အက်တီနီယမ်
အက်တမ်အမှတ်စဉ် ၈၉ ရှိသော ဓာတုဒြပ်စင် From Wikipedia, the free encyclopedia
Remove ads
အက်တီနီယမ် (အင်္ဂလိပ်: Actinium) ဒြပ်စင်သည် ငွေရောင် ရေဒီယိုသတ္တိကြွ ဒြပ်စင်တစ်ခု ဖြစ်သည်။ အနက်ရောင်များ ပါဝင်ပြီး ကြီးမားသော ရေဒီယို သတ္တိကြွခြင်း နှင့်အတူ အပြာရောင် အလင်းတန်းများ အသွင် တောက်ပနေသော ဒြပ်စင်ဖြစ်သည်။ Actinium ဒြပ်စင်အား ၁၈၉၉ ခုနှစ်တွင် ပြင်သစ် ဓာတုဗေဒ ပညာရှင် André-Louis Debierne ဆိုသူမှ စတင်ရှာဖွေ တွေ့ရှိခဲ့သည်။ ၁၉၀၂ ခုနှစ် တွင် Friedrich Otto Giesel က ထပ်မံ အသေးစိတ်ရှာဖွေ လေ့လာမှုများ ပြုလုပ်ခဲ့သည်။ Actinium ၏ ဓာတုဗေဒနှင့်ပတ်သက်သော ဂုဏ်သတ္တိ အချက် အလက်များသည် ရှားပါးဒြပ်စင် lanthanum နှင့် ဆင်တူသည်။ Actinium ဟူသော အမည်သည် ဂရိဘာသာစကား aktinos မှ ဆင်းသက်လာပြီး အဓိပ္ပာယ် အားဖြင့် ရောင်ခြည်တန်း သို့မဟုတ် ရောင်ခြည်ဟု သတ်မှတ်နိုင်သည်။
Remove ads
အသုံးပြုခြင်း
Actinium သည် ရေဒီယို သတ္တိကြွမှု မြင့်မားသဖြင့် စက်မှုလုပ်ငန်းများတွင် အသုံးမပြုနိုင်ပေ။ ဆေးဝါး ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် Actinium-225 ကို အပူစွမ်းအင် ရရှိစေရန် တွဲဖက် အသုံးပြုပါသည်။ အထူးသဖြင့် radioimmunotherapy ကုထုံးများတွင် များစွာ အသုံးဝင်ပါသည်။
သဘာဝမှာတွေ့ရှိမှုအခြေအနေ
Actinium အား ယူရေနီယမ် သတ္ထုရိုင်းများ ထဲတွင် အနည်းငယ် တွေ့ရှိရသည်။ α- ray နှင့် β – ray များ ထုတ်လွှတ်ပြီး တည်ရှိမှု သက်တမ်းသည် ၂၁.၇၇၃ နှစ်ခန့် ရှိသည်။ Uranium သတ္ထုရိုင်း ၁ တန်တွင် actinium ၁၀ ဂရမ်ခန့် ပါဝင်သည်။ Actinium ကို Uranium သတ္ထုရိုင်းများ ထဲတွင် အနည်းငယ် တွေ့ရှိရသော်လည်း အဏုမြူ ဓာတ်ပေါင်းဖိုများတွင် 226-Ra ၏ နျူထရွန် ကွဲထွက်ခြင်းမှာ မီလီဂရမ် အနည်းငယ်မျှ ရှိသည် ဟုသာ ဖော်ပြကြသည်။ Actinium ၏ အိုင်ဆိုတုပ် တစ်ခုဖြစ်သော Ac-227 ကို သဘာဝတွင် အများအပြား တွေ့ရှိရသည်။ Ac-227 (သက်တမ်း ၂၁.၇၇၃ နှစ် )၊ Ac-225 (သက်တမ်း ၁၀ ရက်)၊ Ac-226 (၂၉.၃၇ နာရီ)၊ အစရှိသော အိုင်ဆိုတုပ်များ ကိုလည်း တွေ့ရှိရသည်။
Remove ads
ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ
ရေဒီယို သတ္တိကြွသော Actinium-227 မှ ထုတ်လွှတ်သော ရောင်ခြည်များသည် ကျန်းမာရေးကို များစွာ ထိခိုက်စေသည်။ Actinium-227 သည် plutonium ကဲ့သို့ အန္တရာယ်ပေးနိုင်သော ဒြပ်စင်တစ်ခုဖြစ်သည်။ Actinium မှ ထုတ်လွှတ်သော ရောင်ခြည်များကြောင့် မျိုးရိုးဗီဇဆိုင်ရာ ဆဲလ်များ ပျက်စီးစေ နိုင်သည်။ ၎င်း ဒြပ်စင်သည် ခန္ဓာကိုယ်အတွင်း ကြာရှည်စွာ ခိုအောင်းနေနိုင်ပြီး အခြားဆဲလ်များအား ဓာတ်ရောင်ခြည် သင့်စေကာ အမျိုးမျိုးသော ကင်ဆာ ရောဂါများကို ဖြစ်ပွား စေနိုင်သည်။
ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ
ရေဒီယို သတ္တိကြွစေသော အညစ် ကြေးများ စွန့်ပစ်ခြင်း နှင့်အမှတ်မထင် စွန့်ထုတ်မိခြင်း တို့ကြောင့် ရေထု၊ လေထု နှင့် မြေထုထဲသို့ Actinium-227 များ ရောက်ရှိ နိုင်သည်။ ထို့သို့ ရောက်ရှိခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ ရှိစေနိုင်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads