစွာ တူးဖော်ရရှိသည်။

Remove ads

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

ဂျာမေနီယမ်ကို နေ့စဉ်တစ်မီလီဂရမ် စားသုံးသင့်ပါသည်။ ဂျာမေနီယမ်ကို သိပ္ပံနည်းကျ သက်သေပြနိုင်မှု မရှိသေးသော်လည်း လူ့ကျန်းမားရေးကို ကောင်းကျိုး ဖြစ်ထွန်းစေနိုင်သည်။ ဂျာမေနီယမ်သည် လူ့ခန္ဓာကိုယ် အတွက် အောက်ဆီဂျင် ရယူရာတွင်လည်း များစွာအထောက်အကူပေးနိုင်ပြီး လူ့ကျန်းမာရေး ကိုလည်း ပိုမိုကောင်းမွန်စေသည်။ နောက်ပြီးဆိုးကျိုးဖြစ်စေသော free radicals များကိုလည်း ချေဖျက်ပေးပါသည်။ ဂျာမေနီယမ်သည် သုံးစွဲသူကို ဓာတ်ရောင်ခြည်သင့်ခြင်းမှ ကာကွယ်ပေးပါသည်။ Germaniumhydride နှင့် germaniumtetrahydride တို့သည် မီးလောက်လွယ်ပါသည်။ လေနှင့်တွေ့လျှင် ပေါက်ကွဲ စေနိုင်သည်။ ရှူရှိုက်မိပါက ဗိုက်နာခြင်း၊ ချောင်ဆိုးခြင်း၊ အရေပြားနာကျင်ယားယံခြင်း၊ မျက်စိအောင့်ခြင်း တို့ဖြစ်စေနိုင်သည်။

Remove ads

ပတ်ဝန်းကျင်သို့သက်ရောက်မှုများ

လေထုထက် ပိုမိုလေးလံသောကြောင့် မြေပြင်တွင် ပျံ့နှံ့တည်ရှိနေပါသည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads