မြန်မာ့ပြည်တွင်းစစ် အချိန်မှတ်တမ်း (၂၀၂၁-လက်ရှိ)
From Wikipedia, the free encyclopedia
Remove ads
အောက်ပါသည် ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းနှင့် ဆန္ဒပြပွဲများ ပြီးနောက် မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ)၏ ထင်ရှားသော ဖြစ်ရပ်များ မှတ်တမ်း ဖြစ်သည်။ ယင်းသည် ရှိနှင့်ပြီးသော မြန်မာ့ပြည်တွင်းပဋိပက္ခများ ပြန်လည်အစပြုခြင်းလည်း ဖြစ်သည်။
၂၀၂၁
မတ်လ
- မတ်လနှောင်းပိုင်းတွင် လူငယ်ပေါင်းများစွာ သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက်မှ တစ်ခုအောက်တွင် စာရင်းသွင်းရန်နှင့် လေ့ကျင့်ရန် မြန်မာနိုင်ငံနယ်စပ်ဒေသများသို့ သွားရောက်ခဲ့ကြောင်းနှင့် [၁] နိုင်ငံတစ်ဝန်း ပြည်တွင်းစစ်အန္တရာယ်ကို မြင့်တက်စေနိုင်သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။ [၂] CRPH သည် စစ်တပ်ကို တိုက်ဖျက်ရန်အတွက် "ဖက်ဒရယ်လက်နက်ကိုင်တပ်ဖွဲ့" ဖွဲ့စည်းရန်လည်း အဆိုပြုခဲ့သည်။ [၃] ကချင်လွတ်လပ်ရေးတပ်မတော် (KIA) [၄] သည် ဖေဖော်ဝါရီလမှ စတင်ကာ စစ်တပ်ကို ထိုးစစ်ဆင်နေပြီး မတ်လနှောင်းပိုင်းတွင် ရက္ခိုင့်တပ်တော် သည် စစ်တပ်မှ မှ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းကို မရပ်တန့်ပါက စစ်ပွဲ ထပ်မံ ဖြစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ [၅]
- မတ်လနှောင်းပိုင်းမှစ၍ ပြည်သူများသည် စစ်တပ်ကို ခုခံကာကွယ်ရန် ကြိုးပမ်းသည့်အနေဖြင့် တူမီးကဲ့သို့သော လက်လုပ်လက်နက်များ ကိုင်ဆောင်လာကြသည်။ ပြည်သူများနှင့် စစ်တပ် ကြား လက်နက်ကိုင်တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနေသလို ပြည်သူ့ကာကွယ်ရေးတပ်မတော် မှလည်း စစ်တပ်၏ အုပ်ချုပ်ရေး အဆောက်အအုံများနှင့် ရဲစခန်းများကို တိုက်ခိုက်မှုများနှင့် မိုင်းထောင်ဖောက်ခွဲခြင်းများလည်း ပိုမိုဖြစ်ပွားလာခဲ့သည်။ [၆]
- မတ်လ ၂၅ ရက်နေ့တွင် လိုင်ဇာ အနီးရှိ အလောဘွမ် စစ်စခန်းအား ကချင်လွတ်မြောက်ရေးတပ်မတော် မှ သိမ်းပိုက်ခဲ့သည်။ ဧပြီလ (၁၁)ရက်နေ့တွင် စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်တပ်များကို အသုံးပြုကာ အခြေစိုက်စခန်းအား ပြန်လည်သိမ်းပိုက်ရန် တိုက်ခိုက်ခဲ့သော်လည်း အသေအပျောက်အများအပြာနှင့်အတူ ပြန်လည်ဆုတ်ခွာခဲ့ရသည်။ [၇]
- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် မတ်လ ၂၆ ရက်က စစ်စခန်းတစ်ခုအား တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ပြီး အခြားသူများကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ [၈]
- အာဏာသိမ်းမှုအား ပြောင်ပြောင်တင်းတင်းဆန့်ကျင်သော ပထမဆုံး လက်နက်ကိုင်ပစ်ခတ်မှုမှာ မတ်လ ၂၈ ရက်နေ့တွင် ကလေး မြို့၌ ဆန္ဒပြသပိတ်စခန်းတစ်ခုအား စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များတိုက်ခိုက်မှုကို ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ [၉]
ဧပြီလ
- ဧပြီ ၈ ရက်က ပြည်သူများသည် အမဲလိုက်ရိုင်ဖယ်များနှင့် မီးလောင်ဗုံးများဖြင့် စစ်သားများကို ပြန်လည်တိုက်ခိုက်ခဲ့ရာ ခုခံသူ ၁၁ ဦး သေဆုံးခဲ့ပြီး စစ်တပ်မှလည်း အများအပြား ဒါဏ်ရာရခဲ့သည်။ ထို့နောက်တွင် တန့်ဆည်မြို့သည် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်မှစ၍ အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် နိုင်ငံအတွင်း သေဆုံးသူ မှာ ဧပြီ ၈ ရက်နေ့အထိ ၆၀၀ ကျော်အထိ ရှိလာခဲ့သည်။[၁၀]
- တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး နှင့် ကရင်အမျိုးသား အစည်းအရုံး တို့ အပါအဝင် လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့သည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ [၁၁]
- ဧပြီလ ၁၀ ရက်နေ့က ရက္ခိုင့်တပ်တော် ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ က ရှမ်းပြည်နယ် နောင်မွန်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။ [၁၂]
- ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမား မင်းကိုနိုင်က ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး ရာထူးမှ ဖယ်ရှားခံရသော ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းမြင့် တို့မှာ ၎င်းတို့၏ မူလရာထူးများအတိုင်းပင် ဖြစ်သည်။ စင်ပြိုင်အစိုးရသစ်တွင် ကချင်နှင့် ကရင်လူနည်းစုများက ထိပ်တန်းဦးစားပေးနေရာများတွင် ရှိနေသည်။ အဆိုပါကြေညာချက်တွင် မင်းကိုနိုင်သည် စင်ပြိုင်အစိုးရကို အသိအမှတ်ပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့သည်။ [၁၃] [၁၄]
- ဧပြီလ ၂၆ ရက်နေ့တွင် ချင်းပြည်နယ် ကာကွယ်ရေး တပ်ဖွဲ့သည် မင်းတပ် တွင် လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့သည်။ [၁၅] မေလ ၁၂ ရက်နေ့တွင် စစ်တပ်သည် ဆန့်ကျင်မှုကို နှိမ်နင်းရန် အင်အားသုံးပြီး မြို့တွင်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
မေလ
- မေလ ၁၆ ရက်နေ့က ချင်းပြည်နယ် ဟားခါးမြို့တွင် ချင်းပြည်နယ် ကာကွယ်ရေးတပ်က ခြုံခိုတိုက်ခိုက်ရာ စစ်သား ၆ ဦး ကျဆုံးခဲ့သည်။[၁၆]ထိုနေ့တွင်ပင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ စစ်တပ် အခြေစိုက် စခန်းတခုအား သိမ်းယူခြင်းအား တုံ့ပြန်သည့်အနေဖြင့် စစ်တပ်မှ ကရင်ပြည်နယ်အတွင်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
- စစ်တပ် ၏ တိုက်ခိုက်မှုများမှ ကာကွယ်ရန်နှင့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ဆီသို့ ပထမဆုံး ခြေလှမ်းအဖြစ် အမျိုးသားညီညွတ်ရေး အစိုးရက မေလ ၅ ရက်နေ့တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။[၁၇]
- မူဆယ်မြို့တွင် မေလ ၂၃ ရက်က စစ်တပ်ာ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်။ [၁၈] [၁၉]
- ကယားပြည်နယ် ရှိ ကရင်နီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KPDF) မှ အဖွဲ့ဝင်များသည် ပြည်နယ်မြို့တော် လွိုင်ကော် အနီးရှိ စစ်တပ် စခန်းအချို့ကိုလည်း ဝင်ရောက် သိမ်းပိုက် ခဲ့သည်။ [၂၀]
- ၂၀၂၁ ခုနှစ် မေလ ၂၉ ရက်နေ့ နှင့် ၃၀ ရက်နေ့တို့တွင် စစ်တပ် သည် အမြောက်နှင့် ရဟတ်ယာဉ်များကို အသုံးပြု၍ လွိုင်ကော်နှင့် ဒီမောဆိုးရှိ PDF နှင့် KPDF စခန်းများကို တိုက်ခိုက်ခဲ့သည်။[၂၁]
- မေလ ၃၀ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ အာဏာသိမ်းမှု ဆန့်ကျင်ရေး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းကာ ကသာမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားရာ စစ်သား ၈ ဦး ကျဆုံးခဲ့သည်။ ပူတာအို၊ ဖားကန့်နှင့် မိုးမောက်မြို့နယ်များတွင်လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့သည်။ [၂၂]
ဇွန်လ
- ဇွန် ၁ ရက်မှ ၃ ရက်အထိ စစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲ့သည် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် PDF ပူးပေါင်းအဖွဲ့တို့ဖြင့် မြဝတီခရိုင် အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါဇင်နှင့်ချီ၍ ကျဆုံးခဲ့သည်။ [၂၃]
- ဇွန်လ ၂၂ ရက်နေ့က မန္တလေးမြို့ရှိ ပီဒီအက်ဖ်၏ လုံခြုံစိတ်ချရသော အဆောက်အအုံကို စစ်တပ်က သံချပ်ကာယာဉ်များ အပါအဝင် အသုံးပြု၍ ဝင်ရောက်စီးနင်းခဲ့ပြီး တိုက်ခိုက်ရေးသမား အများအပြားကို ဖမ်းဆီးခဲ့သည်။ [၂၄]
ဇူလိုင်လ
- ဇူလိုင်လ ၂ ရက်နေ့ က ဒီပဲယင်းမြို့လယ်တွင် တော်လှန်ရေးတပ် များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။[၂၅]
ဩဂုတ်လ
- ဩဂုတ်လ ၂၀ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်တွင် တော်လှန်ရေးသမားများက မြေမြှုပ်မိုင်းများဖြင့် ဆက်တိုက် တိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီ တပ်သား ၅၀ ခန့် ကျဆုံးခဲ့ကြောင်း သိရသည်။ [၂၆]
စက်တင်ဘာလ
- စက်တင်ဘာလ ၇ ရက်နေ့တွင် NUG သည် တစ်နိုင်ငံလုံးတွင် အရေးပေါ်အခြေအနေ အဖြစ် ကြေညာခဲ့ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်သည့် ပြည်သူ့ ခုခံတော်လှန်စစ်ကို စတင်ခဲ့သည်။ [၂၇] [၂၈]
- မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာတွင် စက်တင်ဘာ ၁၀ ရက်က စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့သည်။ [၂၉]
- လွန်ခဲ့သည့် သုံးလတာကာလအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၇၀၀ ကျော် ကျဆုံးပြီး ၆၃၀ ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ [၃၀]
- စက်တင်ဘာ ၂၁ ရက်က ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ တိုက်ပွဲများအတွင်း အရပ်သား တိုက်ခိုက်ရေးသမား ၆ ဦးထက်မနည်း သေဆုံးခဲ့သည်။[၃၁]
- စက်တင်ဘာ ၂၂ ရက်က ချင်းပြည်နယ် ထန်တလန်မြို့မှ ဒေသခံ ၈,၀၀၀ နီးပါးသည် စစ်တပ်မှ နေအိမ်များ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း မီးရှို့ခြင်း တို့ကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်မြို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ [၃၂]
- ပြီးခဲ့သည့် သီတင်းပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ မြို့နယ်အချို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ကျော်နှင့် တော်လှန်ရေးတပ်သား ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ [၃၃]
- စက်တင်ဘာ ၂၈ ရက်ကလည်း ရှမ်းပြည်နယ်အတွင်း ခြုံခိုတိုက်ခိုက်မှုအတွင်း စစ်တပ်မှ စစ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ တိုက်ပွဲများအတွင်း ခုခံတိုက်ခိုက်ရေးသမား ၄ ဦးထက်မနည်း သေဆုံးခဲ့သလို လက်နက်မဲ့ အသက် ၇၀ အရွယ် အရပ်သားတစ်ဦးလည်း စစ်တပ်၏ လက်ချက်ဖြင့် သေဆုံးခဲ့သည်။ [၃၄]
အောက်တိုဘာလ
- အောက်တိုဘာလ အောက်တိုဘာလ ၆ ရက်နေ့က မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် ခြုံခိုတိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်သား ၄၀ ကျော် ကျဆုံးခဲ့သည်။ [၃၅]
- ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် အနည်းဆုံး စစ်တပ်သတင်းပေးသူ/ဒလန် ၄၀၆ ဦး သေဆုံးပြီး ၂၈၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်အစိုးရထိန်းချုပ်ထားသော မီဒီယာများက အောက်တိုဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။ [၃၆] ထိုနေ့တွင်ပင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်အား ဘက်ပြောင်းရန် ရည်ရွယ်ချက်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဆက်သွယ်ခဲ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်း ခံခဲ့ရကာ ယခုအချိန်အထိ ရာထူးမှ လွတ်မြောက်ရန် ကြိုးပမ်းသည့် အဆင့်အမြင့်ဆုံး အရာရှိ ဖြစ်လာခဲ့သည်။ [၃၇]
- ပြီးခဲ့သည့် သီတင်းပတ်ကုန်က စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်အစိုးရ စစ်သည် ၉၀ ခန့် ကျဆုံးခဲ့ကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့တွင် သိရသည်။ [၃၈]
နိုဝင်ဘာလ
- နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ ပီဒီအက်ဖ် အခြေစိုက် စခန်းအား စစ်အစိုးရ တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။ ကလေးပီဒီအက်ဖ်မှ ဆေးတပ်သား ၉ ဦး ဖမ်းမိခဲ့ကာ ကလေး PDF တပ်ရင်း ၃ မှ တိုက်ခိုက်ရေးသမား ၂ ဦး ကျဆုံးခဲ့သည်။ [၃၉]
- နိုဝင်ဘာ ၁၇ ရက်ကလည်း ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ ကင်းစခန်းအား ဒါဇင်နှင့်ချီသော အစိုးရ တပ်ဖွဲ့များက ခြုံခိုတိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ကင်းစခန်းအား စောင့်ကြပ်နေသော PDF တိုက်ခိုက်ရေးသမားများ အိပ်ပျော်နေစဉ် ခြေမြန်တပ်ရင်း (ခမရ) ၄၂၂ မှ တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ စစ်အစိုးရတပ်များက ဝိုင်းရံထားသောကြောင့် ခုခံတိုက်ခိုက်ရေးသမားများသည် ကင်းစခန်းမှ ဆုတ်ခွာခဲ့ရသည်။ [၄၀]
- နိုဝင်ဘာ ၂၃ ရက်ကလည်း စစ်ကိုင်းတိုင်း မုံရွာခရိုင် ပလ္လင်ကျေးရွာအနီးရှိ ပီဒီအက်ဖ် နယ်မြေခံတပ်ရင်း ၂၀၅ အား ဘူဒိုဇာမြေထိုးစက်များအပါအဝင် စစ်ကား ၁၀ စီး၊ စစ်သား ၃၀ ခန့်က ချောင်းမြောင်းဖျက်ဆီးခဲ့သဖြင့် ခုခံတိုက်ခိုက်ရေးသမားများ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ အခြေစိုက်စခန်းသည် PDF မှ ဖောက်ခွဲရေးပစ္စည်းများပြုလုပ်သည့် အလုပ်ရုံနေရာလည်းဖြစ်သည်။ စီးနင်းမှုအတွင်း စစ်အစိုးရတပ်များက လက်နက်များ သိုလှောင်ထားသည့် အဆောက်အအုံနှစ်ခုကို မီးရှို့ခဲ့သည်။[၄၁]
- နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကယားပြည်နယ် ဒီမောဆိုးမြို့နယ် ဟိုဖိတ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းကြောင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ ခုခံတိုက်ခိုက်ရေးသမား ၄ ဦး ကျဆုံးခဲ့သည်။ အဆိုပါ ၄ ဦးမှာ နံနက် ၅ နာရီ ၃၀ ခန့်တွင် ခြေမြန်တပ်ရင်း ၄၂၇ မှ တပ်ဖွဲ့ဝင်များ၏ ခြုံခိုတိုက်ခိုက်ခံရသော ကင်းထောက်အဖွဲ့မှ တပ်သား ၆ ဦးဖြစ်သည်။ [၄၂]
- ထို့အပြင်ရွှေကူမြို့အရှေ့ဘက် ၁၆ ကီလိုမီတာအကွာရှိ ကချင်အေးကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် နှင့် စစ်တပ်မှ စစ်သား ၁၀၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကေအိုင်အေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သည်ဟူသော ကောလာဟလများကို ငြင်းဆိုခဲ့ပြီး တိုက်ပွဲကြောင့် KIA ၏ ကျဆုံးသူစာရင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ မကြာသေးမီက ရရှိထားသော Su-30 ဂျက်တိုက်လေယာဉ် ၂ စင်းက စမ်းသပ်ပစ်လွှတ်ခဲ့သည့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ [၄၃]
- ထိုနေ့တွင်ပင် မတူပီ CDF သည် ချင်းအမျိုးသားတပ်မတော်နှင့် ပူးပေါင်းကာ မတူပီမြို့နှင့် ပလက်ဝမြို့ကို ဆက်သွယ်သည့် လမ်းပေါ်တွင် ခြေမြန်တပ်ရင်း ၃၀၄ ကင်းစခန်းအား တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ဆုတ်ခွာသွားခြင်းမပြုမီတွင် ခုခံရေးတပ်ဖွဲ့များက အစောင့်တပ်သား ၂ ဦးကိုသာ သတ်ဖြတ်နိုင်ခဲ့သည်။[၄၄]
- နိုဝင်ဘာ ၂၆ ရက်က ချင်းပြည်နယ် မတူပီမြို့အနီးတွင် တပ်စွဲထားသည့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) မှ ခုခံတိုက်ခိုက်ရေးသမားများက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးအား တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့သည်။ [၄၄]
- မတ္တရာမြို့နယ် အရှေ့တောင်ဘက် တောတောင်ကုန်းများတွင် ယခင်က ဖမ်းဆီးခံခဲ့ရသော PDF တိုက်ခိုက်ရေးသမားတစ်ဦး၏ ရုပ်အလောင်းကို နိုဝင်ဘာ ၂၈ ရက်က တွေ့ရှိခဲ့သည်။ PDF တိုက်ခိုက်ရေးသမား ရဲသူနိုင်အား နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖမ်းမိခဲ့ပြီး စစ်သားများက စခန်းအား မီးရှို့ဖျက်ဆီးခဲ့သည့် PDF အခြေစိုက်စခန်းသို့ အတင်းအဓမ္မ ပို့ဆောင်ခိုင်းခဲ့သည်။ [၄၅]
ဒီဇင်ဘာလ
- မိုးညှင်းတွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီး တစ်ပတ်ခန့်အကြာ ဒီဇင်ဘာလ ၁ ရက်နေ့တွင် တပ်မတော် ခြေမြန်တပ်ရင်း (၄၂) မှ စစ်သား ၅၀ ခန့်က မိုးညှင်းမြို့နယ် ညောင်ထောက်ရွာအနီး KIA နယ်မြေကို နံနက် ၈ နာရီ ဝန်းကျင်တွင် တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။ KIA ပြန်ကြားရေးတာဝန်ခံက ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှု အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ ဖားကန့်မြို့လယ် ၁၇ မိုင်ခန့်အကွာ၊ ဖားကန့်မြို့နှင့် မိုးညှင်းမြို့ကို ဆက်သွယ်သည့် ကားလမ်းတစ်လျှောက်ရှိ ဝေလုံကျေးရွာအနီး၌လည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ ခြေလျင်တပ်ရှေ့တိုးနိုင်ရေးအတွက် ညနေ ၃ နာရီမှ ၈ နာရီအထိ လက်နက်ကြီး အမြောက်အချက်ရေ ၃၀ ခန့်ဖြင့် ပစ်ခတ်ခဲ့သည်။[၄၆] စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ညလုံးပေါက် စစ်ဆင်ရေးပြုလုပ်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် သိန်းမင်း PDF (TM-PDF) စခန်းကို သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။ ခုခံတိုက်ခိုက်ရေးသမားများ ပြန်လည်ဆုတ်ခွာခဲ့ရပြီး TM-PDF တိုက်ခိုက်ရေးသမား ၂ ဦး သေဆုံးကာ အခြားအများအပြား ဒဏ်ရာရရှိခဲ့သည်။ [၄၇]
- ဒီဇင်ဘာ ၇ ရက်က ဆားလင်းကြီးမြို့နယ် ဒုံးတောရွာအတွင်း၌ စစ်တပ်မှ အရပ်သား ၁၁ ဦးအား ဖမ်းဆီး၍ မီးရှို့သတ်ဖြတ်ခဲ့ပြီးနောက် မီးလောင်ကျွမ်းဆဲဖြစ်သော အလောင်းများကို ဒေသခံများက တွေ့ရှိခဲ့သည်။ အနီးနားတွင် သွားလာနေသော စစ်ကောင်စီယာဉ်တန်းအား PDF တိုက်ခိုက်ရေးသမားများက ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့မှုအပြီးတွင် စစ်အစိုးရစစ်သား ၁၀၀ ခန့်က ရွာကို ဝင်ရောက်မွှေနှောက်သွားခဲ့သည်။ မီးလောင်မှုတွင် နောက်ထပ်လူတစ်ဦးမှာ အရပ်သားတစ်ဦးဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို မသိရပေ။[၄၈]
- ဒီဇင်ဘာလ ၈ ရက်နေ့တွင် စစ်တပ်က သိမ်းပိုက်ထားသော ထန်တလန်မြို့တွင် စစ်တပ် နှင့် CDF တပ်ဖွဲ့တို့ မိနစ် ၉၀ ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ စစ်တပ်က CDF မှ မြို့ကို ပြန်လည်သိမ်းပိုက်နိုင်စေရန် ဦးတည်သည့် ကြီးမားသော ထိုးစစ်ကို ထပ်မံထိုးစစ်ဆင်ပြီးနောက်၊ တိုက်ပွဲအတွင်း CDF တိုက်ခိုက်ရေးသမား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါသီတင်းပတ်အတွင်း စစ်တပ်သိမ်းပိုက်ထားသည့် ထန်တလန်မြို့တွင် နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ပြီး ချင်းပြည်နယ် မြို့တွင်း အဆောက်အအုံ လေးပုံတစ်ပုံကျော် ပျက်စီးခဲ့ကာ ၂ဘက်လုံးမှ အကာအကွယ်ယူ ပစ်ခတ်ရန် ခက်ခဲသွားသည်။ [၄၉]
- မကွေးတိုင်းဒေသကြီး မြိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ခုခံတိုက်ခိုက်ရေးသမားများက ဒီဇင်ဘာ ၉ ရက် နံနက်အစောပိုင်းက လက်လုပ်ဗုံး ၃ လုံးဖြင့် စစ်ကားနှစ်စီးအား ခြုံခိုတိုက်ခိုက်ခဲ့သည်။ ခြုံခိုတိုက်ခိုက်မှုတွင် အနည်းဆုံး စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း PDF တွင်က ဆိုသည်။ မွန်းတည့်အချိန်၌ PDF သည် မင်းသားကျကျေးရွာသို့ ခြေလျင်ထွက်ခွာလာသော စစ်သားများအား ထပ်မံတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ သို့သော် ထိုတိုက်ပွဲနှင့် ပတ်သက်၍ အသေအပျောက် သတင်းများ မရှိခဲ့ပေ။ [၅၀]
- KNDF နှင့် ကရင်နီတပ်မတော် (ကေအေ) တပ်ဖွဲ့များနှင့် တပ်မတော် ခြေမြန်တပ်ရင်း (၄၂၈) မှ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့တို့ တိုက်ပွဲများ ၄ ရက်ကြာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သား (၄)ဦး ကျဆုံးခဲ့ကြောင်း KNDF ကဆိုသည်။ "သေသွားတာလားတော့ မသိဘူး။ အနည်းဆုံးခန့်မှန်းခြေကတော့ သုံးယောက်နဲ့ လေးယောက်ကြားမှာ စစ်တပ်ဘက်က ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရထားတယ်လို့ ယူဆထားတယ်" ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ [၅၁] [၅၂] နှစ်ရက်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ခေါင်းကွဲကျေးရွာ၌ တပ်မတော်မှ တပ်ဖွဲ့ဝင် ၄ ဦးနှင့် PDF တိုက်ခိုက်ရေးသမား ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့နောက် တပ်မတော်မှ လက်နက်ကြီးများနှင့် စနိုက်ပါများဖြင့် အင်အားအလွန်အကျွံ အသုံးပြုပြီးနောက် ခုခံတိုက်ခိုက်ရေးသမားများသည် ရွာမှ ဆုတ်ခွာခဲ့ရသည်။ [၅၃]
- ထိုနေ့တွင်ပင် ခုခံ ခိုအောင်းရာ နေရာ နှစ်ခုကို စစ်တပ်က ဝင်ရောက် စီးနင်းမှု ကြောင့် မန္တလေး အရပ်ဘက် ပြောက်ကျားတပ်သား ၈ ဦးကို သေဆုံးခဲ့သည်။ စစ်တပ် တပ်ဖွဲ့ဝင်များက မဟာအောင်မြေနှင့် ပြည်ကြီးတံခွန်မြို့နယ်များရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ဝင်ရောက်စီးနင်းခဲ့ရာ တပ်မတော်တပ်သားများအား တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူဟု သံသယရှိသူတစ်ဦးမှ ဝန်ခံပြီးနောက် အဆိုပါစီးနင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မဟာအောင်မြေစခန်း၌ ဖြစ်ပွားသော တိုက်ပွဲတွင် PDF အဖွဲ့ဝင် ၇ ဦး ကျဆုံးကာ စစ်ကောင်စီတပ်သားတစ်ဦး ဝမ်းဗိုက်တွင် ကျည်ဒဏ်ရာရရှိခဲ့ပြီး ပြည်ကြီးတံခွန်စခန်း၌ စစ်အစိုးရတပ်များအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ကာ ထွက်ပြေးကြစဉ် PDF တိုက်ခိုက်ရေးသမားတစ်ဦး သေဆုံးခဲ့သည်။ [၅၄]
- ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စစ်တပ်က အမြောက်မြားဖြင့် ပစ်ခတ်ကူညီနေသည့် စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကဲဘာကျေးရွာတွင် ဇေယျာ ၇ ဟု ခေါ်သည့် အခြား ဒေသခံ တော်လှန်ရေးသမားများအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ခုခံတိုက်ခိုက်ရေးသမားများသည် စစ်တပ်၏ လက်နက်အင်အား သာလွန်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဆုတ်ခွာခဲ့ရသည်။ [၅၅]
- ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဗုံးအများအပြား ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၃ ဦး အပါအဝင် သံသယရှိသူ ၁၂ ဦးကို တပ်မတော်မှ PDF ဟုစွပ်စွဲပြီး ဖမ်းဆီးခဲ့သည်။ ထွက်ပြေးလွတ်မြောက်သွားသည့် နောက်ထပ် ခုခံတိုက်ခိုက်ရေးသမား ၂ ဦးကိုလည်း ကျည်ကာအင်္ကျီများ ဝတ်ဆင်ထားသည့် အရပ်ဝတ် လက်နက်ကိုင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးရမိခဲ့သည်။ လက်လုပ်ဖောက်ခွဲရေးပစ္စည်းများကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် အခြားပြောက်ကျားတိုက်ခိုက်ရေးသမားများ သေဆုံးမှုများလည်း ရှိခဲ့သည်။[၅၆]ဒီပဲယင်း PDF တိုက်ခိုက်ရေးသမားများ နေရာယူထားသည့် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ကို တပ်မတော်မှ ဝိုင်းရံထားသည်ဟု ဒီပဲယင်း PDF ခေါင်းဆောင်က သတင်းထုတ်ပြန်ခဲ့သည်။ “တော်တော်အခြေအနေဆိုးနေပြီ။ မနားတော့ဘူးဗျ။ စစ်ကြောင်းက တစ်ကြောင်းပြီးတစ်ကြောင်း လာနေတာ။ တစ်ကြောင်းက ဒီရွာကို ဖြတ်သွားရင် နောက်ထပ်တစ်ကြောင်းက ဒီရွာကို ဦးတည်နေပြီ။ အဲဒီလိုမျိုးဖြစ်နေတာ” ဟု ဒီပဲယင်း PDF ခေါင်းဆောင်မှ Myanmar NOW သို့ ပြောကြားခဲ့သည်။ လွန်ခဲ့သည့်လမှစတင်၍ တပ်မတော်သည် လေကြောင်း ချေမှုန်းရေး မစ်ရှင်များ ဆောင်ရွက်ရန်အတွက် ဒီပဲယင်းမြို့ အနောက်ဘက်သို့ ရဟတ်ယာဉ် ခြောက်စီးဖြင့် လေကြောင်းချီတပ်မှ စစ်သား ၁၅၀ ခန့် စေလွှတ်ခဲ့သည်။ [၅၇]
- ကေအဲန်ယူ တပ်မဟာ ၆ လက်အောက်ရှိ ထိုင်းနယ်စပ်အနီး လေးကကော်မြို့သစ်တွင် ဒီဇင်ဘာ ၁၄ ရက်က တပ်မတော်မှ စစ်သား ၂၀၀ ခန့်ဖြင့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ NLD အမတ် ဝေလင်းအောင် အပါအဝင် စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆက်စပ်နေသည်ဟု ယူဆရသော လူအများအပြားကို စစ်တပ်က ဖမ်းဆီးခဲ့သည်။ ခြေမြန်တပ်ရင်း ၅၆၀ မှ ယာဉ်တန်းလေးစီးဖြင့် ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များသည် လေးကေကော်မြို့ ငြိမ်းချမ်းရေး ရပ်ကွက်တွင် တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ရှာဖွေခဲ့သည်။ အဆိုပါ စီးနင်းမှုကို ခွင့်ပြုထားခြင်း ရှိ၊ မရှိ မေးမြန်းရန် ဖုန်းခေါ်ဆိုမှုများကို KNU တပ်မဟာ (၆) မှ ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခြင်း မရှိပေ။
- ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) အစည်းဝေးကျင်းပနေသည့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာကို တပ်မတော်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒီဇင်ဘာ ၁၇ ရက်က ယောကာကွယ်ရေးတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ရေးသမား ၂၀ ကျဆုံးခဲ့သည်။ ရွာကို လေကြောင်းထိုးစစ်ဆင်ရာတွင် ရဟတ်ယာဉ်သုံးစင်း ပါဝင်ခဲ့သည်။ နှမ်းခါးရွာကို စစ်အစိုးရ ကျောထောက်နောက်ခံပြု ပျူစောထီးပြည်သူ့စစ်အဖွဲ့ဝင် ၁၅၀ ခန့်က သိမ်းပိုက်ထားသည်ဟု ရွာခံတစ်ဦးက ပြောသည်။ [၅၈] ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် တပ်မတော်က ဝင်ရောက်စီးနင်းမှုအတွင်း ဒေသခံ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ဝင်တစ်ဦး ပစ်သတ်ခံရပြီး အခြား သုံးဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။ နံနက် ၉ နာရီခန့်တွင် လဟာရပ်ကျေးရွာအနီးရှိ နေအိမ်တစ်လုံးအား စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့မှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ရင်ဘတ်နှင့် ပေါင်တို့တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ သေဆုံးနေသည့် ခုခံတိုက်ခိုက်ရေးသမား၏ ရုပ်အလောင်းကို စစ်သားများက သိမ်းယူသွားကာ သေဆုံးသူမှာ ဖြိုးမောင်မောင်ဦးဖြစ်ကြောင်း သန်လျင်အခြေစိုက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုက ဆိုသည်။ [၅၉]
- ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်းတွင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) မှ သိမ်းပိုက်ပြီးနောက် ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ် ကွန်နားကျေးရွာမှ တပ်မတော် တပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၀ ရက်တွင် ထွက်ခွာသွားခဲ့သည်။ KNDF အဖွဲ့ဝင်များ၏ ပြောကြားချက်အရ သီတင်းပတ်ကုန်တွင် ခွန်းနား တွင် တပ်ဖွဲ့ဝင် ၁၃၀ ခန့် တပ်စွဲထားကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်က တနင်္လာနေ့နှင့် ကြာသပတေးနေ့များတွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားပြီးနောက်ပိုင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ခြင်း မရှိဟု ၎င်းက ဆက်လက်ပြောသည်။[၆၀]
ခရစ္စမတ်အကြို လူသတ်ပွဲ
- ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီးတွင် စစ်ဘေးရှောင်ယာဉ်တန်းကို စစ်တပ်က ဒီဇင်ဘာ ၂၄ ရက်က အလစ်တိုက်ခိုက်ခဲ့ရာ လူ ၃၅ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။ အဆိုပါသေဆုံးမှုများတွင် အကျိုးအမြတ်မယူသော Save the Children အဖွဲ့မှ ဝန်ထမ်းနှစ်ဦး ပါဝင်ခဲ့သည်။ [၆၁] အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ 'စေ့စေ့စပ်စပ် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှု' ပြုလုပ်ရန် ကုလသမဂ္ဂက တောင်းဆိုထားသည်။
Remove ads
၂၀၂၂
ဇန်နဝါရီလ
- ဇန်နဝါရီ ၃၁ ရက်က မကွေး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်၊ ရှမ်းနှင့် ကယားပြည်နယ်တို့တွင် သုံးရက်ကြာ ခြုံခိုတိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၃ ဒါဇင်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ [၆၂]
ဖေဖော်ဝါရီ
- ၁ ဖေဖော်ဝါရီ - စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်ပျူစောထီးပြည်သူ့တပ်ဖွဲ့ဝင် အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ စစ်အစိုးရက ထောက်ပံ့ရေးပစ္စည်းများနှင့် စစ်သည်များ သယ်ဆောင်သည့် သင်္ဘောများကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း အနည်းဆုံး သင်္ဘောတစ်စီး မီးလောင်ခဲ့သည်။[၆၃]
- ၂ ဖေဖော်ဝါရီ - စစ်အစိုးရလိုလားသော လူထုစုဝေးပွဲတွင် ဗုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့သည်။ [၆၄]
- ၃ ဖေဖော်ဝါရီ - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုမှ စတင်ကာ ပစ်မှတ်ထားသော တိုက်ခိုက်မှုများတွင် စစ်အစိုးရက ခန့်အပ်ထားသော အရာရှိ ၃၆၇ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့သည်ဟု ဆိုသည်။ [၆၅]
- ၇ ဖေဖော်ဝါရီ - စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း နယ်မြေခံ PDF များ၏ လျပ်တပြတ် တိုက်ခိုက်မှုကြောင့် စစ်သား ၃၈ ဦး ကျဆုံးခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများတွင် ဒရုန်းများ အသုံးပြုမှုလည်း ပါဝင်သည်။ [၆၆] ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် သုံးရက်ကြာ တိုက်ပွဲများအတွင်း တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီ စစ်သည် ၂၀၀ ခန့် ကျဆုံးခဲ့ကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော်က ပြောဆိုထားသည်။ [၆၇]
- ၈ ဖေဖော်ဝါရီ - ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲ အနည်းဆုံး နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးတိုက်ကျေးရွာ အရှေ့မြောက်ဘက် လက်ပံတောင်အနီးရှိ AA ကင်းစခန်းအား ဖေဖော်ဝါရီ ၄ ရက်က ခိုးဝင်တိုက်ခိုက်ခဲ့ရာ AA ကင်းသမားတစ်ဦး သေဆုံးခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် AA နှင့်စစ်တပ်တို့ကြား ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှ စတင်၍ အကောင်အထည်ဖော်ခဲ့သော အလွတ်သဘော အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားမည့်အရေးကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ [၆၈] မောင်တောမြို့နယ် မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၇ ရက် ညက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။[၆၉] [၇၀]
- ၉ ဖေဖော်ဝါရီ - စစ်ကိုင်းနှင့် ပဲခူးတိုင်းဒေသကြီးများတွင် နယ်မြေခံ PDF များ ၏ တိုက်ခိုက်မှုကြောင့် စစ်သား ၃၅ ဦး သေဆုံးခဲ့သည်။ [၇၁] အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုအတွက် တုံ့ပြန်သည့်အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များသည် ရန်ကုန်မြို့ရှိ လေတပ် လေယာဉ်မှူးများ၏ နေအိမ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။[၇၂]
- ၁၀ ဖေဖေော်ဝါရီ - စစ်ကိုင်းတိုင်း ဒေသကြီး မြို့နယ် ၃ ခုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် စီးနင်း တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် သေဆုံးခဲ့သည်။ [၇၃]
- ၁၁ ဖေဖော်ဝါရီလ - ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ AA ၏ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ကျဆုံးခဲ့သည်။[၇၄] ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့သည်။ [၇၅]
- ၁၃ ဖေဖော်ဝါရီ - နေပြည်တော်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် PDF တပ်ဖွဲ့များက တိုက်ခိုက်မှုများကြောင့် ဖေဖော်ဝါရီ ၁၂ နှင့် ၁၃ ရက်များတွင် စစ်ကောင်စီတပ်သား ၄၀ ခန့် သေဆုံးခဲ့သည်။[၇၆]
- ၁၇ ဖေဖော်ဝါရီ - စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြို့သစ်ရွာအနီး၌ စစ်သားနှင့် ပျူစောထီးအင်အား ၈၀ ခန့်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ အသက် ၁၅ နှစ်အရွယ် နှစ်ဦးအပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၁၄ ဦးကျဆုံးခဲ့သည်။[၇၇] ထိုနေ့မှာပင် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲ ဝါရီဆူးပလိုင်ရွာအနီးတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်ခန့် ကျဆုံးခဲ့သည်။[၇၈]
- ၂၃ ဖေဖော်ဝါရီ - မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ရေပြာရွာ ရဲစခန်းကို ပေါက်၊ မြိုင်၊ ရေစကြိုမြို့နယ်တို့မှ PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါဝင် ရဲ ၅ ဦး သေဆုံးခဲ့သည်။[၇၉] ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကချင်ပြည်နယ် ကာမိုင်းမြို့အနီးရှိ စစ်ဆေးရေးဂိတ်တစ်ခုကို KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၄၄ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ ဦးနှင့် အရပ်သား ၁ ဦး သေဆုံးခဲ့သည်။[၈၀]
- ၂၄ ဖေဖော်ဝါရီ - စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ငါးပိအိုးကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်တိုက်ခိုက်သဖြင့် လူတစ်ဦးသေဆုံးကာ အိမ်ခြေ ၄၀ ကျော် မီးလောင်ကျွမ်းခဲ့သည်။[၈၁] ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်ကောင်စီတပ်များနှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့ လေးကြိမ်မြောက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ဦးသေဆုံးခဲ့ပြီး အိမ်ခြေ ၄၀၀ ကျော် မီးလောင်ကျွမ်းခဲ့သည်။[၈၂]
မတ်
လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ဒေသခံကာကွယ်ရေးအဖွဲ့နှင့် ကရင်နီပူးပေါင်းအဖွဲ့တို့နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား ၈၅ ဦး သေဆုံးပြီး နှစ်ဦး ဖမ်းဆီးရမိကြောင်း မတ်လ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။[၈၃]
စက်တင်ဘာ
- ၂ စက်တင်ဘာ -
- ရွေးကောက်ပွဲ မဲသမာမှုတွင် အပြစ်ရှိသည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည်။ ယင်းအတွက်ကြောင့် သူမသည် အမှုမျိုးစုံမှ ပြစ်ဒဏ်စုစုပေါင်း ထောင်ဒဏ် ၂၀ နှစ် ကျခံနေရသည်။[၈၄]
- ဗန်းမောက်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ရှိ ရှမ်းနီအမျိုးသားများတပ်မတော်စခန်းများအား ကေအိုင်အေနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။[၈၅]
- ၁၆ စက်တင်ဘာလ ၁၆ - စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာရှိ စာသင်ကျောင်းအား မြန်မာစစ်တပ်မှ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။[၈၆] လက်ယက်ကုန်းရွာတွင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ရှိနေသည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု မြန်မာစစ်တပ်က ဆိုသည်။[၈၇] ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ကြသည်။[၈၈][၈၉]
- ၂၃ စက်တင်ဘာ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌဖြစ်သော ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဆရာဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင် အား ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တစ်ခုက လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ဤလုပ်ကြံမှုသည် သတ်ဖြတ်ခံရသော တပ်မတော်၏ အမြင့်ဆုံးရာထူးဖြစ်သောကြောင့် ရာထူးကြီးစစ်တပ်ခေါင်းဆောင်များအနေဖြင့် လုံခြုံရေးအား တိုးမြှင့်စေခဲ့သည်။[၉၀]
အောက်တိုဘာ
- ၈ အောက်တိုဘာ - စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများ အားနည်းစေရန်ရည်ရွယ်သော "ဖြတ်လေးဖြတ်"ဗျူဟာအား အကောင်အထည်ဖော်သည့်အနေဖြင့် စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးရှိ အနည်းဆုံး ရွာ ၂၀ ကျော်အား စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြသည်။ သို့သော်လည်း စစ်ကိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့များ၏ အဆိုအရ ယင်းသို့ မီးရှို့ဖျက်ဆီးခံရသဖြင့် အားလုံးဆုံးရှုံးသွားခဲ့သူများမှာ တော်လှန်ရေးအဖွဲ့များသို့ ဝင်ရောက်လာခဲ့ကြသည်။[၉၁]
- အောက်တိုဘာလ အလယ်ပိုင်း - ၂၀၂၃ ခုနှစ် အကုန်တွင် နွေဦးတော်လှန်ရေး အောင်ပွဲရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့သည်။ ယင်းအတွက် မြို့ပြနှင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများတွင် တိုက်ပွဲများ အရှိန်မြင့်လာခဲ့သည်။[၉၂]
- ၁၆ အောက်တိုဘာ - မကွေးတိုင်းဒေသကြီး၊ တောင်မြင့်ရွာအား စစ်ကောင်စီတပ်များက ဝင်ရောက်စီနင်းခဲ့ကာ ကျောင်းဆရာ ဦးစောထွန်းမိုးအား ခေါင်းဖြတ်သတ်ဖြတ်ကာ ဦးခေါင်းအား NUG၏ စာသင်ကျောင်းဝင်ပေါက်တွင် ချိတ်ဆွဲထားခဲ့သည်။[၉၃]
- ၂၁ အောက်တိုဘာ - ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်သော တပ်များက ကော့ကရိတ်မြို့ကို ဝင်ရောက်စီးနင်းခဲ့သည်။ မြို့အနီး အာရှလမ်းမကြီးနှင့် မြို့တွင်းရှိ အစိုးရအဆောက်အဦများတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။[၉၄]
- ၂၂ အောက်တိုဘာ - ညနေပိုင်းတွင် ကော့ကရိတ်မြို့မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်သော တပ်များ ပြန်လည်ဆုတ်ခွာခဲ့သည်။ အနီးတဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။[၉၂]
- ၂၃ အောက်တိုဘာ - ဖားကန့်မြို့နယ်တွင် ကေအိုင်အေ၏ ၆၂ နှစ်မြောက်အခမ်းအနားကျင်းပနေစဉ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူအနည်းဆုံး ၈၀ ခန့် သေဆုံးခဲ့သည်။ ယင်းသည် ဤပြည်တွင်းစစ် ပြန်လည်စတင်ချိန်မှစ၍ အရပ်သားအများဆုံး သေဆုံးခဲ့သော ပထမဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ ကုလသမဂ္ဂက တိုက်ခိုက်မှုအတွက် ဝမ်းနည်းကြောင်းပြောဆိုခဲ့သော်လည်း စစ်ကောင်စီက အရပ်သားသေဆုံးမှုအား ငြင်းဆိုခဲ့သည်။[၉၅]
- ၂၇ အောက်တိုဘာ - ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်သော တပ်ဖွဲ့များက ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အမှတ် ၃၃၉ ခြေမြန်တပ်ရင်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်။[၉၆]
နိုဝင်ဘာ
- ၁၃ နိုဝင်ဘာ - တပ်မတော် (လေ)၏ Mi-34 ရဟတ်ယာဉ်က စစ်ကောင်စီတပ်အပေါ် မှားယွင်းပစ်ခတ်မှုကြောင့် တပ်သား ၆၀ ခန့် သေဆုံးခဲ့သည်။[၉၇]
- ၁၄ နိုဝင်ဘာ - ပျူစောထီးအဖွဲ့သို့ ဝင်ရောက်ရမည်စိုးသဖြင့် ထွက်ပြေးခဲ့သော မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီက ဒဏ်ငွေတပ်ခဲ့သည်။[၉၈]
- ၁၅ နိုဝင်ဘာ - စစ်ကောင်စီကားတစ်စီးသည် ရက္ခိုင့်တပ်တော်မှ ထောင်ထားသော မြေမြှပ်မိုင်းထိခဲ့သဖြင့် ရခိုင်ပြည်နယ် ရန်ကုန်-စစ်တွေကားလမ်းပေါ်ရှိ ကျေးရွာများအား စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။ ဒေသခံများမှာ ပုဏ္ဏားကျွန်း သို့မဟုတ် စစ်တွေမြို့ပေါ်သို့ ထွက်ပြေးခဲ့ကြရသည်။[၉၉]
- ၁၆–၂၂ နိုဝင်ဘာ - ချင်းပြည်နယ် ဒေသကာကွယ်ရေးအဖွဲ့များက ဒရုန်းများ အသုံးပြုကာ ဖလမ်းမြို့နယ်ရှိ ရှေ့တန်းစစ်စခန်းအား တိုက်ခိုက်ခဲ့ရာ အခြေစိုက်စစ်ကောင်စီတပ်သား ၇၄ % ခန့် သေဆုံးခဲ့သည်။ လေကြောင်းမှ ပစ်ခတ်မှုများကြောင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် စခန်းအား သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေ။[၁၀၀]
- ၁၉ နိုဝင်ဘာ - ခင်ဦးမြို့နယ်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့စခန်းအား ဝင်ရောက်စီးနင်းရာတွင် နေအိမ်များနှင့် ဒေသခံပြည်သူများ သတ်ဖြတ်ခံခဲ့ရသည်။[၁၀၁]
- ၂၁–၂၅ နိုဝင်ဘာ - မိုးညှင်း၊ ဗန်းမောက်နှင့် ကသာမြို့နယ်ရှိ ကေအိုင်အေစခန်းများအား တပ်မတော် (လေ)က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။.[၁၀၂]
- ၂၂ နိုဝင်ဘာ
- မြိုင်မြို့နယ်ရှိ ရဲစခန်းတစ်ခုအား ဆက်လက်နေထိုင်နိုင်ခြင်း မရှိတော့သောကြောင့် စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။[၁၀၃]
- ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်ရှိ ရဲစခန်း အဆောက်အဦတစ်ခုအား ပီဒီအက်ဖ်က ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။[၁၀၄]
- ၂၄ နိုဝင်ဘာ - ကာဒီနယ် ချားလ်မောင်ဘို၏ နေအိမ်အပါအဝင် မုံလှရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။[၁၀၅]
- ၂၆ နိုဝင်ဘာ - ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ ရဲစခန်းတစ်ခုအား ပဲခူးပီဒီအက်ဖ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့သည်။[၁၀၆]
- ၂၇ နိုဝင်ဘာ - [ရက္ခိုင့်တပ်တော်]]နှင့် စစ်ကောင်စီတပ်များ အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့သည်။[၁၀၇]
- ၃၀ နိုဝင်ဘာ - ချင်းရွှေဟော်မြို့အနီးရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၏ စခန်းတစ်ခုအား စစ်ကောင်စီတပ်များက တိုက်ခိုက်ခဲ့သည်။[၁၀၈]
ဒီဇင်ဘာ
- ၆ ဒီဇင်ဘာ - ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မိုဆို လူသတ်ပွဲအတွက် တာဝန်ရှိသူ စစ်ကောင်စီအရာရှိ သုံးဦးနှင့် တပ်သားတစ်ဦးကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။[၁၀၉]
- ၇ ဒီဇင်ဘာ - နမ့်ဆန်မြို့နယ်ရှိ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် တပ်မတော် (ကြည်း)တို့ မြေပြင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။[၁၁၀]
- ၁၃ ဒီဇင်ဘာ - နမ့်ဆန်တိုက်ပွဲတွင် တပ်မတော်က လေကြောင်းမှ ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်။[၁၁၁]
- ၁၆ ဒီဇင်ဘာ - ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းတွင် ပါဝင်ပတ်သက်သူများအား ပိတ်ဆို့အရေးယူမည့် BURMA Act အား ချမှတ်ခဲ့သည်။[၁၁၂][၁၁၃]
- ၁၇ ဒီဇင်ဘာ - တပ်သား ၉၈ ဦးသေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်များက နန့်ဆန်တိုက်ပွဲမှ ဆုတ်ခွာခဲ့ကာ TNLA နှင့် နားလည်မှုလွဲမှားခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ TNLA က ယင်းထုတ်ပြန်ချက်ကို ငြင်းဆိုခဲ့သည်။[၁၁၄]
- ၂၇ ဒီဇင်ဘာ - ရွှေဘိုမြို့နယ်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့များက အလစ်တိုက်ခိုက်ရန်အတွက် စစ်ကောင်စီတပ်သားများက အရပ်သုံးထရပ်ကားတွင် အလုပ်သမားများအဖြစ် ပုန်းခိုခဲ့သည်။[၁၁၅]
- ၂၉ ဒီဇင်ဘာ - ဝန်ကြီးချုပ်ဟောင်း ဦးလှမိုးအောင်အပါအဝင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဟောင်းများအား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။[၁၁၆]
- ၃၀ ဒီဇင်ဘာ - ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့သည်။[၁၁၇]
Remove ads
၂၀၂၃
ဇန်နဝါရီ
- ၅ ဇန်နဝါရီ - ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်က ကျေးရွာများအား စပိဘုတ်ထောက်ပံ့ပေးရန်နှင့် ပျူစောထီးအဖွဲ့သို့ ဝင်ရန် ဖိအားပေးမှုများကြောင့် အင်းလေးဒေသ ကာကွယ်ရေးအဖွဲ့များနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။[၁၁၈]
- ၃၁ ဇန်နဝါရီ - "နိုင်ငံတော်အား သစ္စာစောင့်သိသော" နိုင်ငံသားများအား လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။[၁၁၉]
ဖေဖော်ဝါရီ
- ၇ ဖေဖော်ဝါရီ - အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်၏ အရေးပေါ်အခြေအနေအား နောက်ထပ် ခြောက်လ သက်တမ်းထပ်တိုးခဲ့သည်။[၁၂၀]
- ၂၃ ဖေဖော်ဝါရီ - စစ်ကိုင်းတိုင်းဒေသကြီးရှိ နောက်ထပ် မြို့နယ် ၃ မြို့နယ်အား စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။[၁၂၁] တပ်မတော် (ကြည်း)၏ အမှတ် ၉၉ ခြေမြန်တပ်မသည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာများအား စီးနင်းတိုက်ခိုက်ခဲ့သည်။[၁၂၂]
- ၂၆ ဖေဖော်ဝါရီ - ကန်တော်ကျေးရွာတွင် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ လူငယ် နှစ်ဦးအပါအဝင် ခုခံရေးသမား လေးဦး ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ရသည်။[၁၂၃]
မတ်
- ၂ မတ် - စစ်ကိုင်းတိုင်းဒေသကြီးတွင် အမှတ် ၉၉ ခြေမြန်တပ်မတပ်သားများက တာတိုင် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုအတွင်း ရွာသူရွာသား ၁၇ ဦးအား သတ်ဖြတ်ခဲ့သည်။ နှစ်ဦးမှာ ခေါင်းဖြတ်သတ်ခံခဲ့ရပြီး အမျိုးသမီးသုံးဦးမှာ အသတ်မခံရမီ မုဒိမ်းကျင့်ခံခဲ့ရသည်။[၁၂၄]
- ၁၁ မတ် - ပင်လောင်း အစုအပြုံလိုက် သတ်ဖြတ်ခံရမှုတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး သုံးပါးအပါအဝင် ရွာသူရွာသား အနည်းဆုံး ၃၀ သေဆုံးခဲ့သည်။[၁၂၅]
ဧပြီ
- ၁၁ ဧပြီ - စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ ပြုလုပ်နေစဉ်အတွင်း တပ်မတော် (လေ)က လေကြောင်းမှ ပစ်ခတ်ခဲ့သဖြင့် ကလေးသူငယ်များအပါအဝင် အရပ်သား အနည်းဆုံး ၁၂၀ သေဆုံးခဲ့သည်။[၁၂၆]
မေ
- ၇ မေ - စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အရှေ့မြောက်ဘက် ရေကန်စုရွာအနီးရှိ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ် (၂၇) လက်အောက်ခံတပ်ခွဲ (၂) စခန်းကို စစ်ကောင်စီတပ် အင်အား ၈၀ ခန့်က ဝင်ရောက်စီးနင်းခဲ့ရာ ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးနှင့် အရပ်သား ၂ ဦးတို့ကို ပစ်သတ်ကာ မီးရှို့ခဲ့ကြသည်။[၁၂၇]
- ၂၅ မေ - မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့မှ ခေါင်းဆောင် အပါအဝင် တပ်ဖွဲ့ဝင်ရှစ်ဦးသည် လက်နက်၊ ငွေကြေးတွေများ ယူဆောင်ကာ စစ်ကောင်စီထံ လက်နက်ချအညံ့ခံ ထွက်ပြေးသွားခဲ့သည်။[၁၂၈]
- ၂၆ မေ
- မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းဒေသအား စစ်တပ်က သုံးရက်ကြာ ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံ ၅ ဦးသတ်ဖြတ်ခံခဲ့ရပြီး ကျေးရွာ ၂၇ ရွာ မီးရှို့ခံခဲ့ရကာ နေအိမ် ၆၀၀ ကျော်မီးလောင်ပျက်စီးခဲ့သည်။[၁၂၉]
- အမျိုးသားရေးအမည်ခံသည့် လှုပ်ရှားမှုများ၊ စစ်တပ်ထောက်ခံပွဲများကို ဦးဆောင်ပြုလုပ်လေ့ရှိသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး (MNO) ဥက္ကဋ္ဌ[၁၃၀] ဦးတင့်လွင်အား သေနတ်သမားတစ်ဦးမှ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့သည်။[၁၃၁]
- ၂၇ မေ
- ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်တို့အကြား သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကလေးငယ်နှစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့သည်။[၁၃၂]
- ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ဆေးမှူးတပ်ဖွဲ့ဝင် လူငယ်လေးဦးသည် ကယားပြည်နယ် ရှေ့တန်းစစ်မြေပြင်တွင် ဒဏ်ရာရသူများအား ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် သေဆုံးခဲ့သည်။[၁၃၃]
- ၂၉ မေ - ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြား သီးမစ်လွင်ပြင်တွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေးတပ်မတော် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေရာ တော်လှန်ရေးသမား ၁၁ ဦး သေဆုံးခဲ့သည်။[၁၃၄]
- ၃၀ မေ
- ဝက်လက်မြို့အရှေ့မြောက်ဘက်ရှိ စခန်းသာ (ရှပ်ပြဲ) ရွာအနီး ရောက်လာသော စစ်ကြောင်းကို ရွှေဘိုမြို့နယ်အခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့များဖြစ်သည့် Black Wolf Army နှင့် WHO AM I – ARMY တို့က ဒရုန်းဖြင့် ဗုံးသီး ၇ ခုချ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စိစစ်ကြောင်းသည် ထိခိုက်ဒဏ်ရာရပြီးနောက် ဝက်လက်မြို့ဘက်သို့ ပြန်ဆုတ်သွားခဲ့သည်။[၁၃၅]
- မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အဝန်းကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘီးလင်းမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၃၁၄) အမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သံဃာတော် ၃ ပါးနှင့် အရပ်သား ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။[၁၃၆]
- တပ်မတော် ထောက်ခံသူနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ၊ အဆိုတော် လီလီနိုင်ကျော်အား သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် အရေးပေါ်ဆေးကုသမှုခံယူနေရသည်။[၁၃၇]
- စစ်ကိုင်းတိုင်း မြို့နယ် ၂၈ မြို့နယ်မှ စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ပါဝင်နေသော နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၁၇၃ ဖွဲ့နှင့် လေ့လာသူ ၃၁ ဦးတို့ပါဝင်သော ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို နှစ်ရက်ကြာ ပြုလုပ်ခဲ့သည်။[၁၃၈]
- ကရင်ပြည်နယ်၊ ကျုံဒိုးရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းနှင့် ဗုံးချတိုက်ခိုက်ခဲ့သဖြင့် ခလရ (၅၄၆) စစ်တပ်က လက်နက်ကြီး ပြန်လည်ပစ်ခတ်ရာတွင် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။[၁၃၉]
- ၃၁ မေ
- ကန့်ဘလူမြို့နယ် ဖုတ်ကုန်းရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့စခန်းကို စစ်သား ၆၀ ဝန်းကျင်က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တော်လှန်ရေးသမားလေးဦး သေဆုံးခဲ့သည်။[၁၄၀]
- ချောင်းဦးမြို့မြောက်ဘက် သုံးမိုင်အကွာ ခင်မွန်ရွာအနီးရှိ Area 71 People Defense Force Monywa စခန်းကို စစ်ကောင်စီ အင်အား ၁၀၀ ဝန်းကျင်ခန့်က ဝင်ရောက်စီးနင်းရာ တော်လှန်ရေးသမားတစ်ဦး သေဆုံးခဲ့သည်။[၁၄၀]
ဇွန်
- ၂ ဇွန် - ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးရုံးများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။[၁၄၁]
- ၃ ဇွန် - ဖယ်ခုံမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော တပ်မ (၆၆) လက်အောက်ခံတပ်ကို မြို့အနောက်ဘက် ၅ မိုင်ခန့်အကွာရှိ ခေါင်းအိရွာနှင့် စက်တော်ရွာအကြားတွင် ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖယ်ခုံအခြေစိုက် အမှတ်(၁၀၀၂) တပ်ရင်း၊ ဒီးမော့ဆိုအခြေစိုက် အမှတ် (၁၁၀၁)၊ (၁၁၀၂)၊ (၁၁၀၇) တပ်ရင်းများ၊ မိုးမြို့ဗြဲအခြေစိုက် အမှတ် (၁၀၀၅)၊ (၁၀၀၇)၊ (၁၀၀၈)၊ (၁၀၀၉)၊ လွိုင်ကော်အခြေစိုက် PDF တပ်ရင်း (LKPDF) များနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) တို့ ပူးပေါင်း ပိတ်ဆို့တိုက်ခိုက်ရာမှ ဇွန်လ ၁၁ ရက်နေ့အထိတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။[၁၄၂]
- ၅ ဇွန်
- ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် (၁၂) ရပ်ကွက် ရဲစခန်း၊ အမှတ် (၅) ရပ်ကွက်ရှိ (၅၀၇) စစ်တပ်စခန်း၊ ပန်ဟုန်းရွာရှိ စစ်တပ်စခန်းတို့ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က တိုက်ခိုက်ခဲ့သည်။[၁၄၃]
- ကလေးမြို့နယ်၊ လက်ပံချောင်း-ရာဇဂြိုဟ်လမ်းမကြီးဘေးရှိ ရှုခင်းသာကျေးရွာရှိ စာသင်ကျောင်းကို စစ်တပ်က MI 35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ရာ လူ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။[၁၄၄]
- ၆ ဇွန်
- ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် အရပ်သား သုံးဦး သေဆုံးခဲ့သည်။[၁၄၅]
- ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ နတ်သံကွင်းမြို့ ရဲစခန်း၊ တံတားရဲကင်း နှစ်ခု၊ ရေတွင်းကုန်းရွာနှင့် ဘုံသတောရွာအနီးရှိ အခြားစစ်ရေးပစ်မှတ် နှစ်ခုတို့ကို KNU တပ်မဟာ ၃ လက်အောက်ခံတပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ဖွဲ့များက ဝင်တိုက်တိုက်ခိုက်ခဲ့ပြီး နတ်သံကွင်းတံတားကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၃၀ ခန့် သေဆုံးခဲ့ကာ KNU,PDF ပူးပေါင်းတပ်ဘက်မှ ၄ ဦးသေဆုံးခဲ့သည်။[၁၄၆]
- ၇ ဇွန်
- ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးနေလင်းဦးနှင့် ဗောဓိကွင်းရွာအုပ်ချုပ်ရေးမှူး ဦးသူရတို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက ပစ်သတ်ခဲ့သည်။[၁၄၇]
- ပဇီကြီးရွာတွင် စစ်ကောင်စီတပ်၏ လေကြာင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းကြောင်း လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ခြင်းကြောင့် သရုပ်ဆောင် မေပန်းချီကို အင်းစိန်အကျဉ်းထောင်တွင်း စစ်ခုံရုံးက ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။[၁၄၈]
- ၉ ဇွန် - ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာ ရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့သည်။[၁၄၉]
- ၁၂ ဇွန် - ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ ရပ်ကွက်များအတွင်း စစ်တပ် ဝင်ရောက်တပ်စွဲထားစဉ် မေ ၂၇ မှ ဇွန် ၉ အတွင်း အရပ်သား ၁၃ ဦးထက်မနည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။[၁၅၀]
- ၁၃ ဇွန်
- ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ သံလွင်မြစ်အရှေ့ဘက်ကမ်း တောင်လှကျေးရွာအနီးရှိ တောင်လှစခန်း၊ မယ်လနွယ်စခန်းနှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်ခြားမှတ်တိုင်အမှတ် ၁၄ ရှိ BP 14 စခန်းကုန်းနှင့် မြို့မရဲစခန်းတို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မြို့နယ်ရဲမှူး သေဆုံးပြီး၊ စခန်း ၃ ခုမှ မောင်းပြန်သေနတ် ၄၀ ခန့် ရရှိခဲ့ကြောင်း KMIC ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်က ပြောကြားခဲ့သည်။[၁၅၁]
- ဇာမဏီအမည်ရှိ မြင်းမူနှင့် မြောင်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဇော်မိုးနှင့် အခြား ၃ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ မြောင်ပြည်သူ့လုံခြုံရေးအဖွဲ့ အဖွဲ့က လူသတ်မှုသံသယဖြင့် ဖမ်းဆီးစစ်ဆေးနေစဉ် သေဆုံးသွားကြောင်း မြန်မာနောင်း မီဒီယာ က ဖော်ပြခဲ့သည်။[၁၅၂]
- ၁၅ ဇွန် - မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ တပွင်ရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင် တပ်ရင်း-၃ က တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပျူစောထီး ၂ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့သည်။[၁၅၃]
- ၁၇ ဇွန် - စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားကျေးရွာတွင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားသည့် အမျိုးသားများအနက် ၅ ဦး၏ ရုပ်အလောင်းများကို ဒေသခံများက ရှာဖွေတွေ့ရှိခဲ့သည်။[၁၅၄]
- ၁၉ ဇွန်
- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးအကြီးအကဲ ဗိုလ်မှူးဟောင်း ဦးရဲခိုင်ကို ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Urban Owls က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။[၁၅၅]
- ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများတွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ပန်းကိုင်ဆောင် သွားလာခြင်း၊ ပန်းပန်ခြင်း ပြုလုပ်ခဲ့သူများကို စစ်ကောင်စီ တပ်သားများက ဖမ်းဆီးခဲ့ရာ လူပေါင်း ၁၃၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။[၁၅၆]
- ၂၀ ဇွန် - မြင်းခြံမြို့နယ်၊ ယုန်ထိုးရွာအနီးတွင် စစ်ကောင်စီ ကင်းပုန်းအဖွဲ့၏ ကြားဖြတ်ပစ်ခတ်ခဲ့မှုကြောင့် PDF တပ်ရင်း (၁) နှင့် (၈) ပူးပေါင်းအဖွဲ့မှ ၁၀ ဦး တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးခဲ့သည်။[၁၅၇]
- ၂၁ ဇွန် - မြောင်မြို့ပေါ်ရှိ မြို့မရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရုံးနှင့် ရဲဝန်ထမ်းအိမ်ရာတို့ကို PDF မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်းအပါအဝင် မြောင်မြို့နယ်အတွင်း အခြေစိုက်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ၉ ဖွဲ့က တစ်နာရီနီးပါး တိုက်ခိုက်ခဲ့သည်။[၁၅၈]
- ၂၄ ဇွန် - မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီအခြေစိုက်စခန်း ၆ ခုကို ကရင်နီတပ်ပေါင်းစုက ဇွန် ၁၃ မှ ၂၄ အတွင်း သိမ်းယူနိုင်ခဲ့သည်။[၁၅၉]
- ၂၅ ဇွန် - စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာအနီးရှိ ဒေသခံကာကွယ်ရေး တပ်စခန်းတစ်ခုကို စစ်တပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သဖြင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၅ ဦးနှင့် အရပ်သား ၃ ဦး သေဆုံးခဲ့သည်။[၁၆၀]
- ၂၇ ဇွန်
- စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာနှင့် ချင်ပြစ်ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သံဃာတော်တစ်ပါးအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးခဲ့သည်။[၁၆၁]
- စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ခရိုင်တပ်ရင်းခေါင်းဆောင် အသတ်ခံခဲ့ရပြီး လိုက်လံကယ်တင်ရန် ကြိုးပမ်းသည့် သားဖြစ်သူအပါအဝင် ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦးလည်း သေဆုံးခဲ့သည်။[၁၆၂]
- ၂၈ ဇွန်
- မွန်ပြည်နယ်၊ ဘီးလင်းမြို့နှင့် သထုံမြို့အကြားက ရွှေရောင်ပြတံတားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်များက မိုင်းခွဲ ဖျက်ဆီးခဲ့ရာ အိမ်စီးကား ၃ စီး တံတားအောက် ထိုးကျကာ လူတစ်ဦး သေဆုံးခဲ့သည်။[၁၆၃] တံတားပေါက်ကွဲမှုအပြီး စစ်ကောင်စီဘက်က ပြန်လည်ပြင်ဆင်မှုသွားရောက်လုပ်ကိုင်နေစဉ်အတွင်း ထပ်မံပစ်ခတ်ခံရမှုကြောင့် လူ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ခရိုင်အင်ဂျင်နီယာတစ်ဦး သေဆုံးခဲ့သည်။[၁၆၄]
- စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ရွာအနီးရှိ ဒေသခံကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်တပ်က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးခဲ့သည်။[၁၆၅]
- ၂၉ ဇွန်
- စစ်ကိုင်းမြို့နယ် စမွန်းရွာကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ အရပ်သားလေးဦး သေဆုံးခဲ့သည်။[၁၆၆]
- ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကြူကုတ် (ပန်ဆိုင်း) အနီး မုံးပေါ်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။[၁၆၇]
- ၃၀ ဇွန်
- စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ တောင်းအင်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁ စစ်ဒေသ၊ မော်လိုက်ခရိုင် တပ်ရင်း ၂ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သည်။[၁၆၈]
- စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် မြို့ခံလေးဦး သေဆုံးခဲ့သည်။[၁၆၉]
- ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုးကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)ဖြင့် ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခဲ့သည်။[၁၇၀]
ဇူလိုင်
- ၁၅ ဇူလိုင် - မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ် အခြေစိုက်စခန်းနှင့် ကင်းစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်ခိုက်ခဲ့သည်။[၁၇၁]
- ၂၀ ဇူလိုင် - စစ်ကောင်စိစစ်ကြောင်းတစ်ခုသည် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့အနီး တောင်ကုန်းပေါ်ရှိ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) စခန်းငယ်တစ်ခုကို လေတပ်အကူအညီဖြင့် စီးနင်းသိမ်းယူခဲ့သည်။[၁၇၂]
- ၂၁ ဇူလိုင်
- ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်ကြောပေါ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ စခန်းကုန်းကို ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းတွင် KNU လက်အောက်ရှိ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings စသည့် ပူးပေါင်းတပ်ဖွဲ့က သိမ်းယူခဲ့သည်။[၁၇၃]
- စစ်ကောင်စီတပ်မှ အင်အား ၈၀ ခန့်ပါသည့် စစ်ကြောင်းသည် ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာအား နံနက် ၂ နာရီခန့်တွင် ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့ပြီး ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရခဲ့ကာ ရွာခံ ၁၁ ဦးကို ဖမ်းဆီးသွားခဲ့ပြီး ရွာမှ ပြန်လည်ဆုတ်ခွာစဉ် ပစ်သတ်ခဲ့သည်။[၁၇၄]
ဩဂုတ်
- ၄ ဩဂုတ် - ကနောင်စစ်ဆင်ရေးအရ နောင်ချိုမြို့အနီးတွင် အရာရှိတစ်ဦးအပါအဝင် အင်အား ၁၅ ဦးပါ စစ်ကားတစ်စီးကို PDF က ချုံခိုတိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါ အားလုံး သေဆုံးခဲ့ကာ လက်နက်ခဲယမ်းများ ရခဲ့သည်။[၁၇၅]
- ၇ ဩဂုတ် - စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့လယ်ရှိ မီးသတ်စခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးအပါအဝင် စခန်းအတွင်းနေထိုင်သူ ၂၁ ဦးကို ဖမ်းဆီးခဲ့သည်။[၁၇၆]
- ၁၁ ဩဂုတ် - အင်အား ၅၀ ပါ စစ်ကောင်စီတပ်ဖွဲ့တစ်ခုကို နောင်ချိုမြို့နယ်အတွင်းတွင် မိုင်းဖြင့် တိုက်ခိုက်ရာ စစ်ကြောင်းမှူး အပါအဝင် ၁၀ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်။[၁၇၅]
- ၁၂ ဩဂုတ် - ဘုတလင်မြို့နယ် သခွတ္တနယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသည့် အခမဲ့ဆေးခန်းနှင့် ထိုရွာရှိ နေအိမ် ၄၀ ဝန်းကျင်ကို အင်အား ၇၀ နီးပါးပါသည့် စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။[၁၇၇]
- ၁၄ ဩဂုတ် - ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် စစ်ကောင်စီ တပ်စွဲထားသည့် တောင်ကုန်းကို ချင်းဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ လက်နက် ၆ လက် သိမ်းဆည်းရမိခဲ့ကာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်။[၁၇၈]
- ၃၁ ဩဂုတ် - ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်အတွင်းရှိ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ယာယီစခန်းတစ်ခု အိန္ဒိယနိုင်ငံ၏ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းထားသည့် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) က စီးနင်းခဲ့ရာ CDF တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး ဒရုန်းများ၊ လက်နက်ကြီးများ ဆုံးရှုံးခဲ့သည်။[၁၇၉]
စက်တင်ဘာ
- ၃ စက်တင်ဘာ - မြဝတီမြို့ရှိ ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးတပ်ဒရုန်းလေယာဉ်ငယ်ဖြင့် တိုက်ခိုက်ခဲ့ရာ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတစ်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူးတစ်ဦး အပါအဝင် ၅ ဦး သေဆုံးပြီး၊ ဒဏ်ရာပြင်းထန်သူ ၅ ဦး ရှိခဲ့သည်။[၁၈၀]
- ၆ စက်တင်ဘာ - မုံရွာမြို့နယ်တောင်ပိုင်းရှိ ဒေသကာကွယ်ရေးအဖွဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်။[၁၈၁]
- ၈ စက်တင်ဘာ - ပြင်ဦးလွင်-မိုးကုတ်ကားလမ်းဘေး၊ တောင်နီကျေးရွာအနီးရှိ တာဝါတိုင်ကုန်းရှိ စစ်ကောင်စီတပ်များအား ကနောင်စစ်ဆင်ရေးအဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦး နှင့် PDF တစ်ဦး သေဆုံးခဲ့သည်။[၁၇၅]
- ၁၀ စက်တင်ဘာ
- တွန်းဇံမြို့နယ်အတွင်းရှိ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ယာယီစခန်းတစ်ခုကို ဇိုမီးတော်လှန်ရေးတပ်မတော်က ထပ်မံတိုက်ခိုက်ခဲ့ရာ CDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး မောင်းပြန်သေနတ် ၁ လက် ဆုံးရှုံးခဲ့သည်ဟု CDF (တွန်းဇံ) က ဆိုသည်။[၁၇၉]
- မကွေးတိုင်း ရေစကြိုမြို့ဘက်မှ လာသည့် စစ်သင်္ဘောတစ်စီးသည် ချင်းတွင်းမြစ်ကမ်းကျေးရွာများကို ပစ်ခတ်ခဲ့ရာ ဖောင်းကတာကျေးရွာရှိ နေအိမ်နှစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး တစ်ဦးသေဆုံးခဲ့သည်။[၁၈၂]
- ၁၁ စက်တင်ဘာ - မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသော်လည်း အထိအခိုက်မရှိခဲ့ပေ။[၁၈၃]
- ၁၄ စက်တင်ဘာ
- စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာ၊ တံတားဦးကျေးရွာတို့အနီးတွင် ရှိသည့် ကျေးရွာပကဖအဖွဲ့တို့၏ စခန်းများကို အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ကာ မြင်းဆည်ရွာမှ အရပ်သား ၄ ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။[၁၈၄]
- ကြာအင်းဆိပ်ကြီးမြို့နယ် အရှေ့တောင်ဘက် မိုင် ၃၀ ကျော်ခန့်အကွာ ထိုင်း-မြန်မာ နယ်စပ်မျဉ်းအနီးတွင် တည်ရှိသည့် စစ်ကောင်စီ၏ ရေတံလျှောက်စခန်းကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းယူခဲ့ရာ စစ်ကောင်စီဘက်မှ ၁၄ ဦးသေဆုံးခဲ့ပြီး ပူးပေါင်းအဖွဲ့မှ ၁ ဦး သေဆုံးခဲ့သည်။[၁၈၅]
အောက်တိုဘာ
- ၉ အောက်တိုဘာ - စစ်ကောင်စီ တပ်မတော်က ကချင်လွတ်မြောက်ရေးတပ်မတော်၏ မြို့ဖြစ်သော လိုင်ဇာမြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှုကြောင့် မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်းအား ထိမှန်ခဲ့ပြီး ကလေးငယ် ၁၃ ဦးအပါအဝင် အရပ်သား အနည်းဆုံး ၂၉ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။[၁၈၆]
- ၂၇ အောက်တိုဘာ
- ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့ပါဝင်သော ညီနောင်မဟာမိတ်သုံးဖွဲ့ က ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့သည်။ မဟာမိတ်အဖွဲ့များက ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့များတွင် စစ်ကောင်စီစခန်းများကို တိုက်ခိုက်ခဲ့ပြီး[၁၈၇] စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်လည်း တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်ခဲ့သည်။[၁၈၈]
- KNLA နှင့် ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့များက ကော့ကရိတ်မြို့တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။[၁၈၉]
- ၃၀ အောက်တိုဘာ
- ၁၀၂၇ စစ်ဆင်ရေး: နောင်ချိုမြို့နှင့် ဂုတ်တွင်းတံတားကို မဟာမိတ်တပ်များ စီးနင်းထိန်းချုပ်ခဲ့သည်။[၁၉၀]
- ၁၀၂၇ စစ်ဆင်ရေး: ကွမ်းလုံမြို့တွင် စစ်ကောင်စီမှ ခလရ ၁၄၃ တပ်ရင်းက လက်နက်ချခဲ့သည်။[၁၉၁]
နိုဝင်ဘာ

- ၁ နိုဝင်ဘာ -
- ၁၀၂၇ စစ်ဆင်ရေး: စစ်ကောင်စ်ီက နောင်ချိုမြို့သို့ စစ်ကူယာဉ်တန်းပို့ဆောင်ခဲ့ရာ မဟာမိတ်အဖွဲ့များနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြာ သံချပ်ကာကားတစ်စင်း ပေါက်ကွဲပျက်စီးခဲ့သည်။[၁၉၂]
- ၁၀၂၇ စစ်ဆင်ရေး: ချင်းရွှေဟော်မြို့၊ ပန်ဆန်းမြို့ နှင့် သိန္နီမြို့များကို မဟာမိတ်အဖွဲ့များ သိမ်းပိုက်ခဲ့သည်။[၁၉၃][၁၉၄]
- ၃ နိုဝင်ဘာ - ၁၀၂၇ စစ်ဆင်ရေး: နမ့်ခမ်းမြို့အနီး ရွှေလီကြိုးတံတားကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။[၁၉၅]
- ၆ နိုဝင်ဘာ -
- ၁၀၂၇ စစ်ဆင်ရေး: ခရိုင်မြို့ဖြစ်သော ကောလင်းမြို့ကို အေအေ၊ ကေအိုင်အေနှင့် ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့သည်။[၁၉၆]
- ၁၀၂၇ စစ်ဆင်ရေး: နမ့်ခမ်းမြို့တစ်မြို့လုံးနီးပါးကို တီအန်လယ်အေက ထိန်းချုပ်နိုင်ခဲ့သည်။[၁၉၇]
- ၇ နိုဝင်ဘာ -
- ၁၁၀၇ စစ်ဆင်ရေး ကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက စတင်ခဲ့ကာ မယ်စဲ့မြို့နယ်ရှိ နယ်ခြားစောင့်စခန်းများကို သိမ်းပိုက်ခဲ့သည်။[၁၉၈][၁၉၉]
- ၁၀၂၇ စစ်ဆင်ရေး: စစ်ကိုင်းတိုင်းဒေသကြီး အနောက်ခြမ်း တမူးမြို့နယ်ရှိ ခမ်းပါတ်မြို့ကို ပီဒီအက်ဖ်အဖွဲ့များက သိမ်းပိုက်ခဲ့သည်။[၂၀၀]
- ၁၀၂၇ စစ်ဆင်ရေး: ကွမ်းလုံမြို့နယ် မုံးကိုးတိုက်ပွဲတွင် တပ်မ ၉၉ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်လွင် သေဆုံးခဲ့သည်။[၂၀၁]
- ၁၀၂၇ စစ်ဆင်ရေး: MNDAA က ကွမ်းလုံနှင့် မုံးကိုးမြို့များကို ထိန်းချုပ်နိုင်ခဲ့သည်။[၂၀၂][၂၀၃]
- ၈ နိုဝင်ဘာ - ၁၀၂၇ စစ်ဆင်ရေး: TNLA နှင့် MDY-PDF တို့ ဂုတ်ထိပ်တံတားအနီး စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့သည်။[၂၀၄]
- ၁၁ နိုဝင်ဘာ -
- ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့အား သိမ်းပိုက်နိုင်ရန် ၁၁၁၁ စစ်ဆင်ရေး ကို KNDF, KA နှင့် မဟာမိတ်အဖွဲ့များ စတင်ခဲ့သည်။[၂၀၅]
- ၁၁၁၁ စစ်ဆင်ရေး - တပ်မတော် (လေ)၏ တိုက်ခိုက်ရေးဂျက်လေယာဉ်တစ်စင်း ကယားပြည်နယ်တွင် ပျက်ကျခဲ့သည်။ KNDF က ပစ်ချခဲ့သည်ဟုဆိုသော်လည်း စက်ချို့ယွင်းမှုကြောင့် ပျက်ကျသည်ဟု တပ်မတော်က ဆိုသည်။[၂၀၆]
- ၁၂ နိုဝင်ဘာ - ၁၀၂၇ စစ်ဆင်ရေး: TNLA က သီပေါမြို့အနီးရှိ ကျင်သီတံတားဂိတ်စခန်းကို သိမ်းပိုက်ခဲ့သည်။[၂၀၇]
- ၁၃ နိုဝင်ဘာ - ရသေ့တောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်းနှစ်ခုကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်ခဲ့သည်။[၂၀၈]
- ၁၅ နိုဝင်ဘာ -
- ၁၀၂၇ စစ်ဆင်ရေး: ရှမ်းပြည်နယ်တွင် မိသားစုဝင်များအပါအဝင် စစ်ကောင်စီတပ်ရင်းတစ်ခုလုံး အလင်းဝင်လက်နက်ချခဲ့သည်။[၂၀၉]
- ၁၁၁၁ စစ်ဆင်ရေး: KNDF က လွိုင်ကော်တက္ကသိုလ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၁၀ ကျော်သေဆုံးခဲ့သည်။[၂၁၀]
- ၁၆ နိုဝင်ဘာ -
- စစ်တွေမြို့နှင့် မဝေးသော ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော်က ထိန်းချုပ်လိုက်သည်။ စစ်ကောင်စီက ရေတပ်နှင့် လေတပ်အသုံးပြု၍ ပစ်ခတ်မှုမျာ ပြုလုပ်ခဲ့ရာ အရပ်သားနေအိမ်များ ထိမှန်ခဲ့သည်။[၂၁၁]
- ၁၀၂၇ စစ်ဆင်ရေး: အွန်လိုင်းရာဇဝတ်မှုခေါင်းဆောင် မြီရှောက်ချန်းနှင့် မိသားစုအာ စစ်ကောင်စီက ဖမ်းဆီးကာ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။[၂၁၂][၂၁၃]
- ၂၁ နိုဝင်ဘာ - ချင်းပြည်နယ် တီးတိန်မြို့၊ ကနေဒီတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ PDF – Zoland က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။[၂၁၄]
- ၂၄ နိုဝင်ဘာ - ရန်ကုန်မြို့တွင် ညအချိန် သံချပ်ကာကားများ လှည့်လည်နေခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ ညဉ့်မနက်မီ စောစီးစွာပိတ်သိမ်းကြသည်။[၂၁၅][၂၁၆]
- ၂၅ နိုဝင်ဘာ - ချင်းအမျိုးသားတပ်မတော်က မတူပီမြို့နယ်ရှိ လိုင်လင်းပီမြို့ကို သိမ်းပိုက်ခဲ့သည်။[၂၁၇]
- ၂၈ နိုဝင်ဘာ -
- ၂၉ နိုဝင်ဘာ -
- CDF နှင့် CNA တို့က မတူပီမြို့နယ်ရှိ ရေဇွာမြို့ကို သိမ်းပိုက်ခဲ့သည်။[၂၂၁]
- သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီတို့အကြား အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။[၂၂၂]
ဒီဇင်ဘာ
- ၁ ဒီဇင်ဘာ - လောက်ကိုင်တိုက်ပွဲ: လောက်ကိုင်မြို့အရှေ့တောင်ပိုင်းကို MNDAA က စတင်ထိုးစစ်ဆင်သည်။ အရပ်သားများစွာ မြို့အတွင်း ပိတ်မိနေကာ ရန်ကုန်မြို့ရှိ တရုတ်သံရုံးက တရုတ်နိုင်ငံသားများ မြို့အတွင်းမှ ထွက်ခွာကြရန် ဆော်ဩသည်။[၂၂၃]
- ၃ ဒီဇင်ဘာ - လောက်ကိုင်တိုက်ပွဲ: လောက်ကိုင်မြို့တောင်ဘက်ရှိ ဘုရားလေးဆူကုန်းရှိ စစ်ကောင်စီစခန်းကို MNDAA က တိုက်ခိုက်သည်။ တိုက်ပွဲမှာ ရှစ်နာရီခန့် ကြာမြင့်ခဲ့သည်။[၂၂၄]
- ၄ ဒီဇင်ဘာ -
- ၅ ဒီဇင်ဘာ - ပလက်ဝမြို့နယ်ရှိ တရွန်အိုင် ဗျူဟာစခန်းကုန်းအား ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့သည်။[၂၂၆]
- ၆ ဒီဇင်ဘာ - လောက်ကိုင်တိုက်ပွဲ: ဘုရားလေးဆူကုန်းအား MNDAA က သိမ်းပိုက်ခဲ့ရာ လောက်ကိုင်မြို့ တောင်ပိုင်းကို ထိန်းချုပ်နိုင်ခဲ့သည်။[၂၂၇]
- ၇ ဒီဇင်ဘာ - အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူးဗိုလ်မှူးချုပ် အောင်ဇော်လင်းကို အသေရမိခဲ့သည်ဟု ကိုးကန့်မီဒီယာများက ဖော်ပြခဲ့သော်လည်း သေဆုံးမှုအား အတည်မပြုနိုင်ခဲ့ပေ။[၂၂၈][ပိုမိုယုံကြည်စိတ်ချရသည့် ရင်းမြစ် လိုအပ်သည်]
- ၁၁ ဒီဇင်ဘာ - ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် တပ်မတော်တို့အကြား ဆွေးနွေးပွဲကို တရုတ်နိုင်ငံက လက်ခံကျင်းပခဲ့ရာ 'အပြုသဘောဆောင်သော ရလဒ်များ' ရရှိခဲ့သည်ဟု ဆိုသည်။[၂၂၉]
- ၁၃ ဒီဇင်ဘာ - တရုတ်ဦးဆောင်သော ဆွေးနွေးပွဲမှာ "၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်" ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုခဲ့ကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကြေညာခဲ့သည်။[၂၃၀]
- ၁၅ ဒီဇင်ဘာ - ၁၀၂၇ စစ်ဆင်ရေး: နမ့်ဆန်မြို့အား TNLA က သိမ်းပိုက်ရရှိသည်။[၂၃၁]
- ၁၈ ဒီဇင်ဘာ - လောက်ကိုင်မြို့ မြောက်ဘက်ဝင်ပေါက်အနီးရှိ ထန်ပါကျိုင်းရွာရှိ MNDAA အပေါ် တပ်မတော်က လေကြောင်းမှ သုံးကြိမ် တိုက်ခိုက်ခဲ့သည်။[၂၃၂]
- ၁၉ ဒီဇင်ဘာ - လောက်ကိုင်တိုက်ပွဲ: တရုတ်-မြန်မာနယ်စပ်ဝင်ပေါက် ရန်လုံးကြိုင်နယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်ရရှိသည်။[၂၃၃]
- ၂၂ ဒီဇင်ဘာ - ၁၀၂၇ စစ်ဆင်ရေး: မန်တုံမြို့ကို TNLA က သိမ်းပိုက်ရရှိပြီးနောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် TNLA ၏ အလုံးစုံထိန်းချုပ်မှုအောက် ရောက်ရှိသည်။[၂၃၄]
- ၂၅ ဒီဇင်ဘာ - လောက်ကိုင်တိုက်ပွဲ: လောက်ကိုင်မြို့ပေါ်သို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၈ ဦးသေဆုံးကာ ၂၄ ဦး ဒဏ်ရာရရှိသည်။[၂၃၅]
- ၂၆ ဒီဇင်ဘာ - လောက်ကိုင်တိုက်ပွဲ: စုစုပေါင်း လူဦးရေ ၉၀ ပါဝင်သော တပ်မတော်၏ အမှတ် ၅၅ ခြေမြန်တပ်ရင်းနှင့် ဒေသခံ နယ်ခြားစောင့်တပ်မှူး ပယ်ဆောက်ချိန်တို့အပါဝင် နယ်ခြားစောင့်တပ် MNDAA ထံတွင် လက်နက်ချသည်။ လက်နက်ချပြီးနောက် MNDAA က မြို့အား ကင်းလှည့်လည်သည်။[၂၃၆]
- ၂၇ ဒီဇင်ဘာ - ပဲခူးတိုင်းဒေသကြီးရှိ နတ်သံကွင်းမြို့အား KNLA ဦးဆောင်သောအဖွဲ့မှ သိမ်းပိုက်သည်။[၂၃၇]
- ၂၉ ဒီဇင်ဘာ - စစ်ကောင်စီတပ်သား ၁၅၁ ဦး အိန္ဒိယနိုင်ငံ မီဇီုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။[၂၃၈]
Remove ads
၂၀၂၄
ဇန်နဝါရီ
- ၄ ဇန်နဝါရီ - လောက်ကိုင်တိုက်ပွဲ: လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှုဌာနချုပ်သည် လက်နက်ချခဲ့ရာ လက်နက်ခဲယမ်း အများအပြားကို MNDAA က သိမ်းပိုက်ရရှိသည်။ စစ်ကောင်စီတပ်သားနှင့် မိသားစုဝင်များ လားရှိုးမြို့သို့ ထွက်ခွာသည်။[၂၃၉]
- ၅ ဇန်နဝါရီ - လောက်ကိုင်တိုက်ပွဲပြီးဆုံးကာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လောက်ကိုင်မြို့အား MNDAA က အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။[၂၄၀] စစ်ကောင်စီတပ်သား ၂၃၈၉ ဦးနှင့် မိသားစုဝင် ၁၆၀၀ ဦး လက်နက်ချသည်ဟု MNDAA က ထုတ်ပြန်သည်။ မိသားစုဝင်များ၏ အသက်အန္တရာယ်လုံခြုံရေးအတွက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။[၂၄၁]
- ၈ ဇန်နဝါရီ - ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင်စစ်စခန်းကို ရက္ခိုင့်တပ်တော်က သိမ်းယူသည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ခန့် လက်နက်ချသည်။[၂၄၂]
- ၉ ဇန်နဝါရီ - အင်ဒို-မြန်မာ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတွင် ဗျူဟာကျသော မြို့တစ်မြို့ဖြစ်သည့် ပလက်ဝမြို့ကို သိမ်းပိုက်နိုင်ရန် ရည်ရွယ်သော ပလက်ဝမြို့နယ်တွင်း တိုက်ပွဲများတွင် ရက္ခိုင့်တပ်တော် ပါဝင်ခဲ့သည်။[၂၄၂]
- ၁၂ ဇန်နဝါရီ - ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့အကြား အပစ်အခတ်ရပ်စဲရေးတွင် ကြားဝင်စေ့စပ်ခဲ့ကြောင်း တရုတ်နိုင်ငံက ကြေညာသည်။[၂၄၃]
- ၁၃ ဇန်နဝါရီ - လားရှိုးမြို့နယ်နှင့် ကျောက်မဲမြို့နယ်များအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့သည်ဟု TNLA က ဆိုသည်။[၂၄၄]
- ၁၅ ဇန်နဝါရီ - ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ခဲ့သော တိုက်ပွဲများဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့သည်။[၂၄၅]
- ၁၈ ဇန်နဝါရီ - ရက္ခိုင့်တပ်တော်နှင့် ဖြစ်ပွားသော တိုက်ပွဲများဖြင့် စစ်ကောင်စီတပ်သား ၂၇၆ ဦးသည် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးကာ လက်နက်ချခဲ့သည်။[၂၄၆]
- ၂၀ ဇန်နဝါရီ -
- စစ်ကောင်စီတပ်သား ၆၀၀ ကျော်သည် နယ်စပ်ဖြတ်ကျော်က အိန္ဒိယစစ်တပ်ထံ ခိုလှုံမှုများနှင့် စစ်ဘေးရှောင်များ ဝင်ရောက်ခြင်းကြောင့် မြန်မာနှင့် အိန္ဒိယနယ်စပ် ၁,၆၄၃ ကီလိုမီတာအား ခြံစည်းရိုးကာရန် အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့သည်။[၂၄၇]
- တပ်မတော်နှင့် ပအိုဝ်းအမျိုးသားတပ်မတော်တို့သည် ဟိုပုံးမြို့နယ်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။[၂၄၈]
- ၂၄ ဇန်နဝါရီ -
- ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့သည် ပအိုဝ်းအမျိုးသားတပ်မတော်နှင့် တပ်မတော်တို့ ထိန်းချုပ်ထားသော ဆီဆိုင်မြို့ကို တိုက်ခိုက်ခဲ့သည်။ တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် တုံ့ပြန်ခဲ့သည်။[၂၄၉]
- ရေးမြို့နယ်တွင် စစ်ကောင်စီနှင့် နီးစပ်သော မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ပိုင် ကားတစ်စီးကို ပီဒီအက်ဖ်များက တိုက်ခိုက်ခဲ့ရာ မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး လက်နက်နှင့် ဗုံးပစ်လောင်ချာတို့ သိမ်းဆည်းရရှိခဲ့သည်။[၂၅၀]
- ၂၅ ဇန်နဝါရီ - စစ်ကောင်စီတပ်များနှင့် အပြင်းအထန်တိုက်ခိုက်ပြီးနောက် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော်က ထိန်းချုပ်ခဲ့သည်။ မြို့ပေါ်ရှိ အဆောက်အုံအများအပြား ပျက်စီးခဲ့သည်။[၂၅၁]
- ၂၆ ဇန်နဝါရီ - ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့အား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် က ထိန်းချုပ်ခဲ့သည်။[၂၅၂]
- ၂၉ ဇန်နဝါရီ -
- KNLA နှင့် PDF တပ်ဖွဲ့များက တပ်မတော်၏ ရဟတ်ယာဉ်တစ်စင်းအား စက်သေနတ်များ၊ စနိုက်ပါနှင့် ဒုံးပစ်လက်နက်တို့ဖြင့် ပစ်ချနိုင်ခဲ့သည်။ ဗိုလ်မှူးချုပ်အေးမင်းနောင်၊ ဗိုလ်မှူးစိုးလွင်ထွန်း၊ ဗိုလ်မှူး တိုးဦးနှင့် အခြားနှစ်ဦးတို့ သေဆုံးခဲ့သည်။[၂၅၃][၂၅၄]
- မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၃၈၀ ခြေမြန်တပ်ရင်းဌာနချုပ်အား ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့သည်။[၂၅၅]
ဖေဖော်ဝါရီ
- ၁ ဖေဖော်ဝါရီ - ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ အမှတ် ၅၄၀ ခြေမြန်တပ်ရင်းအား ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့သည်။[၂၅၆]
- ၅ ဖေဖော်ဝါရီ - ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆီအီရွာရှိ စာသင်ကျောင်းအား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် အနည်းဆုံး လေးဦး သေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့သည်။[၂၅၇]
- ၆ ဖေဖော်ဝါရီ - ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းအဖွဲ့သည် ဖားကန့်နှင့် မံစီမြို့နယ်များရှိ စစ်ကောင်စီ စစ်စခန်းနှစ်ခုကို သိမ်းပိုက်ခဲ့သည်။[၂၅၈]
- ၇ ဖေဖော်ဝါရီ -
- မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် လက်ကျန်နှစ်ခုအား သိမ်းပိုက်ပြီးနောက် မင်းပြားမြို့နယ်အား ရက္ခိုင့်တပ်တော်က ထိန်းချုပ်လိုက်သည်။[၂၅၉]
- မြောက်ဦးနှင့် ရမ်းဗြဲမြို့နယ်များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကာ ကျောက်တော်မြို့အား ရက္ခိုင့်တပ်တော်က ထိန်းချုပ်လိုက်သည်။[၂၆၀]
- ၁၀ ဖေဖော်ဝါရီ -
- အသက် ၁၈ နှစ်မှ ၃၅ နှစ်အကြား အမျိုးသားနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီး အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အာဏာတည်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။[၂၆၁]
- ရက္ခိုင့်တပ်တော်က မြောက်ဦးမြို့အား သိမ်းပိုက်လို်က်ကာ တပ်မတော်၏ ကမ်းတက်ရေယာဉ်သုံးစင်းကို နှစ်မြှုပ်ခဲ့သည်။
- ၁၁ ဖေဖော်ဝါရီ - ရခိုင်ပြည်နယ်ရှိ မြို့သုံးမြို့ သိမ်းပိုက်ခံရခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကူးတံတားဖြစ်သော ကစ္ဆပနဒီတံတားကို စစ်ကောင်စီက ဖောက်ခွဲမှု ပြုလုပ်ခဲ့သည်။ ယင်းနေ့အစောပိုင်းတွင်လည်း စစ်တွေမြို့အဝင်ရှိ မီးချောင်းတံတားကိုလည်း ဖျက်ဆီးခဲ့သည်။[၂၆၂]
- ၁၃ ဖေဖော်ဝါရီ - အမျိုးသားညီညွတ်ရေးအစိုးရက ထိန်းချုပ်ထားသော ကောလင်းမြို့ကို စစ်ကောင်စီတပ်များက ပြန်လည်သိမ်းပိုက်ခဲ့သည်။[၂၆၃]
- ၁၄ ဖေဖော်ဝါရီ -
- အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသော မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ယင်း၏ နိုင်ငံရေးပါတီ မွန်ပြည်သစ်ပါတီ မှ "မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)" အမည်ဖြင့် ခွဲထွက်ကာ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီအား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။[၂၆၄][၂၆၅]
- ကရင်နီ တပ်မတော်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့သည် ရှားတောမြို့ကို သိမ်းပိုက်ခဲ့ကာ ကယားပြည်နယ်အတွင်း ကရင်နီအဖွဲ့များက ထိန်းချုပ်နိုင်သော ဒုတိယမြောက်မြို့ ဖြစ်လာခဲ့သည်။[၂၆၆]
- ၁၅ ဖေဖော်ဝါရီ - စစ်ကောင်စီတပ်များ စွန့်ခွာသွားပြီးနောက် မြေပုံမြို့အား ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့သည်။[၂၆၇]
- ဖေဖော်ဝါရီ ၁၈-၁၉ : ဘူးသီးတောင်မြို့နယ်ရှိ ရွာလေးရွာမှ ရိုဟင်ဂျာ ၁၀၀ ခန့်ကို နိုင်ငံသားအဖြစ် လျှောက်ထားသော်လည်း စစ်အစိုးရက စစ်မှုထမ်းစေခဲ့သည်။ ၎င်းတို့အား မှတ်ပုံတင်ကတ်များ၊ ဆန်တစ်အိတ်နှင့် လစဉ် လစာ ၄၁ ဒေါ်လာ ပေးမည်ဟု စစ်အစိုးရက ကတိပြုထားသော်လည်း ၎င်းတို့သည် ၁၄ ရက်ကြာ အခြေခံသင်တန်းကို တက်ရောက်ခဲ့ရသည်။ ရှောင်တိမ်းနေသော ရိုဟင်ဂျာ အများအပြားသည် ARSA သို့မဟုတ် RSO ကို ကျော်ပြီး ရက္ခိုင့်တပ်မတော်သို့ ဝင်ရောက်ရန် ကြိုးပမ်းကြသည်။[၂၆၈] [၂၆၉] တချိန်တည်းတွင် အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြား အမျိုးသားများကို ပြည်သူ့စစ်များအဖြစ် မဝင်ရောက်ပါက နိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းမည်ဟု စစ်အစိုးရ တာဝန်ရှိသူများက ကျောက်ဖြူမြို့ရှိ ကမန်စစ်ဘေးရှောင်များကို ခြိမ်းခြောက်ခဲ့သည်။[၂၇၀]
- ၂၀ ဖေဖော်ဝါရီ:
- KIA တပ်ဖွဲ့များသည် ၄ ရက်ကြာ တိုက်ခိုက်ပြီးနောက် Jehkam စစ်အခြေစိုက်စခန်းအား သိမ်းပိုက်နိုင်ခဲ့သည်။
- ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နှင့် ၎င်း၏ လက်နက်ကိုင် တပ်ဖွဲ့များသည် စစ်အစိုးရ ဆန့်ကျင်ရေး အင်အားစုများနှင့် ပူးပေါင်းမည်ဟု ကြေညာခဲ့သည်။[၂၇၁]
- ၂၂ ဖေဖော်ဝါရီ:
- ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် KIA နှင့် ABSDF မှ သိမ်းပိုက်ခံထားရသော မော်လူးမြို့ကို ပြန်လည်သိမ်းပိုက်ရန်အတွက် စစ်အစိုးရတပ်များက ထိုးစစ်ဆင်ခဲ့သည်။[၂၇၂]
- အစိုးရ/PNA တပ်ဖွဲ့ဝင်များသည် PNLA တပ်ဖွဲ့များကို တိုက်ခိုက်ပြီးနောက် ဟိုပန်မြို့အရှေ့ဘက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ နာရီများစွာကြာပြီးနောက် စစ်အစိုးရတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရသည်။[၂၇၃]
- ၂၃ ဖေဖော်ဝါရီ: SSPP နှင့် မဟာမိတ်တပ်များသည် ဟိုပန်နှင့် မိုင်းပွန်ကြားရှိ စစ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့သည်။[၂၇၄]
- ၂၆ ဖေဖော်ဝါရီ: ရမ်းဗြဲမြို့နယ်တွင် AA နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး သုံးရက်အတွင်း စစ်ကောင်စီတပ်သား ၈၀ ကျော် သေဆုံးခဲ့သည်။[၂၇၅]
- ၂၇ ဖေဖော်ဝါရီ: ကောလင်းမြို့၏ နေရာအတော်များများကို စစ်ကောင်စီတပ်များက ဖျက်ဆီးခဲ့သည်။[၂၇၆]
- ၂၈ ဖေဖော်ဝါရီ: မင်းပြားမြို့နယ်တွင် နောက်ဆုံးကျန်ရှိသော စစ်ကောင်စီအခြေစိုက်စခန်းကို အေအေက သိမ်းပိုက်ခဲ့ပြီးနောက် မင်းပြားမြို့နယ်အား ထိန်းချုပ်နိုင်ခဲ့သည်။[၂၇၇]
- ၂၉ ဖေဖော်ဝါရီ: ကုလားတန်လမ်းဖောက်လုပ်ရေးအတွက် အေအေ အဖွဲ့ဝင်များနှင့် အိန္ဒိယနိုင်ငံ လွှတ်တော်ကိုယ်စားလှယ် K. Vanlalvena တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။[၂၇၈]
မတ်
- ၂ မတ်: မုဒုံမြို့နယ်ရှိ ကမာဝက်နှင့် ကော့ပိထောရှိ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်သုံးဦးအား မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AMD) မှ ဖမ်းဆီးခဲ့သည်။[၂၇၉]
- ၄-၅ မတ်: NMSP-AMD ၏ လုပ်ဆောင်မှုများအား တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီသည် မုဒုံနှင့် ကမာဝက်မြို့များတွင် စစ်အင်အား ၁၆၀ ကို တိုးမြှင့်ချထားခဲ့သည်။
- ၅ မတ်: TNLA သိမ်းပိုက်ထားသော မြို့နယ်များဖြစ်သည့် မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် နမ္မတူမြို့နယ်များကို တပ်မတော်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။[၂၈၀]
- ၇ မတ်: လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသည် အောင်မြေသစ်ရွာအနီးတွင် KIA ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။[၂၈၁]
- ၈ မတ်: ပလက်ဝမြို့နယ်တွင် အရပ်သားအစိုးရဖွဲ့စည်းနိုင်ရေးအတွက် ဒေသခံချင်းခေါင်းဆောင်များနှင့် ဆွေးနွေးလျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။[၂၈၂]
- ၁၁ မတ်: ယခင်အပတ်မှ စတင်သော စစ်ဆင်ရေးတွင် ကချင်ပြည်နယ်ရှိ စစ်ကောင်စီ အခြေစိုက်စခန်းနှင့် ရှေ့တန်းစခန်း ၂၀ ကျော်ကို သိမ်းပို်က်ထားပြီးဖြစ်ကြောင်း ကေအိုင်အေက ကြေညာခဲ့သည်။[၂၈၃]
- ၁၂ မတ်:
- ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့သည်။[၂၈၄]
- မောင်တောမြို့နယ်ရှိ အောင်သပြေနယ်စပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ စစ်ကောင်စီတပ်သား ၁၇၉ ဦး ထွက်ပြေးခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ဆိုသည်။[၂၈၅]
- ၁၄ မတ်:
- ချင်းရွှေဟော်နှင့် ကြူကုတ်နယ်စပ်စခန်းများကို MNDAAA က ပြန်လည်ဖွင့်လှစ်ခဲ့သည်။[၂၈၆]
- ကရင်နီတပ်များက ဖားဆောင်းမြို့ကို သိမ်းပိုက်ခဲ့သည်။[၂၈၇]
- ကလေးမြို့ရှိ တော်လှန်ရေးအဖွဲ့များအား ထိုးစစ်ဆင်သည့်အနေဖြင့် စစ်ကောင်စီတပ်များက စခန်းနှင့် ကမ်းပါးနီရွာများကို ထိုးစစ်ဆင်ခဲ့ပြီး ကမ်းပါးနီရွာကို သိမ်းပိုက်ခဲ့သည်။[၂၈၈]
- ၁၅ မတ်: ဗန်းမော်ခရိုင်ရှိ အမှတ် ၂၃၇ ခြေလျင်တပ်ရင်း ဌာနချုပ်ကို ကေအိုင်အေက သိမ်းပိုက်ခဲ့သည်။[၂၈၉]
- ၁၇ မတ်: ရသေ့တောင်မြို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ကာ စစ်တွေမြို့အား ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဖြတ်တောက်ထားနိုင်ခဲ့သည်။[၂၉၀]
- ၁၉ မတ်: ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူစုဆောင်းရခြင်းအတွက် သံတွဲမြို့နယ်ရှိ အုပ်ချုပ်ရေးမှူး ၂၁ ဦး နုတ်ထွက်ခဲ့သည်။[၂၉၁]
- ၂၂ မတ်
- လိုင်ဇာမြို့ဝန်းကျင်ရှိ ရှေ့တန်းစခန်းများအားလုံး၊ မြို့နယ် ၅ မြို့နယ်ရှိ တပ်ရင်းဌာနချုပ်များနှင့် ပါဂျောင်အနီးရှိ စခန်းများအပါအဝင် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီ၏ စစ်စခန်း ၅၀ ကျော်နှင့် ဗျူဟာကုန်း ၁၃ ခုအား ကေအိုင်အေက သိမ်းပိုက်နိုင်ခဲ့သည်။[၂၉၂]
- မွန်ပြည်တော်လှန်ရေးတပ်သည် အခြားသော မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ မလွှဲတောင်နှင့် ကလိန်အောင်အကြား လမ်းတလျောက်တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။[၂၉၃]
- ၂၄ မတ်: အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်တွင် ရက္ခိုင့်တပ်တော်က ထိုးစစ်စတင်ခဲ့သည်။ တဆက်တည်းမှာပင် မကွေးတိုင်း၊ ငဖဲမြို့နယ်တွင်လည်း တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။[၂၉၄]
- ၂၅ မတ် : မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) သည် မွန်အမျိုးသားတပ်မတော်အပါအဝင် မဟာမိတ်များဖြင့် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရဲစခန်းကို သိမ်းပိုက်ခဲ့သည်။[၂၉၅] စစ်ကောင်စီက ကော့ဘိန်းနှင့် အနီးတဝိုက်အား လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်။[၂၉၆]
- ၂၇ မတ်: အမ်းမြို့နယ်ရှိ ဂဲလောင်နှင့် လုံးကောက်ရွာအနီးရှိ စစ်စခန်းများကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့သည်။[၂၉၇]
- ၂၈ မတ်:
- မတ်လ ၂၀ ရက်နေ့မှ စတင်ခဲ့သော တိုက်ပွဲများဖြင့် ဖာပွန်မြို့အား KNLA က သိမ်းပိုက်ခဲ့သည်။[၂၉၈]
- မိုးမောက်မြို့နယ်ရှိ တရုတ်နယ်စပ်ပေါ်ရှိ လွယ်ဂျယ်မြို့အနီးရှိ စစ်ကောင်စီစခန်း နှစ်ခုကို ကေအိုင်အေက သိမ်းပိုက်ခဲ့သည်။[၂၉၉]
- နွားထိုးကြီး ပီဒီအက်ဖ်နှင့် အခြားတော်လှန်ရေးအဖွဲ့နှစ်ဖွဲ့တို့ပူးပေါင်း၍ နွားထိုးကြီးမြို့ အရှေ့ဘက်ရှိ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။[၂၉၉]
- ၂၉ မတ် : နွားထိုးကြီးမြို့ ရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးတွင် အခြေချထားသော စစ်ကောင်စီတပ်များအား နွားထိုးကြီး ပီဒီအက်ဖ်နှင့် အခြားတော်လှန်ရေးအဖွဲ့နှစ်ဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့သည်။[၂၉၉]
- ၃၁ မတ် : ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ကူများအား KNLA နှင့် ဘထူးတပ်ဖွဲ့တို့က အလစ်တိုက်ခိုက်ခဲ့သည်။[၃၀၀]
ဧပြီ
- ၁ ဧပြီ - ဗန်းမော်-လွယ်ဂျယ်လမ်းအား ကေအိုင်အေက အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။[၃၀၁]
- ၄ ဧပြီ - နေပြည်တော် အေလာလေတပ်စခန်း၊ တပ်မတော်စစ်ရုံးနှင့် မင်းအောင်လှိုင်၏နေအိမ်များသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က အသေခံဒရုံးများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဒရုံး ၃၀ ခန့်အသုံးပြုခဲ့ပြီး စစ်ကောင်စီက ၇ စင်းအား ပစ်ချနိုင်ခဲ့သည်ဟု ဆိုသည်။[၃၀၂][၃၀၃]
- ၅ ဧပြီ - မြဝတီရှိ စစ်ကောင်စီမြို့စောင့်တပ်သည် KNLA ထံတွင် လက်နက်ချခဲ့သည်။[၃၀၄]
- ၇ ဧပြီ - မြဝတီမြို့သိမ်းတိုက်ပွဲအတွင်း မြို့ပေါ်ရှိအစိုးရဝန်ထမ်းအချို့မှာ ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသည်။ ဝန်ထမ်းများနှင့် အခြားစစ်ပွဲရှောင်များအား သယ်ဆောင်ရန် မဲဆောက်မြို့သို့ လေယာဉ်ဆင်းသက်ရန် စစ်ကောင်စီက ထိုင်းအစိုးရအား တောင်းဆိုခဲ့သည်။[၃၀၅]
- ၈ ဧပြီ - မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒရုံးဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။[၃၀၆]
- ၉ ဧပြီ -
- နံနက်ပိုင်းတွင် မြဝတီမြို့ အရှေ့မြောက်ဘက်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအား KNLA တပ်များက ထိန်းချုပ်ထားခဲ့သည်။[၃၀၇] ယင်းနောက် ခလရ ၂၇၅ ခြေလျင်တပ်အား တိုက်ခိုက်ခဲ့သည်။ ကရင်အမျိုးသားတပ်မတော် (ယခင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့)က မြို့တွင်းတွင် လှည့်လည်ခဲ့သည်။[၃၀၈]
- အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ ဒုတိယအကြိမ်မြောက် ပြည်သူ့ညီလာခံက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။[၃၀၉]
- ၁၀ ဧပြီ - ည ၁၀ နာရီခန့်တွင် ခလရ ၂၇၅ အား KNLA တပ်များက သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀၀ ကျော်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးခဲ့သည်။ ထိုင်းနိုင်ငံက နယ်စပ်တွင် လုံခြုံရေးများ တိုးမြှင့်ချထားခဲ့သည်။[၃၁၀] မြို့အား သိမ်းပိုက်ပြီးနောက် မြဝတီအား ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက အောင်ဇေယျစစ်ဆင်ရေးဖြင့် စစ်ကူများ ပို့ဆောင်ခဲ့သော်လည်း ကျုံဒိုးမြို့အနီးတွင် ရပ်တန့်နေခဲ့သည်။[၃၁၁][၃၁၂]
- ၁၄ ဧပြီ -
- မန္တလေးမြို့ သင်္ကြန်ပွဲကျင်းပနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။[၃၁၃]
- တချိန်တည်းမှာပင် ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးများကို စစ်တက္ကသိုလ်အတွင်းသို့ ပီဒီအက်ဖ်များက မင်းအောင်လှိုင်အား ထိခိုက်စေရန် ပစ်လွှတ်ခဲ့သည်။ ဒုံးအချို့မှာ ပြင်ဦးလွင်ပြည်သူ့ဆေးရုံအား ထိမှန်ခဲ့သည်။[၃၁၄]
- ၁၅ ဧပြီ - ဘူးသီးတောင်မြို့နယ်ရှိ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်နှင့် အာရက္ခတပ်တော်တို့ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ရိုဟင်ဂျာ ၂၅ ဦး သေဆုံးခဲ့သည်။[၃၁၅]
- ၂၄ ဧပြီ - KNLA တပ်များ ဆုတ်ခွာသွားပြီးနောက် မြဝတီမြို့အား စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ခဲ့သည်။[၃၁၆]
- ၂၇ ဧပြီ - ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီစခန်းနှင့် ထောက်ပို့စခန်းအား KNLA က သိမ်းပိုက်ခဲ့သည်။[၃၁၇]
မေ
- ၂ မေ – စစ်မှုထမ်းသက်အတွင်းရှိသော အမျိုးသားများကို နိုင်ငံရပ်ခြားသို့ အလုပ်လုပ်ခွင့်ကို စစ်ကောင်စီက ကန့်သတ်လိုက်သည်။[၃၁၈]
- ၇ မေ – ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။[၃၁၉]
- ၉ မေ – မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်ရှိ အကြည်ပန်းပလွန်းရွာအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့သည်။[၃၂၀][၃၂၁][၃၂၂]
- ၁၁ မေ - စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ထုတ္တောရွာတွင် ရွာသား ၃၂ ဦးအား စစ်ကောင်စီတပ်သားများက သတ်ဖြတ်ခဲ့သည်။[၃၂၃][၃၂၄][၃၂၅]
- ၁၈ မေ - ဘူးသီးတောင်မြို့အား အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။[၃၂၆]
- ၂၀ မေ -
- ကျီခါးမြို့နှင့် တွန်းဇံမြို့များကို ချင်းတော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့သည်။[၃၂၇]
- မွန်ပြည်ကာကွယ်ရေးတပ်နှင့် မွန်ပြည်တော်လှန်ရေးတပ်တို့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ စတင်ခဲ့သည်။[၃၂၈]
ဇွန်
- ၂ ဇွန် - သံတွဲမြို့နယ်၊ ငပလီကမ်းခြေအနီး သံတွဲ-တောင်ကုတ်လမ်းတလျောက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အေအေ က ဂေါ့ရွာကို သိမ်းပိုက်ခဲ့သည်။[၃၂၉]
- ၇ ဇွန် – ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ဆင်ခေါင်းရွာတွင် အာရက္ခတပ်တော်နှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ ရွာသား ၆၀ ကျော်အား စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်။[၃၃၀]
- ၈ ဇွန် - မြန်မာနိုင်ငံတောင်ပိုင်းနှင့် တစ်နိုင်ငံလုံးအား ဆက်သွယ်ပေးထားသည့် အမှတ် ၈ ပြည်ထောင်စု အဝေးပြေးလမ်းအား ပြန်လည်သိမ်းပိုက်နိုင်ရန် တပ်မတော်က ထိုးစစ်စတင်ခဲ့သည်။[၃၃၁]
- ၉ ဇွန် - ပြည်နယ်တွင်းမှ စစ်ကောင်စီအား တွန်းထုတ်နိုင်ရန် ရည်ရွယ်သော ချင်းညီနောင် စစ်ဆင်ရေး အား စတင်ကြောင်း ချင်းတော်လှန်ရေးအဖွဲ့များက ကြေညာခဲ့သည်။ ယင်းနောက် မတူပီမြို့ကို တိုက်ခိုက်ခဲ့သည်။[၃၃၂]
- ၁၁ ဇွန် - ဆဒုံးမြို့အား ကချင်လွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်ခဲ့ရာ ကချင်ပြည်နယ်တွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများအားလုံးအား စစ်ကောင်စီက လက်လွှတ်ခဲ့ရသည်။[၃၃၃]
အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တစ်မိုင်အကွာတွင်ရှိသော စစ်စခန်းအား တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့သည်။[၃၃၄]
- ၁၅ ဇွန် - အာရက္ခတပ်တော်သည် တောင်ကုတ်မြို့အား သိမ်းပိုက်နိုင်ရန် ထိုးစစ်စတင်ခဲ့သည်။[၃၃၅]
- ၁၇ ဇွန် - သိုင်းချောင်းရွာအနီးရှိ ဒွါရဝတီရေတပ်စခန်းကို စစ်ကောင်စီက စွန့်ခွာခဲ့ရာ ကျောက်ဖြူမြို့ပြင်ပတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဖက်မှ ၁၀ ဦး သေဆုံးခဲ့သည်။[၃၃၆]
- ၂၀ ဇွန် - တောင်ကုတ်-ပန်းတောင်းလမ်းပေါ်ရှိ စစ်ကောင်စိစစ်ကြောင်းအား အေအေတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ၆၀ ခန့် သေဆုံးခဲ့သည်။[၃၃၇]
- ၂၃ ဇွန် - သံတွဲလေဆိပ်အား အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။[၃၃၈]
- ၂၄ ဇွန် - အမ်းမြို့နယ်ရှိ တောဟိန်းတောင် စခန်းအား အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။[၃၃၉]
- ၂၆ ဇွန်
- အပစ်အခတ်ရပ်စဲရေးအား ချိုးဖောက်မှုများကြောင့် စစ်ကောင်စီအား ဆန့်ကျင်ရေးအတွက် စစ်ဆင်ရေးများ စတင်မည်ဖြစ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ကြေညာပြီး နောက်တစ်ရက်တွင် နောင်ချိုမြို့အား သိမ်းပိုက်ခဲ့သည်။[၃၄၀]
- သံတွဲမြို့ရှိ လက်ကျန်စစ်ကောင်စီစခန်းနှစ်ခုနှင့် ငပလီကမ်းခြေတို့အား အေအေက စတင်တိုက်ခိုက်ခဲ့သည်။[၃၄၁]
ဇူလိုင်
- ၃ ဇူလိုင် - တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် က ကျောက်မဲမြို့အား သိမ်းပိုက်ခဲ့သည်။[၃၄၂]
- ၇ ဇူလိုင် - အာရက္ခတပ်တော်က သံတွဲလေဆိပ်အား သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀၀ ခန့်သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။[၃၄၃]
- ၉ ဇူလိုင် - ငပလီကမ်းခြေအား အာရက္ခတပ်တော် က သိမ်းပိုက်ခဲ့သည်။[၃၄၄]
- ၁၁ ဇူလိုင် - စစ်ကောင်စီနှင့် သဘောတူညီမှုရယူပြီးနောက် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ကို ထိန်းချုပ်ခဲ့သည်။[၃၄၅]
- ၁၃ ဇူလိုင် - ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့အား ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းက ထိန်းချုပ်ခဲ့သည်။[၃၄၆]
- ၁၅ ဇူလိုင် - သံတွဲထောင်ကို ၂၀၂၄ ဇူလိုင်လ ၁၅ ရက်နေ့တွင် အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပြီး နောက်တစ်ရက်တွင် မြို့ပေါ်ရှိ လက်ကျန် စစ်ကောင်စီစခန်းကို ထပ်မံသိမ်းပိုက်ခဲ့ကာ မြို့အား အလုံးစုံထိန်းချုပ်ခဲ့သည်။[၃၄၇]
- ၁၇ ဇူလိုင် -
- နေပြည်တော်လေဆိပ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သော်လည်း အသေအပျောက် မရှိခဲ့ပေ။[၃၄၈]
- စဉ့်ကူးမြို့အား မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် က သိမ်းပိုက်ခဲ့သည်။[၃၄၉]
- ၂၀ ဇူလိုင် -
- "Operation Rung" စစ်ဆင်ရေးအဖြစ် CDF-ဟားခါး သည် ဟားခါးမြို့မရဲစခန်းကို သိမ်းပိုက်ခဲ့ပြီး ဖမ်းဆီးခံ ၆၂ ဦးအား ပြန်လွှတ်ပေးခဲ့သည်။[၃၅၀]
- ညီနောင်မဟာမိတ်သုံးဖွဲ့သည် အပစ်အခတ်ရပ်စဲရေးကို ဇူလိုင် ၃၁ အထိ သက်တမ်းတိုးခဲ့ရာ တရုတ်၏ ဖိအားများကြောင့်ဖြစ်သည်ဟု သတင်းများက ဖော်ပြခဲ့သည်။[၃၅၁] On the same day, despite the ceasefire, junta reinforcements launched renewed attacks on Kyaukme.[၃၅၂]
- ၂၂ ဇူလိုင် - ထန်တလန်မြို့ရှိ လက်ကျန် စစ်ကောင်စီစခန်းများအား သိမ်းပိုက်ရန်အတွက် ချင်းအမျိုးသားတပ်ဦးနှင့် မဟာမိတ်များက ထိုးစစ်ဆင်ခဲ့ပြီး ထန်တလန်-ဟားခါးလမ်းပေါ်ရှိ စခန်းအများအပြားကို သိမ်းပိုက်ခဲ့သည်။[၃၅၃]
- ၂၅ ဇူလိုင် - မိုးကုတ်မြို့အား တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် က သိမ်းပိုက်ခဲ့သည်။[၃၅၄]
- ၂၇ ဇူလိုင် -
- ချင်းအမျိုးသားတပ်ဦး နှင့် ဇိုမီးတော်လှန်ရေးအဖွဲ့တို့ ငြိမ်းချမ်းရေးအတွက် အိုက်ဇောမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။[၃၅၅]
- ပြင်ပဆက်ဆံရေးရုံးများအား ကာကွယ်ရန်အတွက် ဝ တပ်ဖွဲ့များသည် MNDAA နှင့် စစ်ကောင်စီတို့ထံမှ ခွင့်ပြုချက်ဖြင့် လားရှိုးမြို့တွင်းသို့ ဝင်ရောက်လာခဲ့သည်။[၃၅၆]
- ၃၀ ဇူလိုင် - လားရှိုးမြို့သို့ စစ်ကူလာရောက်သော စစ်ကောင်စီတပ်အား MNDAA တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်သေဆုံးခဲ့သည်။[၃၅၇]
- ၃၁ ဇူလိုင် -
- အင်းလေးကန်အနီး စစ်ကောင်စီစခန်းအား ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များက သိမ်းပိုက်ခဲ့သည်။
- မြို့တွင်းရှိ စစ်ကောင်စီလက်ကျန်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် TNLA တပ်ဖွဲ့များသည် မိုးမိတ်မြို့ကို သိမ်းပိုက်ခဲ့သည်။[၃၅၈]
ဩဂုတ်
စက်တင်ဘာ
- ၄ စက်တင်ဘာ - လွိုင်ကော်မြို့သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရောက်ရှိနေစဉ်အတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးများဖြင့် လုပ်ကြံရန် ကြိုးစားခဲ့သည်။[၃၅၉]
- ၈ နှင့် ၉ စက်တင်ဘာ - ပေါက်တောမြို့နှင့် မောင်တောမြို့ရှိ ဆေးခန်းတစ်လုံး၊ ကုလသမဂ္ဂ အဆောက်အဦးတစ်ခုနှင့် အကျဉ်းစခန်းနှစ်ခုတို့အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု အာရက္ခတပ်တော်က ဆိုသည်။[၃၆၀]
- ၁၀ စက်တင်ဘာ - ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ရန် ရည်ရွယ်သူ ၂၇ ဦးအပါအဝင် စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်းခံရသူ ၂၉ ဦးသည် စစ်ကောင်စီတပ်သားနှစ်ဦးအား သတ်ဖြတ်ခဲ့ပြီး အများစုသည် ကေအန်ယူထိန်းချုပ်နယ်မြေသို့ ထွက်ပြေးခဲ့ပြီး ၂၂ ဦးမှာ ကရင်အမျိုးသားကာကွယ်ရေးတပ်သို့ ဝင်ရောက်ခဲ့သည်။[၃၆၁]
- ၁၂ စက်တင်ဘာ- ဖားကန့်မြို့ပြင် ဆိုင်းတောင်ရှိ ရဲစခန်းအား ကေအိုင်အေ က သိမ်းပိုက်ခဲ့သည်။[၃၆၂]
- ၁၃ စက်တင်ဘာ - သင်တန်းလေ့ကျင့်ခန်းဆင်းနေစဉ်အတွင်း ယာဂီမုန်တိုင်းကြောင့် ရေကြီးမှုအတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့သည်။[၃၆၃]
- ၁၈ စက်တင်ဘာ- အမျိုးသားညီညွတ်ရေးအစိုးရ သို့မဟုတ် တရုတ်နှင့် မြန်မာအစိုးရကို ဆန့်ကျင်သူများနှင့် ပူးပေါင်းမည်မဟုတ်ကြောင်း MNDAA က ကြေညာခဲ့သည်။ မိမိကိုယ်ကို ကာကွယ်ရန်မှလွဲ၍ စစ်ကောင်စီအစိုးရအား တိုက်ခိုက်မည့် စစ်ရေးများအားလုံးကိုလည်း ရပ်တန့်ကြောင်း ထပ်မံကြေညာခဲ့သည်။[၃၆၄]
- ၂၀ စက်တင်ဘာ - မိုင်းပြင်းမြို့နယ်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအခြေစိုက်စခန်းတစ်ခုအား လားဟူပြည်သူ့စစ်အဖွဲ့က တိုက်ခိုက်ခဲ့သည်။[၃၆၅][၃၆၆]
- ၂၆ စက်တင်ဘာ- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များအား လက်နက်စွန့်ကာ ရွေးကောက်ပွဲတွင် ပါဝင်ကြရန် စစ်ကောင်စီက ဖိတ်ခေါ်ခဲ့သည်။[၃၆၇][၃၆၈]
- ၂၉ စက်တင်ဘာ - ချီဖွေမြို့အား ကေအိုင်အေ က သိမ်းပိုက်ခဲ့သည်။[၃၆၉]
အောက်တိုဘာ
- ၁ အောက်တိုဘာ – MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့ကို တပ်မတော် (လေ) က ဗုံးကြဲခဲ့သဖြင့် ၈၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။[၃၇၀]
- ၃ အောက်တိုဘာ - အာဆီယံ၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် NUG တို့သည် ဂျကာတာတွင်ပြုလုပ်မည့် ဒေသတွင်းဆွေးနွေးပွဲတွင် တွေ့ဆုံကြလိမ့်မည်ဟု အင်ဒိုနီးရှားနိုင်ငံက ကြေညာခဲ့သည်။ စစ်ကောင်စီအစိုးရသည် ယင်းဆွေးနွေးပွဲအား တက်ရောက်မည်မဟုတ်ပေ။[၃၇၁] [၃၇၂]
- ၈ အောက်တိုဘာ – စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် နယ်စပ်ရှိ ပင်လည်ဘူးမြို့ကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့သည်။ ဩဂုတ် ၁၅ ရက်နေ့တွင် ပင်လည်ဘူးကို စစ်ဆင်ရေးစတင်ခဲ့ပြီး ရက် ၅၀ ကျော်အကြာတွင် မြို့ကို သိမ်းပိုက်ခဲ့သည်။[၃၇၃]
- ၉ အောက်တိုဘာ – သီပေါမြို့နယ်ရှိ လက်ကျန်စစ်ကောင်စီစခန်းတစ်ခုအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်။[၃၇၄]
- ၁၀ အောက်တိုဘာ – စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင်းရှိ ကျောက်အိုး (မြောက်)ရွာကို စစ်ကောင်စီတပ်များက မီးရှို့ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
- ၁၅ အောက်တိုဘာ –
- သီပေါမြို့နယ်ရှိ ခမရ ၅၀၃ နှင့် ၅၀၄ တို့အား တိုက်ခိုက်ခဲ့စဉ်က ဖမ်းဆီးရမိသော စစ်ကောင်စီမိသားစုဝင် ၁၉၁ ဦးအား လွှတ်ပေးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် က ဆိုသည်။
- ပန်ဝါမြို့အနီးရှိ စစ်ကောင်စီနယ်ခြားစောင့်တပ် (ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော်) တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်ခဲ့သည်။ [၃၇၅]
- ၁၆ အောက်တိုဘာ – သုံးလအကြာတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် သီပေါမြို့ရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီစခန်း အမှတ် ၂၃ ခြေမြန်တပ်ရင်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်ခဲ့သည်။
- ချင်းပြည်နယ်တွင်းရှိ စစ်ကောင်စီဆန့်ကျင်ရေးအဖွဲ့များအား သင်တန်းပေးမည့် ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး ကို ဖွဲ့စည်းခဲ့သည်။[၃၇၆][၃၇၇][၃၇၈]
- ၁၇ အောက်တိုဘာ – မူဆယ်မြို့မှ မိနစ်သုံးဆယ်အကွာရှိ ကျေးရွာတွင် စစ်ကောင်စီနှင့် MNDAA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
- ၂၁ အောက်တိုဘာ – တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့ရှိ နယ်ခြားစောင့်တပ်ဖွဲ့ (ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော်) တပ်ရင်း ၁၀၀၃ ကို ကချင်လွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်ခဲ့သည်။ ကချင်ဒီမိုကရေစီသစ် တပ်မတော်အောက်တွင် တပ်ရင်း ၁၀၀၁ သာ ကျန်ရှိတော့သည်။
- ၂၅ အောက်တိုဘာ –
- တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့ကို အာရက္ခတပ်တော်က ဝိုင်းဝန်းပိတ်ဆို့ထားခဲ့သည်။[၃၇၉]
- ဖလမ်းမြို့အနီးတွင် စစ်ကောင်စီတပ်များနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တို်က်ပွဲ ဖြစ်ပွားခဲ့သည်။[၃၈၀]
- ၂၇ အောက်တိုဘာ – ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ကာလတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်က အညာဒေသတွင် စစ်ဆင်ရေးများ ဖော်ဆောင်မည်ဟု ကြေညာခဲ့သည်။[၃၈၁][၃၈၂]
- ၂၈ အောက်တိုဘာ - လားရှိုးမြို့ရှိ အကျဉ်းထောင်မှ ဖမ်းဆီးခံ စစ်ကောင်စီတပ်သား ၈၀ ကျော် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။[၃၈၃]
- ၂၉ အောက်တိုဘာ – ကရင်နီလက်နက်ကိုင်အဖွဲ့ငယ်များ စုပေါင်းကာ ကယန်းအမျိုးသားတပ်မတော်ကို ဖွဲ့စည်းခဲ့သည်။[၃၈၄][၃၈၅][၃၈၆]
- ၃၁ အောက်တိုဘာ- ကေအိုင်အေနှင့် ပီဒီအက်ဖ်တပ်ဖွဲ့များသည် မြစ်ကြီးနားခရိုင်ရှိ နယ်ခြားစောင့်တပ် တပ်ရင်း ၁၀၀၁ ကို သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီတပ်သားများ တရုတ်နယ်စပ်ဖက်သို့ ထွက်ပြေးသွားခဲ့သည်။[၃၈၇]
နိုဝင်ဘာ
- ၁ နိုဝင်ဘာ - မန္တလေးလားရှိုးလမ်းမကြီးပေါ်ရှိ ရှမ်းမြောက်နှင့် မန္တလေးတိုင်းဒေသကြီးအစပ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသော စစ်ကောင်စီတပ်များအား တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် အခြားအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထားခဲ့သည်။[၃၈၈]
- ၂ နိုဝင်ဘာ - ချီဖွေမြို့နယ်ရှိ ဖီမောမြို့ကို ကေအိုင်အေနှင့် မဟာမိတ်တပ်များက သိမ်းပိုက်ခဲ့သည်။[၃၈၉]
- ၅ နိုဝင်ဘာ - နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံသို့ သွားရောက်မည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လုပ်ကြံရန် ရည်ရွယ်ပျံသန်းလာသည့် ဒရုန်းသုံးစင်းကို တပ်မတော်က လယ်ဝေးမြို့နယ်တွင် ပစ်ချနိုင်ခဲ့သည်။[၃၉၀]
- ၇ နိုဝင်ဘာ - မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့ရှိ ရဲစခန်းကို ဂျိုကာပြောက်ကျားတပ်ဖွဲ့နှင့် ပီဒီအက်ဖ်များက ဝင်ရောက်စီးနင်းခဲ့ရာ ရဲအရာရှိနှစ်ဦး သေဆုံးခဲ့သည်။[၃၉၁]
- ၉ နိုဝင်ဘာ - တပ်မတော်၏ ကျူဆိပ် အခြေစိုက်စခန်းကို KNLA က သိမ်းပိုက်ခဲ့ပြီး ဖာပွန်မြို့သို့ ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ခဲ့သည်။[၃၉၂]
- ၁၃ နိုဝင်ဘာ - တောင်သာမြို့နယ်ရှိ ရဲစခန်းတစ်ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို မန္တလေးတိုင်းဒေသကြီးရှိ ပီဒီအက်ဖ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။[၃၉၃]
- ၁၄ နိုဝင်ဘာ - သရုပ်ဆောင် ရန်အောင်၏ နေအိမ်အား မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ အနည်းငယ် ပျက်စီးမှုများ ရှိခဲ့သည်။ စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ဖျော်ဖြေရေးသမားများအား သတိပေးသည့်အနေဖြင့် ပြုလုပ်ခဲ့သည်ဟု Dark Shadow အဖွဲ့က ဆိုသည်။[၃၉၄]
- ၂၁ နိုဝင်ဘာ - တရုတ်နိုင်ငံ နယ်စပ်ရှိ ကန်ပိုက်တီမြို့ကို ကေအိုင်အေက သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုများ တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးသွားခဲ့သည်။[၃၉၅]
- ၂၄ နိုဝင်ဘာ - ၁၇ ရက်ကြာ တိုက်ခိုက်ပြီးနောက် ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။[၃၉၆]
- ၂၅ နိုဝင်ဘာ - နိုဝင်ဘာ ၂၅ နှင့် ၂၆ ရက်များအတွင်း လွိုင်ကော်မြို့၏ ကျေးရွာဒေသများတွင် ကရင်နီတပ်မတော်နှင့် ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့သည်။[၃၉၇]
- ၂၆ နိုဝင်ဘာ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ လုမ်သဲ (Lumte) ရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ခြောက်ဦး သေဆုံးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၈၀ ခန့်ရှိ လုံသဲမ်ရွာ ကျေးရွာဆေးပေးခန်း၊ ဘုရားကျောင်း အပါအဝင် နေအိမ်ခြောက်လုံးခန့် ပျက်စီးသည်။ [၃၉၈]
ဒီဇင်ဘာ
- ၄ ဒီဇင်ဘာ - ဗန်းမော်နှင့် မန်စီမြို့များရှိ စစ်ကောင်စီတပ်များကို ကေအိုင်အေနှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့အနီးရှိ ခြေလျင်တပ်ရင်း ၄၇ ၏ ရှေ့တန်းစခန်းများကို သိမ်းပိုက်ခဲ့သည်။[၃၉၉]
- ၈ ဒီဇင်ဘာ -
- မောင်တောမြို့ပြင်ရှိ နယ်ခြားစောင့်တပ်ရင်း ၅ ၏ စခန်းကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပြီး မောင်တောမြို့နယ်ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။[၄၀၀]
- ချင်းပြည်နယ်၏ မြို့တော် ဟားခါးနှင့် ထန်တလန်မြို့အကြား သီးမစ်လွင်ပြင်ရှိ စစ်ကောင်စီစခန်းကို ချင်းပြည်ကောင်စီက သိမ်းပိုက်ခဲ့သည်။[၄၀၁]
- တပ်မတော်၏ လက်နက်ကြီးကြောင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။[၄၀၂]
- ၁၀ ဒီဇင်ဘာ - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ချင်းပြည်နယ်မြို့တော် ဟားခါး၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ချွန်ကျုံးရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိသားစုဝင်လေးဦး သေဆုံးခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများက ဖော်ပြသည်။[၄၀၃]
- ၂၁ ဒီဇင်ဘာ - ချင်းညီနောင်အဖွဲ့သည် ကန်ပက်လက်မြို့ကို သိမ်းပိုက်ခဲ့သည်။[၄၀၄]
- ၂၉ ဒီဇင်ဘာ - ဂွမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။[၄၀၅]
Remove ads
၂၀၂၅
ဇန်နဝါရီ
ဖေဖော်ဝါရီ
- ၃ ဖေဖော်ဝါရီ - မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မယ်ပလဲ့ စစ်ကောင်စီစခန်းကို ကေအန်အယ်လ်အေဦးဆောင်သော တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့သည်။[၄၀၆]
- ၄ ဖေဖော်ဝါရီ - ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီစခန်းတစ်ခုကို ကေအိုင်အေက သိမ်းပိုက်ခဲ့သည်။[၄၀၇]
- ၆ ဖေဖော်ဝါရီ - ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီစခန်းတစ်ခုအား ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်သားများစွာ သေဆုံးခဲ့ပြီး အချို့ကို ဖမ်းဆီးရမိခဲ့သည်။[၄၀၈][ပိုမိုယုံကြည်စိတ်ချရသည့် ရင်းမြစ် လိုအပ်သည်]
- ၇ ဖေဖော်ဝါရီ - ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ်ရှိ မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းသော စစ်ကောင်စီတပ်အား ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့သည်။[၄၀၉]
- ၈ ဖေဖော်ဝါရီ - မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ ရေယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က အလစ်တိုက်ခိုက်ခဲ့သည်။[၄၁၀][ပိုမိုယုံကြည်စိတ်ချရသည့် ရင်းမြစ် လိုအပ်သည်]
- ၁၈ ဖေဖော်ဝါရီ - မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ပုဂံ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာရှိ အလိုတော်ပြည့်ဂူဘုရားအနီးတွင် ဆိုင်ကယ်စီးလာသော ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။ ကျန်တစ်ဦးမှာ လွတ်မြောက်သွားခဲ့သည်။ တော်လှန်ရေးအဖွဲ့များက သေနတ်နှစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။[၄၁၁][ပိုမိုယုံကြည်စိတ်ချရသည့် ရင်းမြစ် လိုအပ်သည်]
- ၁၉ ဖေဖော်ဝါရီ - ချင်းပြည်ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် တွေ့ဆုံကာ ချင်းအမျိုးသားကောင်စီအဖြစ် ပူးပေါင်းရန် သဘောတူညီခဲ့ကြသည်။[၄၁၂][၄၁၃]
- ၂၇ ဖေဖော်ဝါရီ - လှိုင်းဘွဲ့မြို့နယ် ထိုင်းနယ်စပ်အနီးရှိ စစ်ကောင်စီရှေ့တန်းစခန်းတစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် မဟာမိတ်အဖွဲ့များက သိမ်းပိုက်ခဲ့သည်။[၄၁၄]
မတ်
- ၁ မတ် - ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်းတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ဆိုသည်။[၄၁၅]
- ၉ မတ် - နွားထိုးကြီးမြို့နယ်တွင် နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်သား ၅၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး ၁၄ ဦးအား ဖမ်းဆီးခဲ့သည်။ တော်လှန်ရေးသမား သုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။[၄၁၆]
- ၁၁ မတ် - TNLA, PDF တပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နောင်ချိုမြို့နယ်ရှိ တောင်ခမ်းကို တပ်မတော်က ပြန်လည်သိမ်းပိုက်ခဲ့သည်။[၄၁၇]
- ၁၇ မတ် - ပဲခူးတိုင်းဒေသကြီး ညောင်ကျိုးရှိ စစ်ကောင်စီစခန်းကို အာရက္ခတပ်တော်နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့သည်။[၄၁၈]
- ၂၆ မတ် - လေးမျက်နှာမြို့နယ်သို့ အေအေက ဝင်ရောက်ကာ ပုသိမ်-မုံရွာလမ်းပိုင်းအဝေးပြေးလမ်းအနီး ကျေးရွာများတွင် စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ရွာအချို့ကို အေအေက ထိန်းချုပ်ခဲ့သည်။[၄၁၉]
- ၂၈ မတ် -
- ပြင်းအား ၇.၇ ရှိ ၂၀၂၅ မြန်မာ ငလျင် လှုပ်ခတ်ခဲ့ခြင်းကြောင့် မန္တလေးမြို့အပါအဝင် နေရာများတွင် ပျက်စီးဆုံးရှုံးကာ အများအပြား သေဆုံးခဲ့သည်။[၄၂၀]
- ရခိုင်ပြည်နယ်သို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိပြီး ပုဏ္ဏားကျွန်းဆေးရုံ၏ အဆောင်အချို့ ပျက်စီးခဲ့သည်။[၄၂၁]
- ၂၉ မတ် -
- ငလျင်လှုပ်အပြီး နောက်တစ်ရက်တွင် KNU ဌာနချုပ်အနီးအပါအဝင် ရှမ်းမြောက်၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။[၄၂၂]
- ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော အဖွဲ့များနှင့် လူသားချင်းစာနာမှု အကူအညီများ ညှိနှိုင်းဆောင်ရွက်ရန်အတွက် ထိုးစစ်များ နှစ်ပတ်ကြာ ရပ်နားထားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့သည်။[၄၂၃]
- ၃၀ မတ် -
ဧပြီ
- ၁ ဧပြီ -
- ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်လကြာ တဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။[၄၂၆]
- စစ်ကောင်စီအား ဆန့်ကျင်တိုက်ခိုက်နေကြသည့် ပီဒီအက်ဖ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စစ်ရေးအရ ဆက်လက်တိုက်ခိုက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြဝတီရုပ်မြင်သံကြားမှတဆင့် ကြေညာခဲ့သည်။[၄၂၇]
- ၂ ဧပြီ -
- တရုတ်နိုင်ငံ ကြက်ခြေနီအဖွဲ့၏ အကူအညီယာဉ်တန်းကို စစ်ကောင်စီက သတိပေးသည့်အနေဖြင့် ပစ်ခတ်ခဲ့သည်။[၄၂၈]
- ဧပြီလ ၂၂ ရက်နေ့အထိ ရက် ၂၀ ကြာ အပစ်အခတ်ရပ်နားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။[၄၂၉]
- မိမိကိုယ်ကို ခုခံကာကွယ်သည်မှလွဲ၍ အပစ်အခတ် ရပ်တန့်သည်ဟု ကေအိုင်အေ က ကြေညာခဲ့သည်။[၄၃၀]
- ပဲခူးတိုင်းဒေသကြီးအစပ်ရှိ တောင်ငူ-ပန်းတနော်ကားလမ်းပေါ်ရှိ ညောင်ကျိုးဗျူဟာစခန်းကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။[၄၃၁]
- ၃ ဧပြီ - ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်ခဲ့သည်။[၄၃၂]
- ၄ ဧပြီ -
- တရုတ်နိုင်ငံ၏ စေ့စပ်မှုဖြင့် လားရှိုးခရိုင်အား MNDAA နှင့် စစ်ကောင်စီတို့ ပူးတွဲအုပ်ချုပ်ရန် သဘောတူညီခဲ့သည်။[၄၃၃]
- ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မောင်တောမြို့နယ်တွင် စစ်ဆင်ရေးတစ်ခု ပြုလုပ်နေစဉ်အတွင်း အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် အဖွဲ့ဝင်တစ်ဦးအား အေအေက သတ်ဖြတ်ခဲ့ပြီး သေနတ်နှစ်လက်နှင့် ကျည်အချို့ သိမ်းဆည်းရမိခဲ့သည်။ မြန်မာနိုင်ငံတွင်းသို့ ARSA စစ်သွေးကြွများ ဘင်္ဂလားဒေ့ရှ်မှတဆင့် ဝင်ရောက်လာခဲ့ကြသည်။[၄၃၄]
- ၇ ဧပြီ -
- နောက်ဆုံးလက်ကျန်စစ်စခန်းဖြစ်သော ခလရ ၂၆၈ကို သိမ်းပိုက်ရရှိပြီးနောက် ချင်းပြည်နယ်၊ ဖလမ်းမြို့အား ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ရရှိခဲ့သည်။ တိုက်ပွဲတွင် ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး အပါအဝင်အဖွဲ့များစွာက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။[၄၃၅]
- ကချင်လွတ်မြောက်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ပူးပေါင်းအဖွဲ့များက စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ကို သိမ်းပိုက်ခဲ့သည်။[၄၃၆] ပဲခူး အစုအပြုံလိုက် သတ်ဖြတ်ခံရမှုကို ကျူးလွန်ခဲ့သော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်။[၄၃၇]
- ၁၀ ဧပြီ - အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ မှ ဗိုလ်မှူး သော်ဇင်ဦး လိုက်ပါလာသော ကားအား ပခုက္ကူမြို့တွင် Earthquake People’s Defense Force က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး သော်ဇင်ဦးနှင့် ယာဉ်ပေါ်ပါ နောက်ထပ် အမျိုးသား တစ်ဦးတို့ သေဆုံးခဲ့သည်။[၄၃၈]
- ၁၄ ဧပြီ - ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့သည် ကျုံဒုံးမြို့နှင့် ကော့ကရိတ်မြို့များရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်ခဲ့သည်။[၄၃၉]
- ၁၇ ဧပြီ - ၂၀၂၅ ဖေဖော်ဝါရီတွင် စတင်ခဲ့သော CDF-KKG စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကလေးနှင့် ဂန့်ဂေါမြို့အကြားရှိ စစ်ကောင်စီစခန်းများကို သိမ်းပိုက်ရရှိခဲ့သည်ဟု ချင်းပြည်ကာကွယ်ရေးအဖွဲ့-ကလေး၊ ကဘော်၊ ဂန့်ဂေါ က ကြေညာခဲ့သည်။[၄၄၀]
- ၁၈ ဧပြီ - အပစ်အခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့စာတန်းနှင့် တရုတ်အလံပါ ကားတန်းသည် တရုတ်နိုင်ငံမှ လားရှိုးမြို့တွင်းသို့ ဝင်ရောက်လာခဲ့သည်။[၄၄၁]
- ၂၀ ဧပြီ - နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာဒေသရှိ တိုက်ပွဲများတွင် စစ်ကောင်စီက ဓာတုလက်နက်များ သုံးစွဲခဲ့သည်ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်က စွပ်စွဲခဲ့သည်။[၄၄၂]
- ၂၁ ဧပြီ - လားရှိုးမြို့ပေါ်ရှိ MNDAA အလံများအား ရုပ်သိမ်းပြီး မြို့၏ မြောက်ဘက် ငါးမိုင်အကွာနှင့် တောင်ဘက် သုံးမိုင်အကွာရှိ စစ်ဆေးရေးစခန်းများသို့ MNDAA က ဆုတ်ခွာခဲ့သည်။[၄၄၁]
- ၂၂ ဧပြီ - ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်ပေါင်းစုမှ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU)၊ Special Operation Drone Force (SODF) တို့သည် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့လက်အောက်တွင် ဗျူဟာအမှတ် (၉) အဖြစ် ဖွဲ့စည်းခဲ့သည်။[၄၄၃]
- ၂၆ ဧပြီ - တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးရှိ စစ်ကောင်စီစခန်းအား ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။[၄၄၄]
- ၂၈ ဧပြီ - ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအလောင်းအချို့နှင့် လက်နက်များကို အာရက္ခတပ်တော်က သိမ်းဆည်းရမိခဲ့သည်။[၄၄၅]
- ၂၉ ဧပြီ - စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် ပျံသန်းလာသော စစ်ကောင်စီ၏ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်အား ချင်းအမျိုးသားတပ်မတော်က ပစ်ခတ်ခဲ့ရာ အရေးပေါ် ဆင်းသက်ခဲ့ရသည်။[၄၄၆]
မေ
- ၁ မေ - ငလျင်နောက်ဆက်တွဲ တိုက်တာအဆောက်အအုံများရှင်းလင်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် အပစ်ရပ်ကာလအား မေလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ သက်တမ်းထပ်တိုးကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က မေလ ၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။[၄၄၇]
- ၂ မေ - ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော နေရာ ၆ ခုနှင့် နတ်တလင်းမြို့နယ်ရှိ ရဲကင်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲက ထုတ်ပြန်ခဲ့သည်။[၄၄၈]
- ၈ မေ - ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ပူးပေါင်းအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ၅၉၈ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။[၄၄၉]
- ၆ မေ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ၂၀၂၅ ခုနှစ်၊ မေ ၆ ရက်မှ ၃၁ ရက် အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ကြောင်း ထုတ်ပြန်လိုက်သည်။[၄၅၀]
- ၉ မေ -
- ကရင်အမျိုးသားအစည်းအရုံးနှင့် မဟာမိတ်တပ်ဖွဲ့များသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ထိုင်းမြန်မာ နယ်စပ် ထီးခီး အခြေစိုက်စခန်းကို သိမ်းပိုက်ခဲ့သည်။[၄၅၁]
- နောင်ချိုမြို့နယ်၊ သရက်ချိုရွာအနီးရှိ TNLA ၏ ရှေ့တန်းစခန်းရှစ်ခုကို စစ်ကောင်စီတပ်များက ပြန်လည်သိမ်းပိုက်ခဲ့သည်။[၄၅၂]
- ၁၁ မေ - ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ လိပ်ခမော်နှင့် မလိကျွန်းရွာများသို့ ချီတက်လာသည့် စစ်ကြောင်းအား အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။[၄၅၃]
- ၁၂ မေ - စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ အိုးထိန်းတွင်းကျေးရွာမှ စာသင်ကျောင်းကို ဗုံးကျဲသဖြင့် မေလ ၁၃ ရက် မနက်ပိုင်းအထိ သေဆုံးသူဦးရေ ၂၂ ဦးရှိခဲ့ပြီး၊ အထဲမှ ၂၀ ဦးမှာ ကျောင်းသားကလေးငယ်များဖြစ်ကြသည်။ ကျန်သော ၂ ဦးမှာ ဆရာမများဖြစ်ကြသည်။[၄၅၄] စစ်ကောင်စီကမူ သတင်းမှားဖြစ်သည်ဟုဆိုကာ ငြင်းဆိုထားသည်။[၄၅၅]
- ၁၄ မေ- တမူး ပကဖ အဖွဲ့ဝင် ၁၀ ဦးကို အိန္ဒိယနိုင်ငံ၊ အာသံရိုင်ဖယ်တပ်ရင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။[၄၅၆][၄၅၇]
- ၁၅ မေ -
- စစ်ကောင်စီ၏ ထိုင်းမြန်မာနယ်စပ်ရှိ မယ်လစခန်းကို KNLA က သိမ်းပိုက်ခဲ့သည်။[၄၅၈]
- စစ်ကောင်စီက ၃၉ နှစ်ကြာ တပ်စွဲခဲ့သည့် လှိုင်းဘွဲ့မြို့နယ်ရှိ တညာကျိုး ဗျူဟာစခန်းကို ကရင်တပ်များက သိမ်းပိုက်ခဲ့သည်။[၄၅၉]
- စစ်ကူများနှင့် စစ်ပစ္စည်းများတင်ဆောင်လာသော တပ်မတော် (ရေ)၏ ရေယာဉ်တစ်စီး ကျောက်ဖြူဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည်။[၄၆၀]
- ၁၆ မေ - နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များသည် နွားထိုးကြီးမြို့၏ အရှေ့ဖက်ရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစခန်းမှ ဆုတ်ခွာသွားခဲ့သည်။[၄၆၁]
- ၁၈ မေ - ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နယ်သို့တက်လာသည့် စစ်ကောင်စိစစ်ကြောင်းကို ကလေး- သိုင်းငင်းလမ်းမပေါ် တီးတိန်မြို့အဝင် မွှာလ်ပီးကျေးရွာနှင့် ဟဲန်ဇိန်ရွာကြားတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်များ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေသဖြင့် မေ ၂၁ ရက်မှ ယနေ့အထိ တိုက်ပွဲပြင်းထန်နေသည်။[၄၆၂]
- ၁၉ မေ
- - ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီစခန်းနှစ်ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။[၄၆၃]
- မြန်မာ-အိန္ဒိယနယ်စပ်၊ တမူးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ၁၀ ဦးကို အိန္ဒိယအာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များက ရက်ပိုင်းအတွင်း သတ်ဖြတ်ခဲ့ကြောင်း တမူး PDF အဖွဲ့နှင့် နီးစပ်သူများက ပြောကြားခဲ့သည်။[၄၆၄]
- ၂၀ မေ - ရွှေကူမြို့နယ်တွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စင်းကို ကေအိုင်အေက ပစ်ချခဲ့သည်။[၄၆၅]
- ၃၁ မေ - ၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်နှင့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံတိုးမြှင့်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။[၄၆၆]
ဇွန်
- ၃ ဇွန် - ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်က သေ့ဘောဘိုး မဆုတ်တမ်းခံစစ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) နဲ့ PDF ပူးပေါင်းတပ်ဆီ လက်နက်ချခဲ့သည်။ [၄၆၇]
- ၉ ဇွန် - တအာင်းပြည်၏ တော်လှန်ရေးကာလအတွင်း အမြင့်ဆုံး နိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ပြည်သူ့အစိုးရ ဖွဲ့စည်းနိုင်ရန်အတွက် တအာင်းပြည်ကောင်စီ (Ta'ang Land Council – TLC) ကို ဖွဲ့စည်းလိုက်သည်။[၄၆၈]
- ၁၀ ဇွန် - ထိုင်း - မြန်မာနယ်စပ်၊ ထားဝယ်မြို့နယ်ထဲက အမိုနယ်စပ် (ခေါ်) ပွိုင့် ၂၆၅၅ စစ်ကောင်စီစခန်းကို ကရင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဇွန် ၁၀ ရက်မှာ သိမ်းပိုက်နိုင်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဘက်က ပြောသည်။ [၄၆၉]
- ၁၀ ဇွန် - စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ကန်ထောင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်းကို ယနေ့ (ဇွန်လ ၉ ရက်) နေ့လယ်ပိုင်းက ပစ်ချခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) က ဘီဘီစီကို ပြောကြားခဲ့သည်။ PLA က တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီကမူ ပုလဲမြို့နယ်အတွင်း ပျက်ကျခဲ့သည့် တိုက်လေယာဉ်သည် လေ့ကျင့်ရေးပြုလုပ်နေစဉ် စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဤဖြစ်စဉ်သည် ကန်ထောင့်နယ်မြေရဲစခန်း သိမ်းပိုက်ရေးတိုက်ပွဲအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။[၄၇၀]
- ၁၁ ဇွန် - ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ အမြောက်တပ်ရင်း (၃၄၄) ကို ဇွန်လ ၁၁ ရက်နေ့ ညပိုင်းမှစ၍ အာရက္ခတပ်တော် (AA) ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်နေပြီး တပ်ရင်းအတွင်းအထိ တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် ငသိုင်းချောင်းမြို့ခံများနှင့် ရခိုင်စစ်ရှောင်အများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကာ အဆိုပါတပ်ရင်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်းနှင့် AA က ကျားကိုက်ရွာကို သိမ်းပိုက်ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အမြောက်တပ်ရင်း ၃၄၄ နှင့် ဆက်သွယ်ရေးပြတ်တောက်နေပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။[၄၇၁]
- ၂၀ ဇွန် - စစ်ကိုင်းမြို့နယ်မြောက်ပိုင်းသို့ စစ်တပ်က သံချပ်ကာယာဉ်များဖြင့် စစ်ကြောင်းထိုးလျက်ရှိရာ ဇွန် ၂၀ ရက်၊ နံနက်ပိုင်းတွင် ကျော်ဇေယျာရွာအနီး၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသည်။ ယင်းကြောင့် မန္တလေးနှင့် ရွှေဘိုမြို့များသို့ ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များကို ဆားတောင်မြို့အဝင်နှင့် ရုံးပင်ကန်ရွာတို့မှ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း သိရပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်များ ထိန်းချုပ်ထားသော ဝက်လက်မြို့နယ်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည့် စစ်ကိုင်းမြို့နယ်မြောက်ပိုင်းကို စစ်တပ်က ဇွန်လ ၁၁ ရက်နေ့ကတည်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ပါသည်။ ဇွန်လ ၁၇ ရက်နေ့တွင်မူ အင်အားထပ်မံဖြည့်တင်း၍ အုန်းတောရွာမြောက်ဘက် ရုံးပင်ကန်ရွာမှစတင်ကာ လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထပ်မံထိုးစစ်ဆင်နေခြင်း ဖြစ်သည်။[၄၇၂]
- ၂၂ ဇွန် - တနင်္သာရီတိုင်းရှိ ထားဝယ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့ကို စစ်ကောင်စီက စစ်ကြောင်းထိုး၍ ထိုးစစ်ဆင်နေကြောင်း ဒေသတွင်း ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ၏ ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက စစ်ကောင်စီသည် ထီးခီးနယ်စပ်လမ်းကြောင်းတစ်လျှောက် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် တပ်စခန်းများကို ပြန်လည်ရယူရန်နှင့် ထားဝယ်-ထီးခီး ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အပြည့်အဝ ပြန်လည်စိုးမိုးနိုင်ရန်အတွက် စစ်ကြောင်းထိုးလာခြင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။[၄၇၃]
- ၂၅ ဇွန် - ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်များမှ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ကိုး ခု ကိုဇွန် ၂၅ ရက်နေ့၊ နံနက်အစောပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက် ဝင်ရောက်တိုခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးကာ ရဲအုပ်တစ်ဦးအပါအဝင် စစ်သုံ့ပန်း သုံး ဦးအရှင်ဖမ်းဆီးရမိခဲ့သည်။ တိုက်ခိုက်မှုများကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ-၂၄ အာဠာဝကတပ်ရင်း၊ အမှတ်-၃၅၀၃ တပ်ရင်း၊ ဖြူး(ပကဖ)၊ ဗျူဟာ-၂၅ အမှတ်-၃၇၀၂ တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း-၉၊ ဗျူဟာ-၂၆ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ [၄၇၄] စစ်ဆင်ရေးကို ဗျူဟာ (၂၆) ၏ ကွပ်ကဲမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ဇွန်လ ၂၃ ရက်နေ့တွင် ကျဆုံးသွားသော ရဲဘော်ကျော်စွာအား ဂုဏ်ပြုသောအားဖြင့် “ကျော်စွာစစ်ဆင်ရေး” အဖြစ် သတ်မှတ်ခဲ့သည်။ [၄၇၅]
- ၂၅ ဇွန် - စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေကို စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များအကြား၂၀၂၅ ဇွန် ၂၅ ရက်၊ မနက်ပိုင်းတွင် စစ်ကိုင်းဖက်ဒရယ် ပဉ္စမပုံမှန်အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြသည်။[၄၇၆]
- ၂၉ ဇွန် - တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်ရာ ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လယ်ပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီး နှစ်ဦး နှင့် အမျိုးသား လေးဦး၊ စုစုပေါင်း ခြောက်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။[၄၇၇]
ဇူလိုင်
- ၂ ဇူလိုင် - ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟွာလ်ငိုရမ်ဒေသတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် ဟွာလ်ငိုရမ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဟွာလ်ငိုရမ် CDF က CNDF အား ၎င်းတို့နယ်မြေအတွင်းသို့ ဝင်ရောက်ပြီး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သော်လည်း CNDF ကမူ ဟွာလ်ငိုရမ် CDF က ၎င်းတို့အဖွဲ့ဝင်များကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ [၄၇၈] ဟွာလ်ငိုရမ် CDF နှင့် ဆက်နွှယ်နေသော ချင်းပြည်ကောင်စီက နှစ်ဖက်အဖွဲအစည်းမှ ခေါင်းဆောင်များအနေဖြင့် ပြန်လည်ချေဖျက်မရသည့် ချင်းလူမျိုးအချင်းချင်းကြား ကြီးမားသော စစ်ရေးပဋိပက္ခများကို မဖန်တီးရန်တိုက်တွန်းခဲ့သည်။ ဤအခြေအနေနှင့် ဆန့်ကျင်ဘက်တွင် CNDF နှင့် မဟာမိတ်ဖြစ်သော ချင်းညီနောင်အဖွဲ့ကလည်း တင်းမာမှုလျှော့ချလိုကြောင်း ဖော်ပြခဲ့သော်လည်း ပြင်ပတောင်လှန်ရေးအဖွဲ့အစည်းများက စစ်ရေးအကူအညီများဖြင့် ပါဝင်လာပါက CNDF ဘက်က မားမားမတ်မတ် ရပ်တည်မည်ဟု ထုတ်ပြန်သည်။ [၄၇၉]
- ၂ ဇူလိုင် - ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် နယ်မြေအငြင်းပွားမှုကြောင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် CDF ဟွာလ်ငိုးရမ် (Hualngoram) တပ်ဖွဲ့များအကြား ဇူလိုင် ၂ ရက်နေ့မှ ၃ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ CNDF က CDF ဟွာလ်ငိုးရမ် တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးထားသည်။ နောက်ပိုင်းတွင် ဇူလိုင် ၆ ရက်၊ မနက်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်အတွက် ရာနှင့်ချီသော ဒေသခံများသည် အိန္ဒိယ- မြန်မာ နယ်စပ်ဂိတ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးနေကြသည်။ [၄၈၀]
- ဇူလိုင် ၂ ရက်နှင့် ၃ ရက်တို့ကလည်း ဖလမ်းမြို့နယ်၊ စတွာမ်၊ လျန်နှာ၊ သီးကျီရ် ကျေးရွာများတွင် CNDF နှင့် CDF ဟွာလ်ငိုးရမ်တို့အကြား ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ဇူလိုင် ၃ ရက်တွင် ချင်းညီနောင်အဖွဲ့ (CB) ဝင် CNDF နှင့် ချင်းလဲန်းကောင်စီ (CC) ဝင် CDF ဟွာလ်ငိုးရမ်တို့ နှစ်ဖက်စလုံးက နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။
- ဇူလိုင် ၅ ရက်တွင် ရိခေါ်ဒါရ်မြို့ပေါ်၌ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းသည် CNDF နှင့် CDF ဟွာလ်ငိုးရမ်တို့ ဆွေးနွေးညှိနှိုင်းရန် စီစဉ်နေချိန် ဖြစ်သည်။ CNO/CNDF ၏ ထုတ်ပြန်ချက်အရ CNDF အဖွဲ့ဝင်များ တီးအိုချောင်းရွာတွင် တွေ့ဆုံရန် သွားရောက်စဉ် CDF ဟွာလ်ငိုးရမ်မှ အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း အိန္ဒိယဘက်ခြမ်း ဇိုခေါ်ထာရ်သို့ ကျည်များ ကျရောက်ခဲ့သဖြင့် အိန္ဒိယအာဏာပိုင်များက ပစ်ခတ်မှု ရပ်တန့်ရန် သတိပေးခဲ့ရသည်။ ထို့ပြင် CNDF ကလည်း ဒေသခံများကို မိနစ် ၃၀ အတွင်း အမြန်ဆုံး ထွက်ခွာရန် သတိပေးခဲ့သည်။
- ဇူလိုင် ၆ ရက်တွင် CNDF ဌာနချုပ်အနီးတွင် ချင်းလဲန်းကောင်စီတပ်များပါဝင်သည့် CDF-ဟွာလ်ငိုးရမ်တပ်ဖွဲ့များနှင့် CNDF တို့အကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် ရိခေါ်ဒါရ်မြို့ခံ ၁,၀၀၀ ကျော်သည် မြစ်ကိုဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်ထာရ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ အိန္ဒိယအာဏာပိုင်များကလည်း တိုက်ပွဲဖြစ်ပွားချိန်တွင် နယ်စပ်ဂိတ်တံတားကို ဖွင့်လှစ်ပေးခဲ့သည်။
- ထို့အပြင် ဇူလိုင် ၅ ရက်တွင် ချင်းလဲန်းကောင်စီဝင် CDF မာရာ (CDF Mara) က ချင်းညီနောင်အဖွဲ့ဝင် မာရာလဲန်းကာကွယ်ရေးတပ် (MDF) နှင့် အာရက္ခတပ်တော် (AA) တို့သည် မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ရှိ ၎င်းတို့၏ ဌာနချုပ်ကို ဝင်ရောက်စီးနင်းရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာကြောင်း ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၃ ရက်တွင် MDF နှင့် AA တပ်ဖွဲ့ဝင်များသည် လာအိုကျေးရွာမှ စစ်ကြောင်းထိုးလာပြီး CDF မာရာဌာနချုပ်နှင့် ၁ မိုင်ခန့်အကွာအထိ ရောက်ရှိနေပြီဟု ဆိုသည်။[၄၈၁]
- ၃ ဇူလိုင် - CDF-Hakha Central Council က ဟားခါးမြို့နယ်အတွင်း နေထိုင်သူ လူငယ်အမျိုးသားများ မြို့နယ်ပြင်ပသို့ မထွက်ခွာရန်နှင့် အရံတပ်ဖွဲ့သင်တန်းများ မဖြစ်မနေတက်ရောက်ရန် ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်သည်။[၄၈၂]
- ၇ ဇူလိုင် -၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် “မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်တဲ့ NUG အစိုးရ” ဆိုတဲ့ ခေါင်းစဉ်ဖြင့် မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက “ပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်အထိ ရောက်ရှိအောင် ဦးဆောင်နိုင်ရန် လက်ရှိ NUG အစိုးရသည် ခေါင်းဆောင်မှုစွမ်းရည် လုံလောက်မှုမရှိသေးသောကြောင့် အချိန်မီ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်သည်။” ဟု ရေးသားထောက်ပြသည်။[၄၈၃]
- ၈ ဇူလိုင် - ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်နှင့် ကျင်ဒွေး မြို့နယ်အတွင်းနေထိုင်သည့် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း အခြေခံစစ်သင်တန်း တက်ရောက်ကြရန် Chin Defense Force – Kanpetlet က ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။[၄၈၄]
- ၁၀ ဇူလိုင် - ဇူလိုင် ၅ ရက်နေ့တွင် CNDF မှ ရိဒ်ခေါဒါရ်မြို့ကို ထိန်းချုပ်ခဲ့ပြီး ဖလမ်းမြို့နယ်အတွင်း၌ ချင်းအမျိုးသားတပ်မတော်(CNA) ၊ CDF – Hualngoram နှင့် CNDF တပ်ဖွဲ့ များ တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ဇူလိုင်လ ၁၀ ရက် ညပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။[၄၈၅]
- ၁၁ ဇူလိုင် - စစ်ကိုင်းမြို့နယ် ၊ လင်းတလူးကျေးရွာရှိ စစ်ရှောင်အများစုနေထိုင်သည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ၃၀ ဦးထက်မနည်း သေဆုံးကာ ၂၀ ခန့် အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်။ [၄၈၆]
- ၁၂ ဇူလိုင် - ဥကရစ်ထတိုက်ပွဲ: ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ထိုင်းနယ်စပ်အနီးရှိ စစ်ကောင်စီ အခြေစိုက် ဥကရစ်ထစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေက ၂၀၂၅ ဇူလိုင် ၁၂ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။[၄၈၇]
- ၁၄ ဇူလိုင် - ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ ခဲလုပ်သားတွေ နေထိုင်ရာရပ်ကွက်ထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ခဲလုပ်သားမိသားစု ၆ ဦး သေဆုံးခဲ့သည်။[၄၈၈]
- စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဒိုးပင်ရွာကို ဇူလိုင် ၁၄ ရက် ညနေက လေကြောင်း တိုက်ခိုက်ခံရပြီး စစ်ရှောင်များဖွင့်ထားသည့် ထမင်းဆိုင်အနီး ကျရောက်ပေါက်ကွဲရာ ကလေးငယ် အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရပြီး ဆီဘောက်ဆာကား ၂ စီး မီးလောင်ပျက်စီးခဲ့သည်။ [၄၈၉]
- ၁၅ ဇူလိုင် - ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ ဈေးရပ်ကွက်အပါအဝင် မြို့ပေါ်ဌာနဆိုင်ရာ ရုံးအများစုကို စစ်ကောင်စီတပ်က TNLA တပ်ဖွဲ့ထံမှ ၂၀၂၅ ဇူလိုင် ၁၅ တွင် သိမ်းပိုက်သည်။ [၄၉၀]
- ၁၆ ဇူလိုင် - ကက်သလစ် ဘာသာဝင် ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၈ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်။[၄၉၁]
- ၁၇ ဇူလိုင် - ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သော မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (Maraland Defense Force – MDF) က ၎င်းတို့အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ အပါအဝင် ၃ ဦးကို စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ဇူလိုင်လ ၁၇ ရက်နေ့၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။ အဆိုပါ စစ်အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ကျည်ကာဦးထုပ်နှင့် ကျည်ကာပြားများ တင်ဆောင်လာသော ကားသည် မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟား (Saiha) ခရိုင်၊ တီပါ့ (Tipa) ရွာရှိ မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်တို့ ပူးပေါင်းထားသည့် စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၁၇ ရက်နေ့၊ အိန္ဒိယစံတော်ချိန် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း MDF မှ သိရသည်။[၄၉၂]
- ၁၈ ဇူလိုင် - DPLA (ဓနုအဖွဲ့)မှ အမျိုးသား ငါးဦးနှင့် MDY-PDF အဖွဲ့မှ အမျိုးသား ၁၀ ဦး၊ စုစုပေါင်း ၁၅ ဦးတို့သည် မြန်မာ့တပ်မတော်ဆီသို့ အလင်းဝင်ခဲ့သည်။ ဇူလိုင် ၁၇ ရက်ကလည်း တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသား လေးဦး၊ DPLA အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ငါးဦးနှင့် MDY-PDF အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၁၄ ဦးတို့ပါဝင်သည်။ [၄၉၃]ဇူလိုင်လ ၁၇ ရက်မှ ယနေ့အထိ TNLA အဖွဲ့ဝင် ၄ ဦး ၊ MDY-PDF အဖွဲ့ဝင် ၁၅ ဦးနှင့် DPLA အဖွဲ့ဝင် ၄၁ ဦးဖြစ်ပြီး လက်နက်မျိုးစုံ ၁၃ လက်နှင့် ကျည်မျိုးစုံ ၁၅၁၅ တောင့်၊ ကျည်အိမ် ၁၂ ခုနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ [၄၉၄]
- ၂၂ ဇူလိုင် - စစ်ကောင်စီတပ်များသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ ညပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ သိမ်းယူထားသည့် သပိတ်ကျင်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ [၄၉၅]
- ၂၄ ဇူလိုင် - အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက Suntac Technologies နှင့် ၎င်း၏ပိုင်ရှင် စစ်တိုင်းအောင် အပြင် KT Services & Logistics နှင့် ၎င်း၏ တည်ထောင်သူ မျိုးကျော်သန်း (ဂျွန်သန်း)၊ MCM Group နှင့် ၎င်း၏ပိုင်ရှင် အောင်လှိုင်ဦး အပြင် စီးပွားရေးလုပ်ငန်းရှင် တင်လတ်မင်း တို့ကို အမေရိကန်၏ ပိတ်ဆို့အရေးယူမှုစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။
- ၂၉ ဇူလိုင် - တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ကွတ်ခိုင်နှင့် မိုင်းလုံတို့အပါအဝင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ရှိ လက်ပံလှရဲစခန်းနေရာများကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၁၆ ဦးထက်မနည်းရှိကြောင်း ဘီဘီစီ၏ စုံစမ်းထားသည့် အချက်အလက်များအရ သိရသည်။[၄၉၆]
- စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အရှေ့ပိုင်းရှိ ဆေးရုံတစ်ခု ယမန်နေ့ (ဇူလိုင် ၂၉) ညက လေကြောင်းမှ တိုက်ခိုက်ခံရပြီး ၁၅ ဦးဝန်းကျင် ထိခိုက်သေဆုံးခဲ့သည်။ [၄၉၇]
ဩဂုတ်
- ၅ ဩဂုတ် - ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ဩဂုတ် ၅ ရက်နေ့တွင် ထုတ်ပြန်သည့် "ဝေဟင်နှင့်မြေပြင်ကပ်ဘေးကြားမှ မြေစာပင်ဘဝများ" အစီရင်ခံစာအရ မတ်လ ၂၈ ရက်မှ ဇွန်လကုန်အထိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၇၅၁ ဦး သေဆုံးကာ ၁,၄၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။[၄၉၈]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads